,
Posted by
Burma Campaign Japan
|
0
comments
Skype, Pfingo, VZO,Gtalk သုံးနေတယ် မဟုတ်လား၊ဖမ်းမှာတဲ့...
,
Posted by
Burma Campaign Japan
|
1 comments
နည်းပညာနှင့် အာဏာရှင်တို့၏ သဘောထား
ကမ္ဘာတလွှားက လူငယ်များသည် နည်းပညာကို အသုံးချကာ သူတို့ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေကြချိန်တွင် မြန်မာနိုင်ငံမှ လူငယ်များသည် နည်းပညာကို ထိရောက်စွာ အသုံးချနိုင်ဖို့ အသာထား လူအသုံးများသည့် Gmail ကိုပင် ကြည့်ရန် ခက်ခဲလှသည့် လိပ်လိုသွားသော ကော်နက်ရှင်၏ နှိပ်စက်မှု အောက်တွင် ဒုက္ခများစွာ ရောက်၍ တန်ဖိုးရှိသော အချိန်များစွာကို ဖြုန်းတီးပစ်လိုက်ကြရသည် ။ နည်းပညာကို အသုံးချကာ ပညာဆည်းပူးလိုသော သူများ ၊ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေသူများ ၊ သတင်း အချက် အလက် ရှာဖွေသူများ သာမကာ ရပ်ဝေးရောက် မိဘဆွေမျိုး ညီအစ်ကို မောင်နှမများနှင့် ဆက်သွယ်ရာ၌ ကြားခံပစ္စည်း အဖြစ် အသုံးပြုနေရသော အင်တာနက်ကို ပိတ်ပင် တားဆီးမှုများသည် တနည်းအားဖြင့် လူ့အခွင့်အရေးကို ထိပါး စော်ကားခြင်းပင် ဖြစ်လေသည် ။
အဝေးရောက် မိဘနှင့်သားသမီး ၊ ညီအစ်ကို မောင်နှမ ၊ ဇနီးနှင့်ခင်ပွန်း ၊ ချစ်ခင်သူ စုံတွဲများမှာ မြင့်မားလှသော ဆက်သွယ်ရေး ကုန်ကျစရိတ်ကို မတတ်နိုင်၍ ဈေးနှုန်း ချိုသာလှသော Gtalk , VZO အစရှိသည့် အင်တာနက်ကို အခြေခံထားသည့် ဆက်သွယ်မှုကို အားကိုးနေရသည့် အချိန်တွင် ပြည်သူလူထု ဒုက္ခရောက်မှ ကြည်နူးရသည့် အစိုးရက သူတို့ တောင်းသမျှ ပေးမှ တပ်ဆင်ခွင့်ရသည့် အင်တာနက်ကို အသုံးပြုခြင်းသည် သူတို့ဝင်ငွေ ထိခိုက်သည်ဟု ဆိုကာ ထပ်မံ တားမြစ်လိုက်ပြန်သည် ။ သဘာဝ သယံဇာတများကို ရောင်းချကာ ရရှိသမျှကိုသူတို့ အိတ်ကပ်ထဲ ထည့်ထားသည့် အာဏာရှင်များ အနေဖြင့် ဒီကိစ္စလေးမှ ရသည့် ၀င်ငွေသည် သူတို့ သားသမီးများ၏ မုန့်ဖိုးပင် ရှိမည် မထင်ပါ ။ ထိုကိစ္စသည် အပေါ်ယံတွေးလျှင် ရိုးရိုးလေး ဖြစ်သော်လည်း သေသေချာချာ စေ့စေ့စပ်စပ်တွေးကြည့်လျှင် သွေးရိုးသားရိုး မဟုတ်ပါ ။ နည်းပညာကို အခြေခံထားသည့် ကွန်ယက်များ ဆက်လက်ပြန့်ပွားမည်ကို စိုးရိမ်သည့် သူတို့၏ သောကကို ဖော်ထုတ် ပြသလိုက်တာ ဖြစ်နိုင်သလို လူထု၏ စည်းလုံးညီညွတ်မှု ကို သိချင်၍ စမ်းသပ်လိုက်ခြင်းလည်း ဖြစ်နိုင်ပါသည် ။
လက်ရှိ စစ်အာဏာရှင်များ၏ အရေခွံလဲကာ အသွင်ပြောင်း အုပ်ချုပ်မှုပုံစံ စတင်အသက်သွင်းပြီးသည့် အချိန်မှ စ၍ ပြည်သူလူထု၏ ဘ၀ သည် ပိုမိုဒုက္ခရောက်ကာ ဆင်းရဲ ကြပ်တည်းလာသည့် အပြင် ချုပ်ခြယ်မှု မျိုးစုံ အဖုံဖုံနှင့် ဆက်လက် ဒုက္ခပေးရန် ကြံစည် လုပ်ဆောင်လာသည်ကို တွေ့ရှိခဲ့ရလေလေည် ။ သူတို့၏ စိတ်နေစိတ်ထားမှာ လုံးဝ ပြောင်းလဲခြင်း မရှိသည့် အပြင် ပိုမိုဆိုးဝါးသည့် ပုံစံတခုကို အသက်သွင်းရန် လူထုလည်ပင်းကို တရစ်ပြီး တရစ် ကြိုးကွင်း စွပ်လျှက် ရှိသည်ကို သူတို့ ထုတ်ပြန်ထားသော ဥပဒေများက သက်သေခံထားပါလျှက် ကျွန်ူပ်တို့က သိသိကြီးနဲ့ ခေါင်းငုံ့ခံလိုက်လျှင် လွန်စွာ မှပင် ဆိုးရွားသော ဒုက္ခများကို မကြာခင် ခါးသီးစွာ ခံစားရတော့မည် ဖြစ်ပါသည် ။
ယနေ့ မြန်မာနိုင်ငံမှ လူငယ်များသာ မက လူလတ် ၊ လူကြီး အသက်အရွယ်အပိုင်းအခြား မရှိ အသုံးပြုနေကြသော ဈေးနှုန်းချိုသာသည့် အင်တာနက်ကို အခြေခံထားသည့် ဆက်သွယ်ရေး ကွန်ယက်များသည် သူတို့ အကျိုးစီးပွားအား ထိခိုက်သည်ဟု အကြောင်းပြကာ ပိတ်ပင် တားဆီးမှုသည် ပြည်သူလူထုအား တိုက်ရိုက် အနိုင်ကျင့် ဗိုလ်ကျကာ စော်ကားလိုက်ခြင်း ပင်ဖြစ်လေသည် ။ မိတ်ဆွေတို့ မှတ်မိအုံးမည် ထင်ပါသည် ။ မြန်မာနိုင်ငံတွင် စစ်မှု မထမ်းမနေရ စနစ်ကို အတည်ပြုရန် ရေးဆွဲထားသည့် ဥပဒေနှင့် ယခု ထုတ်ပြန်လိုက်သော ဥပဒေတို့သည် ပြည်သူလူထု အား သွေးတိုးစမ်းနေခြင်းပင် ဖြစ်သည် ။ ထိုသို့ တရားမျှတမှု မရှိသည့် ဥပဒေများကို လက်ခံထားပါက မကြာခင် အချိန်ကာလမှာ လူထုတရပ်လုံး ဗြောင်းဆန်အောင် ဒုက္ခ ခံစားကြရတော့မည် ဖြစ်၍ အထူး သတိထားစေချင်ပါသည် ။
အရှေ့အလယ်ပိုင်း တခွင်တွင် အာဏာရှင် ဆန့်ကျင်ရေး လုပ်ရှားမှုများ ပြင်းထန်စွာ တိုက်ပွဲဝင်နေချိန်တွင် ၀န်ထမ်းများကို လစာတိုးပေးမည်ဟု တဖက်က အကြောင်းပြလျှက် တဖက်က ကုန်ဈေးနှုန်းတိုးမြှင့်၍ တော်လှန်ရေး ဘက်ကို အာရုံမရောက်အောင် ဆွဲထိန်းထားလိုက်သည်။ လက်ရှိ အချိန်အခါတွင် နည်းပညာကို အသုံးချလျှက် လူထုကို စည်းရုံးကာ ပြည်တွင်းတွင် တော်လှန်ရေး တရပ် ဆင်နွှဲနိုင်အောင် ကြိုးစားနေကြခြင်းသည် ပြည်သူလူထု ထံသို့ အဘယ်မျှ ခရီးပေါက်သည်ကို မသိရှိရသော်လည်း စစ်အာဏာရှင်များ အသိုင်းအ၀ိုင်းတွင် ထိုကိစ္စသည် ရေပန်းစားလျှက် ရှိသည် ။ မဟုတ်တာမှန်သမျှ အကုန်လုပ်၍ မတရားသည့် ဥပဒေများကို မျိုးစုံပြဌာန်းကာ ကိုယ်ကျိုးအတ္တ အတွက် တိုင်းပြည်ကို ဖျက်စီးနေသောသူများ ၏ စိတ်သည် အမြဲတစေ ထိတ်လန့်၍ နေပေသည် ။ ထို့ကြောင့် ယခု ထုတ်ပြန်သော ဥပဒေသည် သူတို့ ရင်ထဲက အကြောက်တရားကြောင့် လူငယ်များနှင့် နည်းပညာ ထိစပ်၍ မရအောင် တားမြစ်လိုက်ခြင်း ဖြစ်ပေသည် ။
