,
|

ဦးအောင်ဆန်းဦးမှောက်တဲ့ သပိတ်က အင်းဝလုပ်တဲ့ သပိတ်လေလား ထိုင်းသပိတ်လေလား စဉ်းစားတော့ အမှန်က

ကိုရင်ဘ၀ကထဲက အင်းဝမှာလုပ်တဲ့ သပိတ်ပဲဖြစ်ဖြစ် မန္တလေးကလုပ်တဲ့ သပိတ်ပဲဖြစ်ဖြစ် ဘာသပိတ် ညာသပိတ် မစဉ်းပါဘူး အဓိက သပိတ်ပိုက်ပြီး ဆွမ်းခံထွက်မှ ဆွမ်းစားရတာပါ၊အခုဟာက လူတွေကဆင်းရဲတော့ သပိတ်တလုံး ၀ယ်ပြီးလှူနိုင်ဖို. မလွယ်ဘူး ဒါကြောင့် ရထားတဲ့ သပိတ်လေးကို မှောက်ချီ လှန်ချီလုပ်ရင် ပုံမတော်လို.
သပိတ်လွတ်ကြရင် ဆွမ်းလဲမစားရ၊ သပိတ်ဝယ်စရာ ဘတ်ချက်လဲမရှိဘူး ဒါကြောင့် ကိုယ်ရဲ. သပိတ်ကို ရိုရိုသေသေ စွဲကိုင်လျှက်............

နေတတ်သလိုသာ နေလိုက်ချင်ပေမဲ့

* အိုးကမပူစလောင်းကပူဆိုရချင်ဆို၊နေတတ်သလိုသာ နေကြရင် အသေမြတ်မယ်မဟုတ်ဘူး၊အင်တာနက် စာမျက်နှာမှာ ဘုန်းကြီးနဲ.ဘီး အမြင်မတော်ဆိုပြီး၊စာလေးတခုရောက်လာတယ်၊ ဂျပန်က ဒကာကြီး ဦးညွန်.ရွှေ က သံဃတပ်ပေါင်းစုအဖွဲ.က ဦးအောင်ဆန်းဦး သပိတ်မှောက်လိုက်တာကို၊ဒကာကြီးကိုယ်တိုင်က သပိတ်ဆို တာအသေချာမသိသလို၊ဘုန်းတော်ကြီးတွေရဲ့ တော်လှန်းရေးစိတ်ရဲ့ အနှစ်သာရကို မသိတော့ အခက်သားနော်၊ ၀ိပဿနာ၊တရားဘာဝနာမျှသာ လုပ်စေချင်တဲ့ မဟာဂန္ဓာရုံဆရာတော်ရဲ့ သြ၀ါဒတွေကိုပုံပြ၊နိုင်ငံတော် သံဃ မဟာနာယက အလိုကျတချိန်တခါက ဘုန်းဘုန်းတို့လဲ လုပ်ခဲ့ပြီးပြီ၊သြ၀ါဒပေတဲ့ အလေ့အထကတော့ မြန်မာ နိုင်ငံမှာ ကြာခဲ့သလို၊အဲဒီအလုပ်က လွယ်ပါတယ်၊ဆရာများ သားသေဆိုသလို၊ဒီထဲမှာ မဟာဂန္ဓာရုံ ဆရာတော် အစ ဆရာတော်အထိုထိုက ဆုံးမကြတာပဲ အခု ကိုယ်တိုင်က ဆုံးမရမည့် နေရာမှာ ရောက်နေတော့ ဘုန်းဘုန်းက နေတတ်သလိုသာ နေလိုက်ချင်ပေမဲ့ နေမရခဲ့ဘူး၊စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလိုမျိုး ၄၇ခုနှစ်၊၇၄၊ခုနှစ်၊၂၀၀၈ခုနှစ် အမျိုးမျိုးဖန်တီးတယ်၊အခု ဒေါ်အောင်ဆန်းစုကြည် အိမ်ပိုင်ဆိုင်မှုကို စစ်အစိုးရ ဥပဒေက ဘယ်ခုနှစ်က ဥပဒေမှန်း မသိသလို လိုရာဆွဲတဲ့ ပုဒ်မတွေမို့ မဟုတ်မမှန် တာတွေ့တော့ တကမ္ဘာ လုံးက လက်မခံဘူး၊ ဒီလိုပဲ ဒကာကြီးစာထဲမှာ မဟာဂန္ဓာရုံဆရာတော်လဲပါ၊နိုင်ငံရေး