Showing posts with label photo in japan. Show all posts
Showing posts with label photo in japan. Show all posts
,
Posted by
Burma Campaign Japan
|
0
comments
ဂျပန်နိုင်ငံ UN ရုံးရှေ့၌ ပြုလုပ်သော ရွှေဝါရောင်တော်လှန်ရေးကြီး (၂)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား နှင့် နာဂအိဂန်းဂျိ နှစ်ပတ်လည်အခမ်းအနား
ဓာတ်ပုံပေးပို့လာသူ ကိုသန်းဝင်း...။
,
Posted by
Burma Campaign Japan
|
0
comments
8888 အရေးတော်ပုံကြီး(၂၁)နှစ်ပြည့် အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ
ရှစ်လေးလုံး လူထုလှုပ်ရှားမှု ဒီမိုကရေစီ အရေးတော်ပုံကြီး နှစ်ဆယ့်တစ်နှစ်ပြည့် အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲကို လွတ်မြောက်နယ်မြေရှိ နိုင်ငံရေးအဖွဲ့ အစည်းများမှ ဦးဆောင်ကျင်းပရာ ဂျပန်နိုင်ငံရောက် ဒီမိုကရေစီ လိုလားသူပြည်သူများမှတက်ကြွစွာပါဝင်လှုပ်ရှားခဲ့ကြပါသည်..၈၈၈၈ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် လည်းအတူတကွ ပူးပေါင်းပါဝင်..
,
Posted by
Burma Campaign Japan
|
0
comments
24.7.2009 ဂျပန်နိုင်ငံရှိ မြန်မာအခွန်ရုံး(သံရုံး)ရှေ့ ဆန္ဒပြပွဲမှ...
,
Posted by
Burma Campaign Japan
|
0
comments
၆၂ နှစ်ပြည့် အာဇာနည်နေ့  အခမ်းအနား(တိုကျို/ဂျပန်)
၇-၂၀၀၉
(၆၂)နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့နာဂအိတဘရှိရပ်ကွက် ရှိ မြန်မာဘုန်းကြီးကျောင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ )ဂျပန်ဋ္ဌာနခွဲမှ ကြီးမှုး၍ ဆွမ်းဆက်ကပ် လှုဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။၁၉၄၇ဇူလိုင်၁၉ရက်တွင် ကျဆုံးခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ သံဃာတော်များအား ဆွမ်းဆက်ကပ် ရေစက်ချ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ရာ အမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB)၏ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်နှင့် အဖွဲ့အစည်းအသီးသီးမှ ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။
,
Posted by
Burma Campaign Japan
|
0
comments
ဂျပန်-မြန်မာချစ်ကြည်ရေးတည်မြဲပါစေ ကျောက်စာတိုင်သို့ ဂျပန်နိုင်ငံရှိ ဒီမိုကရေစီအဖွဲ့များမှ သွားရောက် ဂုဏ်ပြုကြခြင်းနှင့်၊ အာဇာနည်နေ့အထိမ်းအမှတ် ဆွေးနွေ
မြန်မာ့ပြည် ဗြိတိသျှကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရဲဘော်သုံးကျိပ်တို့ကို စစ်ပညာသင်ပေးခဲ့သည့် ဗိုလ်မှူးကြီးဇူစူးကီး (မြန်မာအမည် ဗိုလ်မိုးကြိုး)နေရပ်ဖြစ်သည့် ဟာမမတ်စူမြို့တွင်တည်ရှိသည့် `ဂျပန်-မြန်မာချစ်ကြည်ရေးတည်မြဲပါစေ`ကျောက်စာတိုင်သို့ ဂျပန်နိုင်ငံရှိ မြန်မာဒီမိုရေစီအဖွဲ့အစည်းအသီသီးမှ သွားရောက်ဂုဏ်ပြုကြခြင်းနှင့်၊ အာဇာနည်နေ့အထိမ်းအမှတ် ဆွေးနွေး ဟောပြောခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါခရီးစဉ်ကို ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်ဌာနခွဲ)တို့မှ ဦးဆောင်၍ သွားရောက်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။
အဆိုပါခရီးစဉ်ကို ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်ဌာနခွဲ)တို့မှ ဦးဆောင်၍ သွားရောက်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။
,
Posted by
Burma Campaign Japan
|
0
comments
ဒီပဲရင်း နိုင်ငံတော်လုပ်ကြံမှုကြီး ၆နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား
၃၀.၅.၂၀၀၉
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆)နှစ် ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၅၀၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့
,
Posted by
Burma Campaign Japan
|
0
comments
ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်စေရေးအတွက် ချီတက်ဆန္ဒပြပွဲဂျပန်နိုင်ငံ(နာဂိုယာမြို့)တွင် ကျင်းပ
ဂျပန်နိုင်ငံနာဂိုယာမြို့ ရှိမြန်မာ့ဒီမိုကရေစီအင်အားစုများ NLD(LA)JBနာဂိုယာစည်းရုံးရေးဒေသနှင့် LDP မှဦးစီး၍ နေအိမ် အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အကျယ်ချုပ်ဖောက်
ဖျက်မှုဖြင့်ရုံးတင်တရားစွဲဆိုသည့်အပေါ်ဆန့်ကျင်သည့်အနေဖြင့်လည်းကောင်း၊အမြန်ဆုံးလွတ်မြောက်စေ
ရေးအတွက် ဂျပန်အစိုးရမှ ထိရောက်သည့်ဖိအားပေးဆောင်ရွက်မှုများ အမြန်ဆုံးအကောင်အထည်ဖော်
ဆောင်ရွက်ပေးရန် ၃၁.မေ.၂၀၀၉ ရက်နေ့၊ နေ့ လည် ၁၂း၀၀ တွင် ဂျပန်နိုင်ငံ (နာဂိုယာမြို့ ) SAKAE - ပန်းခြံ -(Chanel One TV station ဘေး)မှ စတင်ကာ နာဂိုယာမြို့တွင်း၌ လှည့်လည်ချီတက်ဆန္ဒပြခဲ့ရာ ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ မြန်မာအရေးစိတ်ဝင်စားသောဂျပန်များ၊ဂျပန်NGOအဖွဲ့အစည်းများ အယောက် ၇၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
,
Posted by
Burma Campaign Japan
|
0
comments
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲဆိုသည့်အပေါ် ဂျပန်ရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဆန့်ကျင်ဆန္ဒပြ
၁၈-၅-၀၉
နေအိမ် အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲဆိုသည့်အပေါ် ဆန့်ကျင်သည့်အနေဖြင့် ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ဆန္ဒပြခဲ့ကြ ပါသည်။ ထို့နောက်ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုသည့်အပေါ် ဆန့်ကျင်ကြောင်း ကြေငြာချက်ကို မြန်မာသံရုံး (အခွန်ရုံး) မှ တာဝန်ရှိသူများကို ရှေ့ဝင်ပေါက်မှ အော်ခေါ်၍ ပေးအပ်မည်ပြုသော်လည်း သံအမတ်နှင့်တာဝန်ရှိသူများ ထွက်မလာရဲကြ၍ စာတိုက်ပုံးအတွင်းထည့်ထားခဲ့ရပါတယ်။ ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ မြန်မာအရေးစိတ်ဝင်စားသောဂျပန်အဖွဲ့အစည်းများနှင့် ဂျပန်ဘုန်းတော်ကြီးများ အယောက် ၄၅၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့....

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာစာတမ်းအား ထောက်ခံပွဲအခမ်းအနား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာစာတမ်းအား ထောက်ခံပွဲအခမ်းအနား ဂျပန် နိုင်ငံတွင်ကျင်းပ
၁၀ မေ၊၂၀၀၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာစာတမ်းအား ထောက်ခံပွဲအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှကြီးမှူး၍ ဂျပန် နိုင်ငံတွင် ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်ရောက် အဖွဲ့စည်းအသီးသီးမှတာဝန်ရှိသူများမှ ရွှေဂုံတိုင်ကြေညာစာတမ်းအား ချွင်းချက်မရှိ ထောက်ခံခဲ့ကြသည်။
၁၀ မေ၊၂၀၀၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာစာတမ်းအား ထောက်ခံပွဲအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှကြီးမှူး၍ ဂျပန် နိုင်ငံတွင် ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်ရောက် အဖွဲ့စည်းအသီးသီးမှတာဝန်ရှိသူများမှ ရွှေဂုံတိုင်ကြေညာစာတမ်းအား ချွင်းချက်မရှိ ထောက်ခံခဲ့ကြသည်။
,
Posted by
Burma Campaign Japan
|
0
comments
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၁)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ အယောက် ၁၂၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့...
,
Posted by
Burma Campaign Japan
|
2
comments
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၀)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၀)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား ၃၀.၃.၂၀၀၉
(မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၇၀)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ အယောက် ၁၅၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့...
မှတ်ချက်။။ မြန်မာသံရုံး(အခွန်ရုံး)မှ ဒီပဲယင်းလုပ်ကြံမှကြီး (၇၀)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အနေဖြင့်နိုင်ငံတော်အလံကိုတိုင်ဝက်လွှင့်တင်ထားသလား(သို့မဟုတ်)ဗိုလ်ချုပ်မှူးကြီးသန်းရွှေပဲ ရှောသွား၍ နိုင်ငံတော်အလံကိုတိုင်ဝက်လွှင့်တင်ထားသလားစဉ်းစားစရာပါ
,
Posted by
Burma Campaign Japan
|
0
comments
တိုကျို၊ဂျပန်၌(၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ဂျပန်ရောက်မြန်မာဒီမိုကရေစီလုပ်ရှားသည်အဖွဲ့စည်အသီးသီးများမှ ပူးပေါင်း၍ ကျင်းပခဲ့
တိုကျို၊ဂျပန်၌(၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ဂျပန်ရောက်မြန်မာဒီမိုကရေစီလုပ်ရှားသည်အဖွဲ့စည်အသီးသီးများမှ ပူးပေါင်း၍ ကျင်းပခဲ့
၂၇.၃.၂၀၀၉တိုကျို၊ဂျပန်၌(၆၄) နှစ်မြောက်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်ရောက်မြန်မာဒီမိုကရေစီလုပ်ရှားသည်အဖွဲ့စည်အသီးသီးများမှ ပူးပေါင်း၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဂျပန် ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများ အယောက် ၁၆၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့....