နောက်ထူးခြားချက် တခုကတော့ နံမည်ကြီး အနုပညာရှင်များ နှင့် အာဏာရှင်တို့ ပူးပေါင်းကာ လူငယ်များ တော်လှန်ရေးကို စိတ်ဝင်စားမှု နည်းစေရန် နံမည်ကြီး အနုပညာရှင်များ သေဆုံးသွားသည် ဆိုသည့်လုပ်ကြံသတင်း ဖြန့်ဝေလိုက်ကာ အာဏာရှင်တို့ လှည့်ကွက်ထွင်လိုက်ပေသည် ။ ထိုကိစ္စသည် ကျနော် ရမ်းပြောနေခြင်း မဟုတ်ပါ ။ ထိုသတင်း ထွက်ပေါ်ပြီး နှစ်ရက်ခန့် အကြာမှာ စစ်အာဏာရှင်၏ မြေးနှင့် အနုပညာရှင် နှစ်ယောက် ပူးတွဲကာ ရိုက်ထာသည့် ဓါတ်ပုံက သက်သေခံနေပါတယ် ။ ပြည်သူလူထု ပရိတ်သတ်က လက်ခံ အားပေး၍ နံမည်ကျော်ကြား လူကြိုက်များလာသော အနုပညာရှင်များသည် သူတို့ကို ချစ်သော ပရိတ်သတ်များ စိုးရိမ်ပူပန်မှုကို အသုံးချကာ ပြည်သူတို့အား လုပ်ကြံရက်ကြလေသည် ။ သူတို့ ဒီကိစ္စ မလုပ်ဆောင်၍ ထမင်းမငတ် နိုင်သလို လက်ရှိ စည်းစိမ်လည်း လျော့ပါးသွားမည် မဟုတ်သော်လည်း ပိုမို စည်းစိမ် ချမ်းသာ ရလိုဇောနှင့် ပြည်သူလူထု ဘ၀ ပိုမို ဒုက္ခရောက်အောင် မဟုတ်မမှန် လုပ်ကြံသတင်းများ ဆင်၍ လူထု၏ အသိဥဏ်အား အာဏာရှင်တို့နှင့် ပူးပေါင်းကာ အဆိပ်ခတ်ကြလေသည် ။
ကျနော်တို့ အနေဖြင့် နည်းပညာကို အသုံးချကာ ညီညီညွတ်ညွတ် လုပ်ကိုင်နိုင်လျှင် တိုင်းပြည် အတွက် လွန်စွာ အကျိုးများမည် မှာ အသေအချာ ဖြစ်သောကြောင့် လူငယ်များကို တခုလောက် လေးစားစွာ မေတ္တာရပ်ခံပါရစေ ။ ပြင်ပတော်လှန်ရေး မစတင်နိုင်သေးပေမယ့် အွန်လိုင်းမှာ စုစည်းမှု ရယူကာ စည်းလုံးညီညွတ်မှု ကို ရယူထားနိုင်လျှင် အာဏာရှင်တို့ သွေးပျက်ခြောက်ခြား သွားမည်မှာ အမှန်ဖြစ်သော ကြောင့် စည်းလုံးမှုလေး ရှိစေချင်ပါတယ် ။ တစ်ယောက်နဲ့ တစ်ယောက် မသိကြပေမယ့် သူစိမ်းဆိုတာ မရင်းနှီးခင်က ပါ ဆိုတဲ့ အတိုင်းဘဲ တဖြည်းဖြည်း ထိစပ်မှု ရှိလာတဲ့ အခါ ပိုမိုရင်းနှီး ကျွမ်းဝင်လာမှာ အသေအချာပါဘဲ ။ ဒါကြောင့် ပြင်ပတော်လှန်ရေး ထိထိရောက်ရောက် မစတင်နိုင်သေးခင်မှာ နည်းပညာကို အခြေခံထားတဲ့ အွန်လိုင်းတော်လှန်ရေးမှာတော့ စည်းလုံးညီညွတ်စွာနဲ့ ပါဝင် ဆင်နွှဲစေချင်ပါတယ် ။
ဒီလို စည်းလုံး ညီညွတ်မှုကိုသာ ပြဆိုနိုင်ခဲ့လျှင် အာဏာရှင်တို့သည် လူထုအား ထပ်မံ အနိုင်ကျင့်စော်ကားသည် ဥပဒေများ တခုပြီး တခု ရေးဆွဲနေခြင်းကို ထိရောက်စွာ ဟန့်တားနိုင်မည် မှာ အသေအချာ ပင်ဖြစ်ပါသည် ။ ထိုသို့ မဟုတ်ဘဲ နေရာတကာ အကြောက်တရားလွှမ်းမိုးနေကြလျှင် ရှေ့လျှောက် ကြုံတွေ့ရမည့် အခက်အခဲများကား လွန်စွာမှ ပင် များပြားလှပေသည် ။ နောက်တချက်က အရွယ်ရောက်သူတိုင်း စစ်မှု မထမ်းမနေရ စနစ်ကြီးတွင် အမျိုးသမီးများ ကိုပါ ထည့်သွင်းရေးဆွဲထားခြင်းသည် ယနေ့အခါတွင် အများသူဌာ သိကြတဲ့ အတိုင်း အကျင့်စာရိတ္တ ပျက်ပြားနေသော တပ်မတော်သား အချို့၏ လူမဆန်သော လုပ်ရပ်များကို ဥပမာထား ကြည့်ပါက မိန်းမပျိုလေးများ အတွက် လွန်စွာမှ ပင် အန္တာရယ် ကြီးမားလွန်းလှပေသည်ကို သေချာစွာ ဆင်ခြင် တွေးတော စေချင်ပါသည် ။
စစ်အာဏာရှင်များ၏ ယုတ်မာ ကောက်ကျစ်သော စိတ်ထားများဖြင့် မဟုတ်မမှန် လုပ်ကြံသတင်းများကိုပင် ပြည်သူ့လူထုက လက်ခံကြသေးလျှင် စိတ်ကောင်းစေတနာကောင်းဖြင် ဒီစနစ်ဆိုးအောက်မှ လွတ်မြောက်အောင် ရုန်းထွက်ကြဖို့ လမ်းပြပြောဆိုမှုများ ဘာကြောင့် အောင်မြင်မှု မရှိမှာ စိုးရိမ်နေကြပါသနည်း ။ မည်သည့်အရာမှ အစဉ်မမြဲ သည့် လူ့ဘောင်လောက တွင် အာဏာရှင် စနစ် တည်မြဲနေပါမည်ဟု ဘာကြောင့် လက်ခံထားကြပါသနည် ။ ညီညွတ်မှု ရှိလျှင် တော်လှန်ရေး အောင်မြင်မည်ဟု ယူဆကြလျှင် ညီညွတ်မှုကို ဆောက်တည်ရန် မကြိုးစားကြဘဲ ဘာကြောင့် စည်းလုံးမှုကို ပျက်ပြားစေမည့် လုပ်ရပ်များ လုပ်ဆောင်နေကြပါသနည် ။
ယခင်က မစည်းလုံးခဲ့လျှင် ယခုအခါ စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြ၍ အာဏာရှင် စနစ်အောက်မှ လွတ်မြောက်အောင် ရုန်းထွက်စေလိုပါသည် ။ သေချာစွာ စေ့စေ့စပ်စပ် သုံးသပ်ကြည့် လျှင် တနိုင်ငံလုံးကို အသာထား ရန်ကုန်တိုင်း တမြို့နယ်လုံးမှ လူများကိုပင် ဖမ်းဆီး ချုပ်နှောင်၍ အကျဉ်းချရန် မဖြစ်နိုင်ပါ ။ ထိုကြောင့် ကြောက်ရွှံ့စိတ်ကို မောင်းထုတ်၍ အာဏာရှင် စနစ်က ထုတ်ပြန်သည့် မတရားသည့် ဥပဒေမှန်သမျှကို ညီညာစွာ ငြင်းဆန်နိုင်ရန် ကြိုးစားစေချင်ပါသည် ။ အသက်အရွယ်ကြီးသူ မိဘ ၊ ဆရာ နေရာ ရောက်နေသူများ အနေဖြင့်လည်း မိမိတို့၏ သားသမီးများ ၊ တပည့်များကို ကို စိုးရိမ်သည့် စိတ်များကြောင့် နိုင်ငံရေး ဆိုသော ဝေါဟာရ အဓိပ္ပာယ်ကို ကြောက်ရွှံ့သည့် စိတ်များဖြင့် ကိုယ်တိုင် ဖွင့်ဆို၍ လူငယ်မျိုးဆက်သစ်များ၏ အနာဂတ်ကို အာဏာရှင်တို့ နှင့် ပူးပေါင်းကာ အသေသတ်ရန် ကြံစည်နေသည့် လုပ်ရပ်များကို အထူးရှောင်ရှားစေလိုပါသည် ။ ထိုသို့ မဟုတ်ဘဲ လူငယ်မျိုးဆက်သစ်များ၏ အသိဥာဏ်ထဲသို့ အကြောက်တရားများ ထပ်မံထည့်သွင်းနေကြလျှင် နောင်အခါ ကြီးမားသည့် ဒုက္ခဆိုးများကို ကြုံတွေ့ရမှ နောင်တရ ကြပေအုံးမည် ။
ယနေ့အချိန်အခါတွင် ကမ္ဘာအရပ်ရပ်၌ အာဏာရှင် စနစ်များ အဆုံးသတ်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသည်ကို စိုးရိမ်သောက ပွားလျှက် မြန်မာနိုင်ငံမှာ ထိုသို့သော ဆန့်ကျင်မှု များ ဖြစ်လာမည်ကို အကြောက်ကြီး ကြောက်၍ သွေးရူးသွေးတန်းဖြင့် ပြည်သူ လူထု လက်မခံနိုင်သည့် ဥပဒေများ ထုတ်ပြန်နေသည့် အချိန်ကာလကို အမိအရ အသုံးချကာ လူငယ်များ အနေဖြင့် တော်လှန်ရေးကို စတင် ဆင်နွှဲနိုင်အောင် ကြိုးပမ်းကြ၍ မိဘဆရာသမား များကလည်း လိုအပ်သည့် နေရာမှ ၀ိုင်းဝန်းကာ ကူညီထောက်ပံ့ပေးကြလျှင် မြန်မာပြည်တွင် ခေတ်စားနေသည့် အာဏာရှင် စနစ်အောက်မှ လွတ်မြောက်မည်မှာ အမှန်ပင်ဖြစ်ပါသည် ။ ထို့ကြောင့် လွတ်လပ်၍ တရားမျှတကာ ခေတ်မှီ ဖွံ့ဖြိုးသော စစ်မှန်သော ဒီမိုကရေစီ စနစ်ကို အခြေခံသည့် နိုင်ငံတခုကို တည်ဆောက်နိုင်ဖို့ အတွက် အာဏာရှင် စနစ်ကို ဆန့်ကျင်သည့် လုပ်ရပ်များ ညီညွတ်စွာ စတင် လုပ်ကိုင် ဆောင်ရွက်ကြ၍ ရှေ့သို့ ချီတက်ကြပါစို့..............။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
http://www.facebook.com/ notes.php?drafts&id= 100000010222133#!/pages/Red- Rose-Revolution-3-R-/ 160378190683665
အဝေးရောက် မိဘနှင့်သားသမီး ၊ ညီအစ်ကို မောင်နှမ ၊ ဇနီးနှင့်ခင်ပွန်း ၊ ချစ်ခင်သူ စုံတွဲများမှာ မြင့်မားလှသော ဆက်သွယ်ရေး ကုန်ကျစရိတ်ကို မတတ်နိုင်၍ ဈေးနှုန်း ချိုသာလှသော Gtalk , VZO အစရှိသည့် အင်တာနက်ကို အခြေခံထားသည့် ဆက်သွယ်မှုကို အားကိုးနေရသည့် အချိန်တွင် ပြည်သူလူထု ဒုက္ခရောက်မှ ကြည်နူးရသည့် အစိုးရက သူတို့ တောင်းသမျှ ပေးမှ တပ်ဆင်ခွင့်ရသည့် အင်တာနက်ကို အသုံးပြုခြင်းသည် သူတို့ဝင်ငွေ ထိခိုက်သည်ဟု ဆိုကာ ထပ်မံ တားမြစ်လိုက်ပြန်သည် ။ သဘာဝ သယံဇာတများကို ရောင်းချကာ ရရှိသမျှကိုသူတို့ အိတ်ကပ်ထဲ ထည့်ထားသည့် အာဏာရှင်များ အနေဖြင့် ဒီကိစ္စလေးမှ ရသည့် ၀င်ငွေသည် သူတို့ သားသမီးများ၏ မုန့်ဖိုးပင် ရှိမည် မထင်ပါ ။ ထိုကိစ္စသည် အပေါ်ယံတွေးလျှင် ရိုးရိုးလေး ဖြစ်သော်လည်း သေသေချာချာ စေ့စေ့စပ်စပ်တွေးကြည့်လျှင် သွေးရိုးသားရိုး မဟုတ်ပါ ။ နည်းပညာကို အခြေခံထားသည့် ကွန်ယက်များ ဆက်လက်ပြန့်ပွားမည်ကို စိုးရိမ်သည့် သူတို့၏ သောကကို ဖော်ထုတ် ပြသလိုက်တာ ဖြစ်နိုင်သလို လူထု၏ စည်းလုံးညီညွတ်မှု ကို သိချင်၍ စမ်းသပ်လိုက်ခြင်းလည်း ဖြစ်နိုင်ပါသည် ။
လက်ရှိ စစ်အာဏာရှင်များ၏ အရေခွံလဲကာ အသွင်ပြောင်း အုပ်ချုပ်မှုပုံစံ စတင်အသက်သွင်းပြီးသည့် အချိန်မှ စ၍ ပြည်သူလူထု၏ ဘ၀ သည် ပိုမိုဒုက္ခရောက်ကာ ဆင်းရဲ ကြပ်တည်းလာသည့် အပြင် ချုပ်ခြယ်မှု မျိုးစုံ အဖုံဖုံနှင့် ဆက်လက် ဒုက္ခပေးရန် ကြံစည် လုပ်ဆောင်လာသည်ကို တွေ့ရှိခဲ့ရလေလေည် ။ သူတို့၏ စိတ်နေစိတ်ထားမှာ လုံးဝ ပြောင်းလဲခြင်း မရှိသည့် အပြင် ပိုမိုဆိုးဝါးသည့် ပုံစံတခုကို အသက်သွင်းရန် လူထုလည်ပင်းကို တရစ်ပြီး တရစ် ကြိုးကွင်း စွပ်လျှက် ရှိသည်ကို သူတို့ ထုတ်ပြန်ထားသော ဥပဒေများက သက်သေခံထားပါလျှက် ကျွန်ူပ်တို့က သိသိကြီးနဲ့ ခေါင်းငုံ့ခံလိုက်လျှင် လွန်စွာ မှပင် ဆိုးရွားသော ဒုက္ခများကို မကြာခင် ခါးသီးစွာ ခံစားရတော့မည် ဖြစ်ပါသည် ။
ယနေ့ မြန်မာနိုင်ငံမှ လူငယ်များသာ မက လူလတ် ၊ လူကြီး အသက်အရွယ်အပိုင်းအခြား မရှိ အသုံးပြုနေကြသော ဈေးနှုန်းချိုသာသည့် အင်တာနက်ကို အခြေခံထားသည့် ဆက်သွယ်ရေး ကွန်ယက်များသည် သူတို့ အကျိုးစီးပွားအား ထိခိုက်သည်ဟု အကြောင်းပြကာ ပိတ်ပင် တားဆီးမှုသည် ပြည်သူလူထုအား တိုက်ရိုက် အနိုင်ကျင့် ဗိုလ်ကျကာ စော်ကားလိုက်ခြင်း ပင်ဖြစ်လေသည် ။ မိတ်ဆွေတို့ မှတ်မိအုံးမည် ထင်ပါသည် ။ မြန်မာနိုင်ငံတွင် စစ်မှု မထမ်းမနေရ စနစ်ကို အတည်ပြုရန် ရေးဆွဲထားသည့် ဥပဒေနှင့် ယခု ထုတ်ပြန်လိုက်သော ဥပဒေတို့သည် ပြည်သူလူထု အား သွေးတိုးစမ်းနေခြင်းပင် ဖြစ်သည် ။ ထိုသို့ တရားမျှတမှု မရှိသည့် ဥပဒေများကို လက်ခံထားပါက မကြာခင် အချိန်ကာလမှာ လူထုတရပ်လုံး ဗြောင်းဆန်အောင် ဒုက္ခ ခံစားကြရတော့မည် ဖြစ်၍ အထူး သတိထားစေချင်ပါသည် ။
အရှေ့အလယ်ပိုင်း တခွင်တွင် အာဏာရှင် ဆန့်ကျင်ရေး လုပ်ရှားမှုများ ပြင်းထန်စွာ တိုက်ပွဲဝင်နေချိန်တွင် ၀န်ထမ်းများကို လစာတိုးပေးမည်ဟု တဖက်က အကြောင်းပြလျှက် တဖက်က ကုန်ဈေးနှုန်းတိုးမြှင့်၍ တော်လှန်ရေး ဘက်ကို အာရုံမရောက်အောင် ဆွဲထိန်းထားလိုက်သည်။ လက်ရှိ အချိန်အခါတွင် နည်းပညာကို အသုံးချလျှက် လူထုကို စည်းရုံးကာ ပြည်တွင်းတွင် တော်လှန်ရေး တရပ် ဆင်နွှဲနိုင်အောင် ကြိုးစားနေကြခြင်းသည် ပြည်သူလူထု ထံသို့ အဘယ်မျှ ခရီးပေါက်သည်ကို မသိရှိရသော်လည်း စစ်အာဏာရှင်များ အသိုင်းအ၀ိုင်းတွင် ထိုကိစ္စသည် ရေပန်းစားလျှက် ရှိသည် ။ မဟုတ်တာမှန်သမျှ အကုန်လုပ်၍ မတရားသည့် ဥပဒေများကို မျိုးစုံပြဌာန်းကာ ကိုယ်ကျိုးအတ္တ အတွက် တိုင်းပြည်ကို ဖျက်စီးနေသောသူများ ၏ စိတ်သည် အမြဲတစေ ထိတ်လန့်၍ နေပေသည် ။ ထို့ကြောင့် ယခု ထုတ်ပြန်သော ဥပဒေသည် သူတို့ ရင်ထဲက အကြောက်တရားကြောင့် လူငယ်များနှင့် နည်းပညာ ထိစပ်၍ မရအောင် တားမြစ်လိုက်ခြင်း ဖြစ်ပေသည် ။
နောက်ထူးခြားချက် တခုကတော့ နံမည်ကြီး အနုပညာရှင်များ နှင့် အာဏာရှင်တို့ ပူးပေါင်းကာ လူငယ်များ တော်လှန်ရေးကို စိတ်ဝင်စားမှု နည်းစေရန် နံမည်ကြီး အနုပညာရှင်များ သေဆုံးသွားသည် ဆိုသည့်လုပ်ကြံသတင်း ဖြန့်ဝေလိုက်ကာ အာဏာရှင်တို့ လှည့်ကွက်ထွင်လိုက်ပေသည် ။ ထိုကိစ္စသည် ကျနော် ရမ်းပြောနေခြင်း မဟုတ်ပါ ။ ထိုသတင်း ထွက်ပေါ်ပြီး နှစ်ရက်ခန့် အကြာမှာ စစ်အာဏာရှင်၏ မြေးနှင့် အနုပညာရှင် နှစ်ယောက် ပူးတွဲကာ ရိုက်ထာသည့် ဓါတ်ပုံက သက်သေခံနေပါတယ် ။ ပြည်သူလူထု ပရိတ်သတ်က လက်ခံ အားပေး၍ နံမည်ကျော်ကြား လူကြိုက်များလာသော အနုပညာရှင်များသည် သူတို့ကို ချစ်သော ပရိတ်သတ်များ စိုးရိမ်ပူပန်မှုကို အသုံးချကာ ပြည်သူတို့အား လုပ်ကြံရက်ကြလေသည် ။ သူတို့ ဒီကိစ္စ မလုပ်ဆောင်၍ ထမင်းမငတ် နိုင်သလို လက်ရှိ စည်းစိမ်လည်း လျော့ပါးသွားမည် မဟုတ်သော်လည်း ပိုမို စည်းစိမ် ချမ်းသာ ရလိုဇောနှင့် ပြည်သူလူထု ဘ၀ ပိုမို ဒုက္ခရောက်အောင် မဟုတ်မမှန် လုပ်ကြံသတင်းများ ဆင်၍ လူထု၏ အသိဥဏ်အား အာဏာရှင်တို့နှင့် ပူးပေါင်းကာ အဆိပ်ခတ်ကြလေသည် ။
ကျနော်တို့ အနေဖြင့် နည်းပညာကို အသုံးချကာ ညီညီညွတ်ညွတ် လုပ်ကိုင်နိုင်လျှင် တိုင်းပြည် အတွက် လွန်စွာ အကျိုးများမည် မှာ အသေအချာ ဖြစ်သောကြောင့် လူငယ်များကို တခုလောက် လေးစားစွာ မေတ္တာရပ်ခံပါရစေ ။ ပြင်ပတော်လှန်ရေး မစတင်နိုင်သေးပေမယ့် အွန်လိုင်းမှာ စုစည်းမှု ရယူကာ စည်းလုံးညီညွတ်မှု ကို ရယူထားနိုင်လျှင် အာဏာရှင်တို့ သွေးပျက်ခြောက်ခြား သွားမည်မှာ အမှန်ဖြစ်သော ကြောင့် စည်းလုံးမှုလေး ရှိစေချင်ပါတယ် ။ တစ်ယောက်နဲ့ တစ်ယောက် မသိကြပေမယ့် သူစိမ်းဆိုတာ မရင်းနှီးခင်က ပါ ဆိုတဲ့ အတိုင်းဘဲ တဖြည်းဖြည်း ထိစပ်မှု ရှိလာတဲ့ အခါ ပိုမိုရင်းနှီး ကျွမ်းဝင်လာမှာ အသေအချာပါဘဲ ။ ဒါကြောင့် ပြင်ပတော်လှန်ရေး ထိထိရောက်ရောက် မစတင်နိုင်သေးခင်မှာ နည်းပညာကို အခြေခံထားတဲ့ အွန်လိုင်းတော်လှန်ရေးမှာတော့ စည်းလုံးညီညွတ်စွာနဲ့ ပါဝင် ဆင်နွှဲစေချင်ပါတယ် ။
ဒီလို စည်းလုံး ညီညွတ်မှုကိုသာ ပြဆိုနိုင်ခဲ့လျှင် အာဏာရှင်တို့သည် လူထုအား ထပ်မံ အနိုင်ကျင့်စော်ကားသည် ဥပဒေများ တခုပြီး တခု ရေးဆွဲနေခြင်းကို ထိရောက်စွာ ဟန့်တားနိုင်မည် မှာ အသေအချာ ပင်ဖြစ်ပါသည် ။ ထိုသို့ မဟုတ်ဘဲ နေရာတကာ အကြောက်တရားလွှမ်းမိုးနေကြလျှင် ရှေ့လျှောက် ကြုံတွေ့ရမည့် အခက်အခဲများကား လွန်စွာမှ ပင် များပြားလှပေသည် ။ နောက်တချက်က အရွယ်ရောက်သူတိုင်း စစ်မှု မထမ်းမနေရ စနစ်ကြီးတွင် အမျိုးသမီးများ ကိုပါ ထည့်သွင်းရေးဆွဲထားခြင်းသည် ယနေ့အခါတွင် အများသူဌာ သိကြတဲ့ အတိုင်း အကျင့်စာရိတ္တ ပျက်ပြားနေသော တပ်မတော်သား အချို့၏ လူမဆန်သော လုပ်ရပ်များကို ဥပမာထား ကြည့်ပါက မိန်းမပျိုလေးများ အတွက် လွန်စွာမှ ပင် အန္တာရယ် ကြီးမားလွန်းလှပေသည်ကို သေချာစွာ ဆင်ခြင် တွေးတော စေချင်ပါသည် ။
စစ်အာဏာရှင်များ၏ ယုတ်မာ ကောက်ကျစ်သော စိတ်ထားများဖြင့် မဟုတ်မမှန် လုပ်ကြံသတင်းများကိုပင် ပြည်သူ့လူထုက လက်ခံကြသေးလျှင် စိတ်ကောင်းစေတနာကောင်းဖြင် ဒီစနစ်ဆိုးအောက်မှ လွတ်မြောက်အောင် ရုန်းထွက်ကြဖို့ လမ်းပြပြောဆိုမှုများ ဘာကြောင့် အောင်မြင်မှု မရှိမှာ စိုးရိမ်နေကြပါသနည်း ။ မည်သည့်အရာမှ အစဉ်မမြဲ သည့် လူ့ဘောင်လောက တွင် အာဏာရှင် စနစ် တည်မြဲနေပါမည်ဟု ဘာကြောင့် လက်ခံထားကြပါသနည် ။ ညီညွတ်မှု ရှိလျှင် တော်လှန်ရေး အောင်မြင်မည်ဟု ယူဆကြလျှင် ညီညွတ်မှုကို ဆောက်တည်ရန် မကြိုးစားကြဘဲ ဘာကြောင့် စည်းလုံးမှုကို ပျက်ပြားစေမည့် လုပ်ရပ်များ လုပ်ဆောင်နေကြပါသနည် ။
ယခင်က မစည်းလုံးခဲ့လျှင် ယခုအခါ စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြ၍ အာဏာရှင် စနစ်အောက်မှ လွတ်မြောက်အောင် ရုန်းထွက်စေလိုပါသည် ။ သေချာစွာ စေ့စေ့စပ်စပ် သုံးသပ်ကြည့် လျှင် တနိုင်ငံလုံးကို အသာထား ရန်ကုန်တိုင်း တမြို့နယ်လုံးမှ လူများကိုပင် ဖမ်းဆီး ချုပ်နှောင်၍ အကျဉ်းချရန် မဖြစ်နိုင်ပါ ။ ထိုကြောင့် ကြောက်ရွှံ့စိတ်ကို မောင်းထုတ်၍ အာဏာရှင် စနစ်က ထုတ်ပြန်သည့် မတရားသည့် ဥပဒေမှန်သမျှကို ညီညာစွာ ငြင်းဆန်နိုင်ရန် ကြိုးစားစေချင်ပါသည် ။ အသက်အရွယ်ကြီးသူ မိဘ ၊ ဆရာ နေရာ ရောက်နေသူများ အနေဖြင့်လည်း မိမိတို့၏ သားသမီးများ ၊ တပည့်များကို ကို စိုးရိမ်သည့် စိတ်များကြောင့် နိုင်ငံရေး ဆိုသော ဝေါဟာရ အဓိပ္ပာယ်ကို ကြောက်ရွှံ့သည့် စိတ်များဖြင့် ကိုယ်တိုင် ဖွင့်ဆို၍ လူငယ်မျိုးဆက်သစ်မျာ
ယနေ့အချိန်အခါတွင် ကမ္ဘာအရပ်ရပ်၌ အာဏာရှင် စနစ်များ အဆုံးသတ်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသည်ကို စိုးရိမ်သောက ပွားလျှက် မြန်မာနိုင်ငံမှာ ထိုသို့သော ဆန့်ကျင်မှု များ ဖြစ်လာမည်ကို အကြောက်ကြီး ကြောက်၍ သွေးရူးသွေးတန်းဖြင့် ပြည်သူ လူထု လက်မခံနိုင်သည့် ဥပဒေများ ထုတ်ပြန်နေသည့် အချိန်ကာလကို အမိအရ အသုံးချကာ လူငယ်များ အနေဖြင့် တော်လှန်ရေးကို စတင် ဆင်နွှဲနိုင်အောင် ကြိုးပမ်းကြ၍ မိဘဆရာသမား များကလည်း လိုအပ်သည့် နေရာမှ ၀ိုင်းဝန်းကာ ကူညီထောက်ပံ့ပေးကြလျှင် မြန်မာပြည်တွင် ခေတ်စားနေသည့် အာဏာရှင် စနစ်အောက်မှ လွတ်မြောက်မည်မှာ အမှန်ပင်ဖြစ်ပါသည် ။ ထို့ကြောင့် လွတ်လပ်၍ တရားမျှတကာ ခေတ်မှီ ဖွံ့ဖြိုးသော စစ်မှန်သော ဒီမိုကရေစီ စနစ်ကို အခြေခံသည့် နိုင်ငံတခုကို တည်ဆောက်နိုင်ဖို့ အတွက် အာဏာရှင် စနစ်ကို ဆန့်ကျင်သည့် လုပ်ရပ်များ ညီညွတ်စွာ စတင် လုပ်ကိုင် ဆောင်ရွက်ကြ၍ ရှေ့သို့ ချီတက်ကြပါစို့..............။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
http://www.facebook.com/
,
Posted by
Burma Campaign Japan
|
0
comments
Daw Aung San Su Kyi's Doctrined with Myanmar in Japan. (Direct Telephone )
Video- Tharmanya
,
Posted by
Burma Campaign Japan
|
0
comments
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖိတ်ကြားလွှာ
မင်္ဂလာပါ မိတ်ဆွေတို့
လူဖြစ်လာရင် လူပီသဖို့ အတွက် လူသားတစ်ယောက်၏ ရသင့်ရထိုက်သော အခွင့်အရေးတို့ကို တန်းတူညီမျှ ရရှိစေရမည် ဆိုသည့် ဆောင်ပုဒ်လေးကား အင်မတန်မှပင် နှစ်လိုဖွယ်ကောင်းသောကြောင့် နိုင်ငံတကာတွင် လူ့အခွင့်အရေး ဟူသည့် စကားလုံးလေးသည် ရေပန်းစား လာခဲ့သည်ကို အားလုံးသိရှိပြီး ဖြစ်ပါသည် ။ နိုင်ငံတကာတွင်လည်း လူ့အခွင့်ရေး တောင်းဆိုသံတို့ ဘ၀ဂ်ညံခဲ့သလို ကျနော်တို့ မြန်မာနိုင်ငံတွင်လည်း လူ့အခွင့် တောင်းဆိုသံတွေ ပွက်ပွက်ညံခဲ့လေသည် ။ ဥာဏ်အမြော် အမြင်ကြီးကာ ကိုယ်ချင်းစာတရား လက်ကိုင်ထားသည့် နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များသည် သူတို့တိုင်းပြည် တိုးတက်ကောင်းမွန်ရေး အတွက် ကြိုးစားကြသလို သူတို့နိုင်ငံသားများ၏ အခွင့်အရေး တန်းတူညီမျှ ရရှိရေး အတွက် အထူးကြိုးစားဆောင်ရွှက်လေ့ရြှိ ကသည် ။ ကိုယ်တိုင်က ဥာဏ် အမြော်အမြင် နည်းသည့်အပြင် ပညာမတတ်သော နောက်လိုက်များ၏ မြှောက်ပင့်ပြောဆိုမှုကို အဟုတ်ထင်မှတ်နေကြသည့် အာဏာရှင်များကမူ လူအခွင့်ရေး ဆိုသော စကားလုံးကို နားလည် လက်ခံလေ့ မရှိကြချေ ။
သူတို့တွေရဲ့ မလိမ္မာတဲ့ အတွေးအခေါ်နဲ့ ကိုယ်ကြိုးရှာလိုတဲ့ အတ္တကို အခြေခံပြီး သုံးသပ်ကြတော့“ လူ့အခွင့်အရေး ဆိုတဲ့ စကာလုံးဟာ သူတို့တွေရဲ့ နားထဲမှာ မုန်းတီးစရာ ကောင်းနေမှာ အမှန်ပါဘဲ ။ ငါသာလျှင် အဓိက ၊ ငါသာလျှင် ပဓါန ၊ ငါ့မိသားစု ၊ ငါ့အသိုင်းအ၀ိုင်း ၊
ငါလုပ်မှ မှန်တယ် ၊ ငါသာလျှင် ပညာရှိ ၊ ငါဆိုတဲ့ စကားလုံးတွေကို လှိုင်လှိုင်သုံးပြီး သူတို့အရပ် သူတို့ဇတ်က တာကို အဟုတ်မှတ်ပြီး အများကောင်းကျိုးဆိုတဲ့ စကားလုံးကို ချောင်ထိုးထားတတ်ကြတာ ဘယ်သူမှ ငြင်းလို့မရပါဘူး ။
လူတစ်ဦးတစ်ယောက်သည် အမြင်တခုကို ရှုမြင်ရာ၌ သူတို့၏ ပင်ကိုယ်စိတ်ဓါတ် နှင့် သူ၏ အသိအမြင်ပေါ်တွင် အခြေခံ၍ သုံးသပ်လက်ခံလေ့ ရှိကြသည် ။ လောဘ ကြီးသူတစ်ယောက်ကို ငွေရလျှင် ပြီးရော ဘာမဆို လုပ်သင့်သည်ဟု တင်ပြလိုက်လျှင် နှစ်ခြိုက်စွာ လက်ခံလေ့ရှိသည် ။ အာဏာတပ်မက်သူ တစ်ယောက်ကို အာဏာရဖို့သာ အဓိက ဘာလို လုပ်ဆောင်ချက် ဖြစ်ဖြစ် လုပ်ကိုင်သင့်သည်ဟု တင်ပြလိုက်လျှင်လည်း နှစ်ခြိုက်စွာ လက်ခံပေ လိမ့်မည် ။ မေတ္တာ တရား ကြီးမားလွန်းသူတစ်ယောက် သီးခံခြင်း သည် အရာရာကို အောင်မြင်နိုင်၏ ဟု အကြံပေးလျှင်လည်း
ယုံကြည် လိုက်နာ ဆောင်ရွက်ပေလိမ့်မည် ။ ထို့ကြောင့်လူသားတို့ လက်ခံကျင့်သုံးသော ၀ါဒများသည် သူတို့၏ ပင်ကိုယ် စိတ်နေစိတ်ထားကို
များစွာ ဖော်ပြလေ့ရှိသည် ။ လောဘကြီးသူကို ရိုးသားဖြောင့်မတ်စွာ ဖြင့် နေထိုင်ခြင်းသည် ကောင်းမွန်ပါသည် ဆိုသည့် အယူအဆကို တင်ပြလျှင် ခါးသီးစွာ ငြင်းဆန်ပေလိမ့်မည်။ အာဏာတပ်မက်ကာ ကိုယ်ချင်းစာတရားခေါင်းပါးသူကို နိုင်ငံသားတိုင်း လူ့အခွင့်အရေး အပြည့်အ၀ ကို တန်းတူညီမျှ ရရှိခံစားသင့်သည် ဆိုသည့် အယူအဆသည် ကောင်းမွန်ပါသည်ဟု တင်ပြလျှင်လည်း ငြင်းဆန်မည် မှာ သဘာဝ ပင်ဖြစ်သည် ။
သူတို့တွေ လက်မခံနိုင်တဲ့ လူ့အခွင့်အရေး ဆိုတဲ့ စကားသံကို ပြည်သူလူထုပါ နားမလည်အောင် အသိညဏ်ကို အဆိပ်ခတ်တတ်ကြတာ
အာဏာရှင်တိုင်းရဲ့ မဖောက်ပြန်တဲ့ သဘောတရား အမှန်ပါ ။ ဒီတော့ သူတို့တွေ မသိစေချင်တဲ့ လူ့အခွင့်အရေး ဆိုတဲ့ စကားလုံးကို
ကျနော်တို့ သိအောင် ကြိုးစားရမယ် ဆိုတာလည်း ပြည်သူလူထု အားလုံးရဲ့ သမိုင်းပေးတာဝန် တရပ်ပါဘဲ ။ ဒါကြောင့် လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် အဖြစ်ကျင်းပမည့် လူ့အခွင့်အရေး ဆိုင်ရာ စာပေနှီးနှော ဖလှယ်ပွဲကို ကြွရောက်ပါရန် ပွဲဖြစ်မြောက်ရေး ကြိုးစားနေသူမျာ၏ ကိုယ်စား ကျနော် ဗမာ့သွေးမှ မိတ်ဆွေတို့ကို လေးစားစွာ ဖိတ်ကြားလိုက်ရပါသည် ။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
မြန်မာနိုင်ငံသား အားလုံးနဲ့ မြန်မာ့နိုင်ငံသားတို့ရဲ့ လူအခွင့်အရေး မမျှတမှုကို နားလည် သဘောပေါက်ကာ ၀ိုင်ဝန်းကူညီပေးနေကြသူ အားလုံးကို ဖိတ်ကြားပါတယ်ခင်ဗျာ ။ ထိုပွဲကို ခမ်ခမ်းနားနားကျင်းပနိုင်ရန်နှ င့် လာရောက်ကြသော ဧည့်သည်တော် အပေါင်းတို့ကို တည်ခ...င်းဧည့်ခံ ကျွေးမွေးနိုင်ရန် မိမိတို့ တတ်နိုင်တဲ့ဘက်က ကူညီပေးလိုကြသူများ သာ မက ထိုအခမ်းအနားတွင် လိုအပ်မည့် လုပ်အားကို လည်း ကူညီပေးနိုင်ပါတယ် ။
burmathwe@gmail.com , minhtat77@gmail , blue.peaceforu@gmail တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။
burmathwe@gmail.com , minhtat77@gmail , blue.peaceforu@gmail တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။
,
Posted by
Burma Campaign Japan
|
0
comments
ရုံးချုပ်ရှေ့မှာ ဒေါ်စုပုံတွေ ဝေဝေဆာဆာ
ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါတဲ့ တီရှပ် အင်္ကျီတွေ ဆင်တူဝတ်ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ၅ဝဝ လောက်ဟာ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ကိုင်ပြီး၊ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ စောင့်ဆိုင်းနေတယ်လို့ မဇ္ဈိမ သတင်းထောက်တွေက သတင်းပေးပို့ပါတယ်။
နောက်ဆက်တွဲ သတင်းများ ကို ဒီနေရာလေး မှာ လာရောက် ဖတ်ရှု နိုင်ပါတယ်ခင်ဗျာ ။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
,
Posted by
Burma Campaign Japan
|
0
comments
အဖွဲ့ချုပ်ရုံးမှာ ပြည့်ကျပ်နေပါပြီ
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရဲ့ အတွင်းအပြင်မှာ တိုင်းနဲ့ ပြည်နယ် အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ လူငယ်တွေ၊ ပရိသတ်တွေနဲ့ စည်ကားနေပါတယ်။
ဒီအကြောင်းကို အဖွဲ့ချုပ်ရုံးမှာ အခု ရှိနေတဲ့ သူတယောက် ပြောပြတာက ...
“ပြည်နယ်နဲ့တိုင်းက ခေါင်းဆောင်တွေ ရုံးရှေ့မှာ အကုန်နီးပါး ရောက်နေကြတယ်။ လူငယ်တွေလည်း တော်တော်များများ ရောက်နေကြတယ်။ ရုံးရှေ့မှာက ပရိသတ်က ၈ဝဝ - ၁ဝဝဝ လောက် ရောက်နေကြတယ်။ ရုံးထဲမှာလည်း ပြည့်ညပ်နေပြီ။ လူတွေတောင် နေစရာမရှိတော့ဘူး။ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည် ပုံတွေကို ပိုစတာလို ပုံစံမျိုးဖြစ်အောင် တုတ်တံလေးတွေနဲ့ ကြွေးကြော်လို့ရအောင် လုပ်ထားတယ်။ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်မယ်ဆိုတဲ့ အင်္ကျီတွေ ဝတ်ဆင်ထားတယ်။ ဆေးရုံတွေမှာ သွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ အထိမ်းအမှတ်နဲ့ သွေးလှူတဲ့ လူငယ်တွေလည်း ပြန်ရောက်နေကြပြီ။ အဲဒီ လူတွေနဲ့ ရုံးမှာ ပြည့်နေတယ်
,
Posted by
Burma Campaign Japan
|
0
comments
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ယနေ့လက်မှတ်ထိုး
ဒေါ်အောင်ဆန်းစုကြည် ယနေ့ညနေတွင် လွတ်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်မှ အဖွဲ့ဝင်များက ပြောသည်။
ရန်ကုန်ရှိ NLD ရုံးချုပ်တွင် ရောက်ရှိနေသော တောင်ငူမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမြင့်က “ဒီနေ့မနက် ဒေါ်အောင်ဆန်းစုကြည်လည်း လက်မှတ်ထိုးပြီးပြီ။ ညနေ ၄ နာရီလောက်တော့ ထွက်မယ်” ဟု ဧရာဝတီသို့ ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ရှေ့တွင် လူအများစောင့်ဆိုင်းနေကြကြောင်း
NLD အဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် “We Stand With Aung San Suu Kyi” ဆိုသည့် စာတန်းပါတီရှပ်များကို ၀တ်ဆင်၍ ရုံးချုပ်ရှေ့တွင် ကြိုဆိုရန် စောင့်စားနေကြောင်း သိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ယနေ့လက်မှတ်ထိုးသည်ဟု ရန်ကုန်မြို့မှ လာသော သတင်းများက ဆိုသည်။မွန်းလွဲ ၁၂ နာရီတွင် လွှတ်မိန့်စာကို ၎င်း၏နေအိမ်သို့ တာဝန်ရှိသူများက သွားရောက်ဖတ်ပြခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာကြောင်း ရန်ကုန်မြို့ခံ သတင်းသမားတဦးကပြောသည်။ယနေ့တွ
ဗမာ့သွေး
,
Posted by
Burma Campaign Japan
|
0
comments
သွေးမျိုးဆက်မှဖိတ်ခေါ်ချက်
ကျွန်ူပ်တို့ နိုင်ငံ၏ ယနေ့ နိုင်ငံရေး ချိန်ခါသည် ခေါင်းဆောင်ကောင်း လိုအပ်နေသလို နောက်လိုက် ကောင်းများလည်း လိုအပ်နေသည် မှာ အသေအချာပင်ဖြစ်သည် ။ ခေါင်းဆောင်မည့်သူများကား အထင်အရှားရှိနေပါသည် ။ ကျွန်တော်တို့ နောက်လိုက်ကောင်း ဖြစ်နိုင်ဖို့သာ အရေးကြီးသည် ။ ခေါင်းဆောင်ဆိုသည် မှာ တိုးတက်သော ညဏ်အမြော်အမြင် ရှိရမည့် အပြင် ပြည်သူလူထု အား ကိုယ်ချင်းစာနာ စိတ်ထား နိုင်ရမည့် အပြင် ကိုယ်ကျိုးအတ္တထက် အများကောင်းစားရေးကို ဦးစားပေးရမည့် လူမျိုးဖြစ်သည် ။ မြန်မာနိုင်ငံရေး အခြေအနေ တိုးတက်ကောင်းမွန်မှု တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းစဉ်းစားမှ ရမည် ။ အဘယ်ကြောင့် ဆိုသော် နိုင်ငံကို ခေါင်းဆောင်မည့်သူသည် နိုင်ငံတကာ အသိုင်းအ၀ိုင်း အလယ်တွင် ၀င်ဆန့်နိုင်ဖို့ သူတို့လေးစားလောက်သည့် အရည်အချင်းရှိရမည် ဖြစ်သလို ပြည်သူလူထု၏ လေးစားချစ်ခင် ယုံကြည်အားထားသည့် လူမျိုးဖြစ်သင့်သည် ။ ယနေ့ စစ်အာဏာရှင်များ၏ ယုတ်မာကောက်ကျစ်သော လုပ်ရပ်များကြောင့် ကျွန်ူပ်တို့ တိုင်းပြည်မှ ဂုတ်သွေးစုပ်မည့် နိုင်ငံများမှ အပ အခြားသော နိုင်ငံတော်တော်များများသည် စစ်အာဏာရှင်များ နှင့် မဆက်ဆံလိုကြ ။ မလွဲသာ မရှောင်သာ ဆက်ဆံနေကြရသည့် နိုင်ငံများမှာလည်း သိပ်မကြည်ဖြူချင်ကြ ။ ထို့အကျိုးဆက်ကား
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်း မှန်ကို ပုံသွင်းဖော်ဆောင် မည်ဟု ရွေးကောက်ပွဲဝင်မည့် ပါတီများက ကြွေးကြော်ကြသည် ။ သူတို့သည် စစ်အာဏာရှင်တို့၏ ယုတ်မာပက်စက်သော အကြံနှင့် ဥပဒေမှန်သမျှ အစဉ်အမြဲ ချိုးဖောက်နေသည့် အလေ့အထကို မေ့ထားကြကာ ပျော်ပျော်ကြီး ရွေးကောက်ပွဲဝင် ကြသည် ။ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို ကျော်ပြီး တွေးပြသည်။ လက်မခံလိုကြ ။
ရသလောက်လေး တိုးကြည့်ပါရစေ ဟု အကြောင်းပြကာ လွှတ်တော်ထဲ ရောက်လျှင် ဆိုသော စကားကို
သူတို့ တွင်တွင်သုံးကြသည် ။ ရွေးကောက်ပွဲ ကော်မရှင်ကို ယုံကြည်ကာ စစ်အာဏာရှင်တို့ သတ်ကွင်းကို
ရင်ကော့ပြီး ၀င်သွားကြသည် ။ သတ်ကွင်းထဲကို ရောက်မှတော့ အပစ်ခံရတာပေါ့ဗျာ။ အကယ်၍များ သူတို့ယုတ်မာ ကြလျှင် ငါတို့ဘယ်လို လမ်းကြောင်းကို လျှေက်ကြမလည်း ကြိုတင် မစဉ်းစားထားကြ ။ ဖြစ်လာတော့မှ ကမန်းကတန်း ထပြီး ကန့်ကွက်ကြသည် ။ လုပ်သမျှက အစီအစဉ်မကျ နိုင်ငံခေါင်းဆာင် ဘ၀ကို ဒီလူတွေ ရောက်ရင်လည်း သိပ်တော့ ထူးမှာ မဟုတ်ဟု တကယ်ပင် ထင်မြင်ယူဆမိပါသည် ။ တကယ်ဆို အာဏာရှင်တွေ ဆိုတာ သမိုင်းမှာလည်း ယုတ်မာကောက်ကျစ်တယ် ၊ ပစ္စပ္ပုန်မှာလည်း လိမ်ညာနေမှန်း သူတို့ သိသိကြီးနှင့် ပြင်ဆင်ထားဖို့ ကောင်းသည် ။
အချို့က နောင်တရကြသည် ၊ NLD မှန်ပါတယ် သူတို့ အမှားပါ လို့ သတ္တိရှိရှိ ဖွင့်ဟ ဝေဖန်လာကြသည် ။ အချို့က လက်မခံလိုကြသေး ။ ကော်မရှင်ကို စာတင်ထားပါတယ်လို့ ပြောကြသည် ။ အချို့က သူတို့ အနိုင်ရပါတယ်တဲ့ ၊ လိမ်လို့ ရှုံးတာပါတဲ့ ။ အချို့က မဲမပေးသူတွေကြောင့်လို့ ပြစ်တင် ပြောဆိုလာကြသည် ။ အခြေခံ ဥပဒေကိုက မြန်မာနိုင်ငံသားတွေ အတွက် အခြေပြုရေးဆွဲထားတာ မဟုတ်ဘူးလေ ၊ ဒေါ်အောင်ဆန်းစုကြည် ဘယ်သောအခါမှ ခေါင်းဆောင် မဖြစ်အောင် ၊ စစ်တပ်ကသာ အုပ်ချုပ်ရေး အာဏာကို ဆက်ခံနိုင်အောင် ရေးဆွဲထားတဲ့ ဥပဒေဆိုတာ အားလုံး သိပြီးသားပါ ။ ဒါကို အတည်ပြု ကျင်းပမယ့် ဒီရွေးကောက်ပွဲ ကြီးမှာ လိမ်လို့ ရှုံးတာပါ ဆိုတဲ့ စကားကို ပြောနေတဲ့ လူတွေရဲ့ ညဏ်အမြော်အမြင် ဆိုတာ ဘာကို ခေါ်တာလည်း ဆိုတာ ဖော်ပြထား သလိုပါဘဲ ။ အခုချိန်ထိလည်း မပြတ်သားကြသေးဘူး ။ နောက်ကျောကို ဓါးနဲ့ဝင်ထိုးလိမ့်မယ်လို့ သတိပေးတဲ့ လူရဲ့ စကားကို ဥပက္ခာ ပြုထားလိုက်ကြတယ် ။ ရင်ဝကို ဓါးစူးနေတာတောင် ဓါးနဲ့ထိုးသူက သူကို ဆေးရုံပို့လိမ့်မယ်လို့ ယူဆနေကြတဲ့ လူတွေရဲ့စိတ်ဓါတ် ပုံမှန် မဟုတ်တာတော့ သေချာနေပြီနော် ။ လက်တွေ့ကျကျ သုံးသပ်ကြစမ်းပါ ။ အဖြောင့်တွေးကြစမ်းပါ ။ အမှားမှန်းသိရက် နဲ့ ဆက်လျှေက် နေရင် လမ်းမှန်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး ။ ရှေဆက် ဘယ်လို လုပ်ဆောင် ကြမှာလည်း ၊ လမ်းကြောင်း တစ်ခုပေါ်ကို စုစုစည်းစည်း လျှေက်ကြစမ်းပါ ။ တကယ် နိုင်ငံကောင်းစားရေး အတွက် ဦးတည်ဆောင်ရွက် တာ အမှန်ပါဆိုရင် ခေါင်းဆောင်ကောင်း ရှိတုန်း နောက်လိုက်ကောင်းတွေ ဖြစ်အောင် ကြိုးစားကြစမ်းပါ ။ ကိုယ်တိုင်ကလည်း ခေါင်း မဆောင်နိုင် ၊ နောက်လိုက်လည်း မလုပ်ချင် ၊ နေရာ တကာ ကန့်လန့်လိုက်တိုက်နေကြရင် ပြည်သူလူထုဘဲ နစ်နာမှာ ။ ပြည်သူလူထု ဘဲ ဒုက္ခဆိုးတွေ ခါးသီးစွာ ခံစားကြရမှာ ။ အနိုင်ရချင်လို့ လိမ်ပါတယ်ဆိုတဲ့ ကော်မရှင် ဆီက တုန့်ပြန်ချက်ကို အားထား စောင့်စား နေတာဟာ ဒုတိယ အမှားကြီးကို ဆက်လက် ကျူးလွန်ဖို့ အချိန်ကုန်ခံပြီး စောင့်စားနေတာနဲ့ တူတူပါဘဲ ။
ဒီနေ့ ချိန်ခါမှာ လူကြီးတွေ က ဦးဆောင် ပြီး နိုင်ငံအရေးကို တောင်းဆိုနေကြတဲ့ အချိန်မှာ ကျွန်တော်တို့ လူငယ်တွေလည်း ပါဝင် ပတ်သက်သင့်တယ်လို့ ထင်မြင်ယူဆမိပါတယ် ။ လူကြီးနဲ့ လူငယ်တွေ ကြားမှာ အမြင် ကွာဟချက် တွေရှိတယ် ၊ ခံယူချက်တွေ ၊ အတွေးအခေါ်တွေလည်း သိပ်ပြီး တူညီကျမှာတော့ မဟုတ်ပါဘူး ။ လူကြီးတွေက အတွေ့အကြုံရင့်ကျက်မှု အပိုင်းမှာ အားသားပေမယ့် ၀ါဒရေးရာမှာ ဆက်စပ် တွေးခေါ်ရင်း မသိမ်းပိုက်ထားသင့်တဲ့ အတွေးအခေါ် အချို့ကို သိမ်းပိုက်ထားကြတယ် ။ လူငယ်တွေက အတွေ့အကြုံ နုနယ်ပေမယ့် တက်ကြွတယ် ၊ ဘာအတွေးအခေါ်မှ မသိမ်းပိုက်ထားသေးတဲက အတွက် မှန်ကန်တဲ့ အတွေးအခေါ်နဲ့ စစ်မှန်တဲ့ ခေါင်းဆောင်သာရှိ ရင် နောက်လိုက်ကောင်းလုပ်ကြဖို့ ၀န်မလေး ကြဘူးလို့ ကျွန်တော်က ခံယူထားတယ် ။ ဒီနေ့ခတ် လူငယ် တော်တော်များများဟာ စစ်အာဏာရှင် တွေရဲ့ အသိညဏ် အဆိပ်ခတ်မှု ကြောင့် နိုင်ငံရေး ပညာတွေ မကြွယ်ဝကြပေမယ့် တိုင်းပြည်ကို ချစ်တဲ့ စိတ် ၊ မဟုတ် မခံလိုတဲ့ စိတ် တော့ သူတို့ရင်ထဲမှာ ရှင်သန်နေကြတုန်းပါဘဲ ။ ဒါတွေကို လူကြီးတွေက လမ်းပြနိုင်ရင် တိုင်းပြည် အတွက် အကြီးမားဆုံး ခွန်အားတွေကို လူငယ်တွေဆီက ရရှိနိုင်တယ် ကျွန်တော် ထင်မြင်ယူဆမိပါတယ် ။
နည်းပညာ အကူအညီကြောင့် ၀ါသနာတူရာ ၊ ရည်ရွယ်ချက်တူတဲ့ လူငယ်တွေကို အလွယ်တကူ စုစည်းလို့ရတယ် ။ သူတို့ကို လမ်းမှန်ပြပြီး လက်တွေ့ကျတဲ့ နိုင်ငံရေး လမ်းကြောင်းပေါ်ကို သာ တင်ပေးလိုက်နိုင်ရင် ကျွန်တော်တို့ တိုင်းပြည် အနာဂတ် မကြာခင် လှပလာမှာ မုချမသွေပါဘဲ ။လူငယ်တော်တော် များများကလည်း တောင်းဆိုလာကြပါတယ် ၊ သူတို့ နိုင်ရာ တာဝန် ယူချင်တယ် ၊ သူတို့ရင်ထဲက တိုင်းပြည်ချစ်စိတ်ကို ပြချင်ကြတယ် ။ သူတို့ရဲ့ အစွမ်းအစနဲ့ သတ္တိကို တိုင်းပြည် အတွက် အကျိုးရှိစွာ အသုံးချလာကြတယ် ။ လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားလာတာဟာ ကျွန်တော့်တိုင်းပြည် အတွက် အင်မတန်မှ အကျိုး ကျေးဇူး များပါတယ် ။ကျွန်တော်တို့ လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင် စားတာက ရာထူးကို လိုချင်လို မဟုတ်ပါဘူး အာဏာကို ခုံမင်လို့မဟုတ်ပါဘူး ၊ တိုင်းပြည်ကြီး ပြိုကျပျက်စီးနေတာကို မကြည့်ရက် ကြလို့ နိုင်ငံအရေးကို ကျရာ အခန်းဂဏ္ဍကနေ တာဝန် ယူပေးချင်တာပါ ။ အချို့လူငယ်တွေ ဆို အ၇မ်းကို ထက်မြက်ကြတယ် ၊ အသက်ငယ်ငယ်လေးတွေနဲ့ သူတို့ အတွေးတွေကတော့ ကြောက်စရာ ကောင်းလောက် အောင် ထက်မြက်ကြတယ် ။ ကျွန်တော် တို့ သူတို့ အရွယ်ကဆို နိုင်ငံရေး ဆိုတာ ဘာမှ မသိသေးပါဘူး ။ ကျွန်တော်ကတော့ သူတို့ကို အရမ်းလေးစားတယ် ၊ သူတို့သတ္တိလေးတွေ ထုတ်ဖော် ပြောဆိုလာတာကို အရမ်းအားရတယ် ။ ဒါကြောင့် သူတို့ကို အားပေးတယ် ။
လူကြီးအချို့ကို လူငယ်တွေ အားမရတဲ့ အဓိက အချက်က သူတို့ဟာ သိပ်ပြီး စဉ်းစားလွန်းတယ် ၊အချိန် ဆွဲလွန်း အားကြီးတယ် ၊ ၀ါဒ တွေကို အစွဲပြုလွန်းအားကြီးတယ် ၊ ပစ္စပ္ပုန် အခြေအနေ လှစ်လျူရှုပြီး အတိတ်က လုပ်ရပ်တွေကို အ၇မ်းအားထားကြတယ် ။ ဒေါ်အောင်ဆန်းစုကြည် ကို လူငယ်တွေ ချစ်ခင်လေးစားပြီး အားထားတဲ့ အဓိက အချက်က သူ့အတွေးအခေါ်တွေက ဆန်းသစ်တယ် ၊ ၀ါဒစွဲ သိပ်မရှိဘူး ၊ ခေတ်နဲ့ အညီ လိုက်တွေးနိုင်တယ် ။ ပစ္စပ္ပုန်အခြေအနေကို သုံးသပ်ပြီးမှာ အနာဂတ်ကို ကြိုတွေးပြနိုင်တယ် ။ ဒါကြောင့် သူမကို နိုင်ငံခေါင်းဆောင် အဖြစ် လူထုက အာဏာ အပ်နှင်းချင်ကြတာပါ ။
ကျွန်တော်တို့ လူငယ်တွေ ရင်ထဲမှာ ၀ါဒစွဲ မရှိတဲ့ အတွက် တိုင်းပြည်ကို တကယ်ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ပေးနိုင်မယ့် သူတွေရဲ့ လမ်းစဉ်ကိုဘဲ လိုက်ချင်တယ် ။ လူငယ်တွေ အားလုံးလည်း ကျွန်တော့်လိုဘဲ လို့ထင်မြင် ယူဆမိပါတယ် ။ ဒါဆို ကျွန်တော်တို့ ခေါင်းဆောင်ကို ပြည်သူလူထုက အုပ်ချုပ်ရေး အာဏာ ပေးအပ်နိုင်အောင် စတင်ကြိုးစားကြရအောင် ။ ဒီလို ကြိုးစားတဲ့ နေရာမှာ လူငယ်တွေ ပိုမိုစုစည်းမိအောင် ကျွန်တော်တို့ အဖွဲ့လေး တစ်ဖွဲ့ ဖွဲ့စည်းပြီး စည်းလုံးညီညွှတ်စွာ ဆောင်ရွက် နိုင်ရင် ပိုမိုထိရောက်မယ်လို့ ကျွန်တော် ယူဆပါတယ် ။ အဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်က ကျွန်တော်တို့ တိုင်းပြည် တရားမျှတပြီး လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံကို ရောက်အောင် ကိုယ်နိုင်ရာ တာဝန်ထမ်းပြီး တွန်းပေးဖို့ပါဘဲ ။
အသင်းအဖွဲ့လေး ဆောင်ရွက်မယ်ဆို ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အေင်ဆန်း ဗမာ့ကာကွယ်ရေး တပ်မတော် ကို ဖွဲ့စည်းထားတဲ့ လမ်းစဉ်ကို အခြေခံပြီး ဖွဲ့စည်းဖို့ အကြံရမိတယ် ။ ကျွန်တော်တို့ အဖွဲ့မှာ ပါမောက္ခကနေ ကျောင်းသား ၊ အရပ်သား ၊ ချမ်းသာတဲ့ လူ ၊ ဆင်းရဲ့တဲ့လူ ၊ဘာသာလူမျိုး အားလုံးပါဝင် ကြမှာ ။ ဒီတော့ အခြေခံ စည်းကမ်း လေးတွေကို အရင် ဆုံးသတ်မှတ်ချင်ပါတယ် ။ နောက်တစ်ချက်က ကျွန်တော်တို့ ဟာ တိုင်းပြည်ကောင်းစားရေးကို စုစည်းစွာ ဆောင်ရွက်ကြမှာ ဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားချစ်ခင်ကြပါ ။ အဖွဲ့ ၀င် တိုင်း ညီအစ်ကို မောင်နှမ ရင်းချာလို့ စိတ်ထားမျိုး ထားရှိကြရမယ် ။ ပညာအားကြီးသူက ပညာနည်းသူကို မနှိမ်ကြပါနဲ့။ ငွေကြေးဥစ္စာ ချမ်းသာသူက ချို့တဲ့သူကို မနှိမ်ကြပါနဲ့ ။ ဘာသာရေး အငြင်းအခုံမလုပ်မိကြပါစေနဲ့ ။ အဖွဲ့ဝင်တိုင်း ဒီအဖွဲ့ရဲ့ စည်းကမ်းကို တပြေးညီ လိုက်နာ ဆောင်ရွက်ကြရပါမယ် ။ လျှို့ဝှက်စွာ ဖွဲ့စည်းရမယ့် အဖွဲ့ဖြစ်တဲ့ အတွက်ကြောင့် လျှို့ဝှက်နိုင်သမျှ လျှို့ဝှက် ကြပါ ။ ကိုယ်တတ်နိုင်တဲ့ဘက်ကတိုင်းပြည် အကျိုး ဆောင်ရွက်ကြတာ ဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ဆောင်ရွက်နိုင်တဲ့ စွမ်းအားချင်းတော့တူညီကျမှာ မဟုတ်ပါဘူး ။ အချို့က ငွေအားနဲ့ကူညီကြမယ် ၊ အချို့က လုပ်အားနဲ့ကူညီကြမယ် ၊ အချို့က ပညာအားနဲ့ ကူညီကြမယ် ။
အဖွဲ့အစည်းအတွက် လမ်းစဉ်ကို ချမှတ်တဲ့ အခါ အားလုံးရဲ့ သဘောထား အမြင်ကို စုစည်းပြီး ဆောင်ရွက်ချင်ပါတယ် ။ လူငယ်တွေကို အားထားတယ် ဆိုပေမယ့် လူကြီးတွေကို စော်ကားတာတော့ မဟုတ်ပါဘူး ။ အပြုသဘောနဲ့ ကူညီ လမ်းပြပေးမယ့် လူတိုင်းကို လေးစားပါတယ် ။ ကျွန်တော်တို့ကို ၀ိုင်းဝန်း အကြံပေးကြပါ ၊ အကြံကောင်း ညဏ်ကောင်းများဖြင့် ကူညီပေးကြပါ ။ တိုင်းပြည် အတွက် လက်တွေ့ကျကျ ချစ်ပြချင် ကြတဲ့ လူတွေ အားလုံးကို နိုင်ရာ တာဝန် ထမ်းဆောင် နိုင်အောင် ကျွန်တော်တို့ အဖွဲ့က လက်တွဲ ခေါ်ဆောင်သွားမှာပါ ။ အဓိက ရည်ရွယ်ချက်က တိုင်းပြည်အတွက် ကျရာအခန်းဂဏ္ဍ ကနေ ထိရောက်စွာ ပြည်သူလူထု တာဝန် ထမ်းဆောင် နေတဲ့ လူတွေကို ကူညီ အားဖြည့်ပေးဖို့ပါဘဲ ။
တက္ကသိုလ်ကျောင်းသား တွေ ပေါင်းစုံရာက တို့ဗမာ အစည်းအရုံး ကို စတင်ဖွဲ့စည်းနိုင်ခဲ့တယ် ။ သခင်မျိုးဟေ့ ဒို့ဗမာ ဆိုတဲ့စကား ပေါက်ဖွားလာရာက စလို့ နိုင်ငံတ၀ှမ်းလုံး သခင်စိတ်တွေ မွေးမြူကြလို့ လွတ်လပ်ရေး ကို ပိုင်ပိုင်နိုင်နိုင် ရရှိခဲ့တာပါ ။ သူတို့တွေ အသက်ချွေးပေါင်းများစွာ ပေးဆပ်မှ ရရှိခဲ့တဲ့ လွတ်လပ်သော မြန်မာနိုင်ငံ အဖြစ်ကို ရောက်ရှိခဲ့တာပါ ။ ဒါကို ကျွန်တော်တို့က ဆက်လက် မထိန်းသိမ်းနိုင်ရင် တိုင်းတပါးလက်အောက်ကို ပြန်လည် ကျရောက် သွားနိုင်ပါတယ် ။ ခုချိန်မှာတော့ အုပ်ချုပ်ရေး ပိုင်းမှာ တိုင်းတပါး လက်အောက် မကျရောက် သေးပေမယ့် မြန်မာပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပိုင်းမှာ တရုတ်နိုင်ငံ လက်အောက်ကို ရောက်မှန်းမသိ ရောက်နေပါပြီ လို့ဘဲ သတိပေးစကား ပြောကြားချင်ပါတယ် ။ ကျွန်တော်တို့ဘိုးဘွား တွေ ပေးဆပ်မှု ပေါင်းများစွာ ရင်းနှီးလာတဲ့ လွတ်လပ်ရေးကို ကျွန်တော်တို့ လက်ထက်ကျမှ သိသိကြီးနဲ့ တိုင်းတပါးလက်ထဲ ထိုးအပ်လိုက်ပြီး ရာဇ၀င် တွေ အရိုင်းမခံရအောင် တူညီညာ ရုန်းထကြရမည့် ချိန်ခါမှာ တတ်နိုင်တဲ့ဘက်ကနေ တိုင်းပြည် အတွက် ပါဝင်ပေးဆပ် ကြဖို့ လိုအပ်နေပါတယ် ။
အာဏာရှင်တို့၏ အသိညဏ် အဆိပ်ခတ်မှု ကြောင့် ကျွန်တော်တို့တတွေ သတင်းမှန်တွေနဲ့ဝေးကွာ ၊ မှန်ကန်မှု မရှိတဲ့ သမိုင်းတွေ သင်ကြား ၊ ဖောက်ပြန်တဲ့ အတွေးအခေါ်တွေ အယူအဆ တွေ ကြားမှာ ကြီးပြင်းလာကြပေမယ့် တိုင်းပြည်ကို ချစ်တဲ့စိတ် ကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ အဆက်မပြတ် ရှင်သန် စီးဆင်းနေဆဲပါဘဲ ။ ပြင်ပကမ္ဘာတွင် ဖိနှိပ်ချုပ်ချယ်မှု များကို လုပ်ဆောင် နိုင်သော်လည်း ကျွန်ူပ်တို ၏ ရင်တွင်းမှ မျိုးချစ်စိတ်ကို ဖိနှိပ်လို့မရ ၊ သေအောင် သတ်လို့မရ ၊ အမျိုးကို ချစ်သည့် ကျွန်ူပ်တို့၏ မျိုးဆက် သွေးများသည် အဆက်မပြတ် ရှင်သန်စီးဆင်း နေကြောင်းကို ပြဆိုသည့် အနေဖြင့် သွေးမျိုးဆက် ဟု အမည်ပေးထားသည့် ကျွန်ူပ်တို့ မျိုးဆက်သစ် လူငယ်အင်အားစုများ စုစည်းစွာ ဖြင့် စတင်လုပ်ရှားပါတော့မည် ။ တိုင်းပြည် အတွက် ပါဝင်ပေးဆပ် ချင်သူများ လက်တွဲလုပ်ဆောင်ကြရန် မြန်မာနိုင်ငံသား အားလုံးကို လေးစားစွာ ဖိတ်ခေါ်ပါသည် ။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
သင့်ရင်ထဲမှ ကျွန်ူပ်တို့ အဖွဲ့အတွက် အပြုသဘောဆောင်မည့် ဆွေးနွေးချက်ကို ကျွန်ူပ်တို့ ကြားလိုပါသည် ။ မဖြစ်နိုင်ပါဘူးဟု ပြောဆိုမည့်သူများ အလို မရှိပါ ။ ဖြစ်သမျှ အကြောင်း အကောင်းချည်းပါဘဲလို့ ယူဆနေသူများ ထက် ဖြစ်သမျှ အကြောင်း မကောင်းကောင်းအောင် လုပ်မည့် သူများ၏ ဆွေးနွေးချက်များသာ တွေ့မြင်လိုပါသည် ။