ဘုန်းကြီးတွေလို. ပြောလို့ ပြော၊တရားပေါက်တဲ့ ကိုယ်တော်များ မရှိတာတွေလဲပါ၊နောက်ဆုံးတော့ သပိတ်မှောက်တာဟာ အောင်ဆန်းဦး တို့လင်မယား အိပ်ရေးမပျက်ဘူးတဲ့၊ သြော် ဒကာကြီးစိတ်က အဲဒီကို ရောက်နေတာကိုး၊ဒါတွေအားလုံးကို ခြုံကြည့်တော့ ဒကာကြီးကိုယ်တိုင်က စစ်အစိုးရဥပဒေလိုပဲ ကမောက်ကမပါလား၊ကဲလေ အဓိက အကြောင်းတွေပြောချင်တာက ဘုရားသားတော်မို့ ဘုရားဟောခဲ့တဲ့ ပါဠိတော်ရဲ့ By Law အတိုင်း သပိတ်ဆိုတာ သံဃာပိုင်တယ်၊ မြတ်စွာဘုရားက သာသနာ့အန္တရာယ်ကျရောက်အောင် အောက်ပါရှစ်ခု စလုံးကိုဖြစ်စေ၊တခုခုကိုဖြစ်စေ ပြုလုပ်လာသူကို သံဃာများက သံဃဆန္ဒနှင့်အညီ ပစ္စည်းလေးပါးအလှူခံမူ မပြုဘဲ၊ဘာအဆက်အသွယ်မှ မလုပ်ဘဲ သဘောတူနေကြတာကို သပိတ်မှောက်တယ် လို့ဆိုတာပါ၊ ဘုရားရှင်လက်ထက်ကထဲက လူရိုင်းရှိလို့ စူဠ၀ဂ္ဂပါဠိတော်မှာ ဘုရားကဟောခဲ့ပါတယ်၊
*
* 1. ရဟန်းတို့ကို လာဘ်မရအောင် အားထုတ်ခြင်း
* 2. ရဟန်းတို့ကို အကျိုးမဲ့ ဖြစ်အောင် အားထုတ်ခြင်း
* 3. ရဟန်းတို့ကို နေရာမရအောင် အားထုတ်ခြင်း
* 4. ရဟန်းတို့ကို ဆဲရေးခြင်း၊ ခြိမ်းခြောက်ခြင်း
* 5. ရဟန်းတို့ကို အခြင်းခြင်း ကွဲပြားအောင် ဂုံးတိုက်ခြင်း
* 6. ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောကြားခြင်း
* 7. တရားတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောကြားခြင်း
* 8. သံဃာတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောကြားခြင်း တို့ဖြစ်ကြသည်။
* ဒီရှစ်ခုကို ချုပ်လိုက်ရင် ဘုရား၊တရာ၊သံဃာ ရတနာသုံးပါးကို စော်ကားလို့ရှိရင် သပိတ်မှောက်လို့ ဘုရားရှင်က ချမှတ်ခဲ့တာပါ၊တပည့်လိမ္မာ ဆရာအာပတ်လွတ်၊၀ိနည်းတတ် ကြက်သတ်ဆိုတာက ကြားဖူးမှာပေါ့၊ဘုရားဟော တဲ့ ရှစ်ခုကို အဋ္ဌကထာ၊သာရထ္ထဋီကာ၊၀ဇီရဗုဒ္ဓိဋီကာ၊၀ိမတိဋီကာ ဆရာတော်တွေက အမျိုးမျိုး အကျယ်ခဲ့တာ၊
* အဲဒီစာတွေကို ကြည့်ပြီး မလုပ်ချင်ရင် ၀ိနည်းလွဲချ၊လုပ်ချင်တာကြတော့လည်း ပုထုဇဉ်ဗီဇမို့ ဆိုကြမှာပဲ၊လိုရာ ဆွဲပြောကြတဲ့ ဘ၀တွေထက်စာရင် ဘုရားရှင်အလိုကျဆိုရင် ပိုမကောင်းဘူးလား၊ဘုရားရှင်က ဒေါ်အောင်ဆန်း စုကြည်အိမ် ပြဿနာရှာသူများကို သပိတ်မှောက်လို.မဆိုထားသလို၊အဋ္ဌကထာဆရာတော်များလဲ ရှစ်ခုထဲက တခုခုလုပ်ရင် သပိတ်မှောက်လို့သာ ဖွင့်ထားတယ်၊အောင်ဆန်းဦးကလဲ ဘယ်ဘုန်းကြီး၊ဘယ်ကျောင်းတိုက်ကို စော်ကားထားခဲ့တယ်ဆိုတာ မကြားမိ၊ပြဿနာက ဒေါ်စုရယ်၊အောင်ဆန်းဦးရယ်၊စစ်အစိုးရပဲဖြစ်တယ်၊၊
*
* ဒေါ်စုက သူ့အိမ်ကို သာသနာ့မြေအဖြစ်လှူတာလဲ မဟုတ်၊သပိတ်မှောက်တာ မှားလား၊မှန်လား ပါးပါးလေး စဉ်းစားရင်တောင် သိပါတယ်၊ စစ်အစိုးရဲ့ ကြံ့ဖွတ်တွေက လက်ထဲကဒုတ်နဲ့ တွေ.သမျှလူကို ရိုက်သလိုမျိုး ဘုန်းကြီးတွေကလဲ တွေ့သမျှလူကို စည်းကမ်းမရှိ သပိတ်မှောက်တာပါလားလို့ ၀ါးလုံးရှည်နဲ. သိမ်းကျုံး မရမ်းဖို့လိုပါတယ်၊စာလေးတလုံး၊နှစ်လုံးဖတ်ပြီးဘုန်းကြီးကို ဆရာလုပ်ချင်ကြတာပါ၊ ဘုန်းကြီးများက ငယ်ကထဲက စာလုပ်ခဲ့တာ စာပေအရတော့ ကျွမ်းပါတယ်၊ငါးပါးသီလမလုံတဲ့ လူအချို့က ဘုန်းကြီးကြည့်ပြီး ဟိုဆရာတော်က တော်တယ်၊ဒီဆရာတော်က ဘယ်လိုစတဲ့ သံဃာအချင်းချင်း အထင်လွဲပြီး သံဃာကွဲအောင် စစ်အစိုးရအစ တရားသမားလို၊ဘုရားသမားလိုလို သူတွေအဆုံး လုပ်ကြတာကို အစောက သပိတ်မှောက်ကံနဲ. တိုက်ရိုက်ထိ တယ်နော်၊၊
* ဒီထဲ တချို့ဘုန်းကြီးက သပိတ်မှောက်ထားသိပါလျှက် အောင်ဆန်းဦးက ဆွမ်းပင့်ကပ်တဲ့ရက်ကို တသက်တိုင် မမေ့နိုင်ဖြစ်မယ်၊စစ်အစိုးရကို သပိတ်မှောက်တဲ့ တိပိဋက ဦးသုမင်္ဂလ၊ ဗိုလ်ချုပ်ခင်ညွန့် ကျောင်းဆောက်တော့ ဦးသုမင်္ဂလကြီးလဲ ကျောင်းတွေပိုင်ရော သဘောတွေကျ၊အခုပျံလွန်သွားတော့ သူ့ဘ၀၊သမိုင်းမလှပါဘူး၊ အခုလဲ အောင်းဆန်းဦးက ကျောင်းလာဆောက်မှ အရမ်းသဘောကျသွားပြီး ဒါမှ ဗိုလ်ချုပ် သားဦး အောင်ဆန်းဦးဆိုပြီး မှောက်တုံးကလဲ တယောက်ထဲ၊လှန်တော့လဲ သူပဲဖြစ်တတ်တဲ့ အရာတွေကို နှစ်ပေါင်း နှစ်ဆယ်အတွင်းမှာ သင်္ခန်းစာယူပါ၊သမိုင်းတွေကို သွေးနဲ.ရေးသူရေး၊ ဒေါ်လာတွေနှင့် ဖေးသူဖေး နေကြမှန်ပေမဲ့ သွေးနဲ.ရေးခဲ့သူသမိုင်းနဲ့ ပုတ်သင်ညိုလို အရောင်ပြောင်းတဲ့ သူတွေသမိုင်းဟာ သံဃာစင် ရောက်မှ ပြောင်းပြန်လုပ်လို့မရပါဘူး၊၊
*
* စစ်အစိုးရဥပဒေသာ လိုရာဆွဲပြီး အမိန့်ချနိုင်သော်လည်း ဗုဒ္ဓရဲ့ ၀ိနည်းဥပဒေကိုယ်တော့ လုပ်ချင်သလို လုပ်လို့မရတာအမှန်ပါ၊ဒါကြောင့်သံဃဆန္ဒ ဘုရားနည်းကျ ဆုံးမကြမယ်ဆိုရင် တချို.က ဘ၀င်မကြပေဘူး၊ လောကမှာ ချဉ်ရည်ချက်ပြီးမှ ဟင်းချိုမုန့်ရှာနေကြသူတွေ၊တော်လှန်ရေးဖက်တော်သား လုပ်ပြီးမှ အကျိုးစီးပွား သက်သက်မျှသာ ရှေးရှူတဲ့ လူသားတွေနှင့် မလွဲသာလို့ အတူတွဲရတဲ့အခါမှာ လူတွေရဲ့ အလှည့်အပြောင်းကို ဘုန်းကြီးတွေက ခံကြရပေမည်၊ ဘာကြောင့်လဲဆိုတော့ မသိပြန်လဲ ဘုန်းကြီးက ဒါလေးတောင်မသိဘူးလား ပြောမယ်၊အပ်ကျတာကစပြီး သိတော့လည်း ဘုန်းကြီးက ဒါတွေပါ သိတယ်ဖြစ်ရပြန်ပြီ၊ဘုန်းကြီးတွေ ကတုံး၊ငအ ဖြစ်မှ စစ်အာဏာရှင်က အသုံးချလို.ရတယ်၊အသက်ရှင်ပြီး အသိဥာဏ်တုံးအောင် တိုင်းပြည်တခု လုံးကို ဖန်တီးတဲ့ ဦးနေ၀င်းစနစ်ကို ဒကာကြီး ဦးနှောက်ထဲ စစ်ဝါဒီ Virus ကိုက်နေပြီ၊ဒါကြောင့်လဲ ခေတ်နှင့် အညီ ပိဋကတ်စာတွေကို ကမ္ဘာမျက်နာပြင်မှာ ပြန့်ပွားအောင် အင်တာနက်က ဓမ္မအသံတွေကို အဓမ္မ၀ါဒ သမားတွေက မကြားချင်တာ သဘာဝပါ၊ဒါကြောင့်လဲ ရဟန်းနဲ. မဆိုင်တဲ့ အင်တာနက်လို့ထင်နေမည့်အစား သာသနာကို အမြင်ကျယ်တဲ့ သဒ္ဓါတရားနဲ့ ဒကာကြီး ဦးနှောက်က စစ်ဗိုတ်ရတ်ပိုးသတ်လိုက်ပါ၊ဒါပေမဲ့ ရဟန်းတွေဟာ နိုင်ငံရေး သမားမဟုတ်၊သာသနာ့အကျိုး၊တိုင်းပြည်အကျိုး ဖြစ်ထွန်းစေမည့် ပရဟိတ အလုပ်မျိုးသာ လုပ်ကြတာပါ၊၊
*
* မယားကိုကြောက်တဲ့သူတွေက တရားမပေါက်နိုင်၊အာဏာရှင်ကိုကြောက်တဲ့သူများရင် ဒီမိုကရေစီမရောက်နိုင်၊
* ဒကာကြီးရေ အောင်ဆန်းဦးကို သပိတ်မှောက်တာက စာပေနှင့်မညီလဲ မှောက်တဲ့သူတွေက လူထုချစ်တော် ဒေါ်စုအတွက်ပဲ၊မှောက်ချင်သလို လှန်ချင်သလို တီထွင်ကြတဲ့အထဲမှာ ကိုယ်ကြောင့်တော့ သမဏသမိုင်း မရိုင်းရအောင် ထိမ်းရမှာပေါ့၊ဟိုတလောက အစာအိမ်မှာ အူတတ်ပေါက်တယ်ဆိုပြီး မှားခွဲလို့ ရန်ကုန် ဆရာဝန် လောကပါ ဂုဏ်ပျက်တာထက် အသက်(၁၅)နှစ်အရွယ်(၉)တန်းကျောင်းသူ ခိုင်ရွှန်းလဲ့ရည်ရဲ့ မိဘတွေကသွေး နဲ.မွေးခဲ့သည်မို့ sorry လို့မကြားချင်အောင် ခံစားရမယ်၊ဒီလိုပဲ ဦးအောင်ဆန်းဦး ဦးနှောက်မှာလဲ ဇနီးဖြစ်သူက ဗိုတ်ရတ်ပိုးတွေ ရာနုံးပြည့်ထည့်ထားလေတော့ သူကမြာမှာလည်း အောင်ဆန်းသွေးတွေပျောက် မိန်းမဖောက် တဲ့လမ်းကိုပဲ စောက်ချနေတဲ့ သူ.ဘ၀အမှန်ကို မောင်နှမချင်းဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုပဲဖြစ်ဖြစ် သွေးသားအရင်းဖြစ်တဲ့ အကိုကြီးကို သပိတ်မှောက်တာသိရလို. ၀မ်းသာရက်မှာတော့ မဟုတ်ပါဘူး၊၊
*
* ဘုန်းဘုန်းသဘောထားပြောရရင် သပိတ်မှောက်ဖို့ ပါဠိဘာသာတွေပြောရင် ရှည်နေမယ်၊ဗိုလ်ချုပ်အောင်ဆန်း ကိုမေ့နိုင်လို. အမေရိကန်နိုင်ငံသားဖြစ်ခဲ့တာပါ၊ဒေါ်အောင်ဆန်းစုကြည်ကတော့ ယောကျားနဲ.သားတွေကိုစွန်. ဗိုလ်ချုပ်အောင်ဆန်းရဲ. တိုင်းပြည်ချစ်စိတ် အမွေတွေကို အမိအရယူပြီး ဗမာနိုင်ငံသူပီပီ အာဏာရှင်ဆီကို ရဲရဲဝံ့ ၀ံ့ ရင်ဆိုင်နေတာပါ၊ဘယ်လိုပဲဖြစ်စေ အချိန်တန်ရင် သွေးကစကားပြောမှာပါ၊စားစရာမရှိ ငတ်ပြတ်နေလို. အိမ် ပိုင်ဆိုင်မှု လုပ်တာမဟုတ်ဘူးဆိုတာတော့ သိရမှာပါ၊
*
* ဘုန်းဘုန်းကတော့ အောင်ဆန်းဦးဟာ Virus ပိုး ကိုက်နေတဲ့ ကွန်ပြူတာအစုတ်ကြီးလို သဘောထားတယ်၊ ဒါပေမဲ့ မိန်းမဆီက မကောင်းတဲ့ ပိုးတွေရှိပေမဲ့ အောင်ဆန်းဦးဟာ ဗိုလ်ချုပ်အောင်ဆန်းသားမို့ ကွန်ပြူတာ အပျက်ကြီးထဲမှာ သုံးလို့ရသေးတဲ့ ဆော့ဝယ်လေးသာကြည့်ပြီး ဒေါ်စုက နားလည်ပေးနေတာပါ၊နေတတ်သလို သာ နေလိုက်ကြရင် အသေမမြတ်ပါဘူး၊ ဒေါ်အောင်ဆန်းစုကြည် အနေကြပ်အောင် ဖန်းတီးတဲ့ လူဗာလ အောင်ဆန်းဦးလုပ်ရပ်တွေကို လက်မခံပါဘူး၊၊
*
* ကြိုင်ကြိုင်ရဲ. Virus ထိလို. သန်းရွှေကြီးနွားဖြစ်ခဲ့ရ၊
* လဲ့လဲ့နွယ်သိန်း ထိမိလို. ကိန်ကိန်ဆိုပြီး အောင်ဆန်းဦး ခွေးဖြစ်ရ၊
* ကဲဗျာ လူကနေ ခွေးစိတ်နွားစိတ်ပေါက်အောင်
* စွမ်းနိုင်ခဲ့တာကတော့ ဘာမှမဆိုင်ဘူးလို. ဆိုချင်သလား
*
* ခိုင်ရွှင်လဲ့ရှည် သေမည့်အစား အသိတရားမရှိတဲ့ အောင်ဆန်းဦး ဦးနှောက်ကို ဖောက်ခွဲလိုက်ရင်
* သပိတ်မှောက်တဲ့သူက နေအုံးဗျ ကျောင်းရေစက် မချရသေးဘူးလို.ဆိုလာရင်…………
* ဦးနှောက်ကို ဖောက်မှာလား…..
* ရေစက်ချ စောင့်မှာလား…..
* အောင်ဆန်းဦးလဲ အသက်မပျောက်၊ သပိတ်မှောက်သူလည်း ကျောင်းဆောက်ရအောင်
* အားလုံးကို အပြုသဘောