,
|

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖိတ်ကြားလွှာ

မင်္ဂလာပါ မိတ်ဆွေတို့
 
လူဖြစ်လာရင် လူပီသဖို့ အတွက် လူသားတစ်ယောက်၏ ရသင့်ရထိုက်သော အခွင့်အရေးတို့ကို တန်းတူညီမျှ ရရှိစေရမည် ဆိုသည့် ဆောင်ပုဒ်လေးကား အင်မတန်မှပင် နှစ်လိုဖွယ်ကောင်းသောကြောင့် နိုင်ငံတကာတွင် လူ့အခွင့်အရေး ဟူသည့် စကားလုံးလေးသည် ရေပန်းစား လာခဲ့သည်ကို အားလုံးသိရှိပြီး ဖြစ်ပါသည် ။  နိုင်ငံတကာတွင်လည်း လူ့အခွင့်ရေး တောင်းဆိုသံတို့ ဘ၀ဂ်ညံခဲ့သလို ကျနော်တို့ မြန်မာနိုင်ငံတွင်လည်း လူ့အခွင့် တောင်းဆိုသံတွေ ပွက်ပွက်ညံခဲ့လေသည် ။ ဥာဏ်အမြော် အမြင်ကြီးကာ ကိုယ်ချင်းစာတရား လက်ကိုင်ထားသည့် နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များသည် သူတို့တိုင်းပြည် တိုးတက်ကောင်းမွန်ရေး အတွက်  ကြိုးစားကြသလို သူတို့နိုင်ငံသားများ၏ အခွင့်အရေး တန်းတူညီမျှ ရရှိရေး အတွက် အထူးကြိုးစားဆောင်ရွှက်လေ့ရှိကြသည် ။  ကိုယ်တိုင်က ဥာဏ် အမြော်အမြင် နည်းသည့်အပြင် ပညာမတတ်သော နောက်လိုက်များ၏ မြှောက်ပင့်ပြောဆိုမှုကို အဟုတ်ထင်မှတ်နေကြသည့် အာဏာရှင်များကမူ လူအခွင့်ရေး ဆိုသော စကားလုံးကို  နားလည် လက်ခံလေ့ မရှိကြချေ ။
သူတို့တွေရဲ့ မလိမ္မာတဲ့ အတွေးအခေါ်နဲ့ ကိုယ်ကြိုးရှာလိုတဲ့ အတ္တကို အခြေခံပြီး သုံးသပ်ကြတော့“ လူ့အခွင့်အရေး ဆိုတဲ့ စကာလုံးဟာ သူတို့တွေရဲ့ နားထဲမှာ မုန်းတီးစရာ ကောင်းနေမှာ အမှန်ပါဘဲ ။ ငါသာလျှင် အဓိက ၊ ငါသာလျှင် ပဓါန ၊ ငါ့မိသားစု ၊ ငါ့အသိုင်းအ၀ိုင်း ၊
ငါလုပ်မှ မှန်တယ် ၊ ငါသာလျှင် ပညာရှိ ၊ ငါဆိုတဲ့ စကားလုံးတွေကို လှိုင်လှိုင်သုံးပြီး သူတို့အရပ် သူတို့ဇတ်က တာကို အဟုတ်မှတ်ပြီး အများကောင်းကျိုးဆိုတဲ့ စကားလုံးကို ချောင်ထိုးထားတတ်ကြတာ ဘယ်သူမှ ငြင်းလို့မရပါဘူး ။
 
လူတစ်ဦးတစ်ယောက်သည် အမြင်တခုကို ရှုမြင်ရာ၌ သူတို့၏  ပင်ကိုယ်စိတ်ဓါတ် နှင့် သူ၏ အသိအမြင်ပေါ်တွင် အခြေခံ၍ သုံးသပ်လက်ခံလေ့ ရှိကြသည် ။ လောဘ ကြီးသူတစ်ယောက်ကို ငွေရလျှင် ပြီးရော ဘာမဆို လုပ်သင့်သည်ဟု တင်ပြလိုက်လျှင် နှစ်ခြိုက်စွာ လက်ခံလေ့ရှိသည် ။ အာဏာတပ်မက်သူ တစ်ယောက်ကို  အာဏာရဖို့သာ အဓိက ဘာလို လုပ်ဆောင်ချက် ဖြစ်ဖြစ် လုပ်ကိုင်သင့်သည်ဟု တင်ပြလိုက်လျှင်လည်း နှစ်ခြိုက်စွာ လက်ခံပေ လိမ့်မည် ။ မေတ္တာ တရား ကြီးမားလွန်းသူတစ်ယောက် သီးခံခြင်း သည် အရာရာကို အောင်မြင်နိုင်၏ ဟု အကြံပေးလျှင်လည်း
ယုံကြည် လိုက်နာ ဆောင်ရွက်ပေလိမ့်မည် ။ ထို့ကြောင့်လူသားတို့ လက်ခံကျင့်သုံးသော ၀ါဒများသည် သူတို့၏ ပင်ကိုယ် စိတ်နေစိတ်ထားကို
များစွာ ဖော်ပြလေ့ရှိသည် ။  လောဘကြီးသူကို ရိုးသားဖြောင့်မတ်စွာ ဖြင့် နေထိုင်ခြင်းသည် ကောင်းမွန်ပါသည် ဆိုသည့် အယူအဆကို တင်ပြလျှင် ခါးသီးစွာ ငြင်းဆန်ပေလိမ့်မည်။ အာဏာတပ်မက်ကာ ကိုယ်ချင်းစာတရားခေါင်းပါးသူကို နိုင်ငံသားတိုင်း လူ့အခွင့်အရေး အပြည့်အ၀ ကို တန်းတူညီမျှ ရရှိခံစားသင့်သည် ဆိုသည့်  အယူအဆသည် ကောင်းမွန်ပါသည်ဟု တင်ပြလျှင်လည်း ငြင်းဆန်မည် မှာ သဘာဝ ပင်ဖြစ်သည် ။
 
သူတို့တွေ လက်မခံနိုင်တဲ့ လူ့အခွင့်အရေး ဆိုတဲ့ စကားသံကို ပြည်သူလူထုပါ နားမလည်အောင် အသိညဏ်ကို အဆိပ်ခတ်တတ်ကြတာ
အာဏာရှင်တိုင်းရဲ့ မဖောက်ပြန်တဲ့ သဘောတရား အမှန်ပါ ။ ဒီတော့ သူတို့တွေ မသိစေချင်တဲ့ လူ့အခွင့်အရေး ဆိုတဲ့ စကားလုံးကို
ကျနော်တို့ သိအောင် ကြိုးစားရမယ် ဆိုတာလည်း ပြည်သူလူထု အားလုံးရဲ့ သမိုင်းပေးတာဝန် တရပ်ပါဘဲ ။ ဒါကြောင့် လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့အထိမ်းအမှတ် အဖြစ်ကျင်းပမည့် လူ့အခွင့်အရေး ဆိုင်ရာ စာပေနှီးနှော ဖလှယ်ပွဲကို ကြွရောက်ပါရန် ပွဲဖြစ်မြောက်ရေး ကြိုးစားနေသူမျာ၏ ကိုယ်စား ကျနော် ဗမာ့သွေးမှ မိတ်ဆွေတို့ကို လေးစားစွာ ဖိတ်ကြားလိုက်ရပါသည် ။
 
ခင်မင်လေးစားလျှက်
 
ဗမာ့သွေး
 
မြန်မာနိုင်ငံသား အားလုံးနဲ့ မြန်မာ့နိုင်ငံသားတို့ရဲ့ လူအခွင့်အရေး မမျှတမှုကို နားလည် သဘောပေါက်ကာ ၀ိုင်ဝန်းကူညီပေးနေကြသူ အားလုံးကို ဖိတ်ကြားပါတယ်ခင်ဗျာ ။ ထိုပွဲကို ခမ်ခမ်းနားနားကျင်းပနိုင်ရန်နှင့် လာရောက်ကြသော ဧည့်သည်တော် အပေါင်းတို့ကို တည်ခ...င်းဧည့်ခံ ကျွေးမွေးနိုင်ရန် မိမိတို့ တတ်နိုင်တဲ့ဘက်က ကူညီပေးလိုကြသူများ သာ မက ထိုအခမ်းအနားတွင် လိုအပ်မည့် လုပ်အားကို လည်း ကူညီပေးနိုင်ပါတယ် ။
burmathwe@gmail.com , minhtat77@gmail , blue.peaceforu@gmail တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။

0 comments:

Post a Comment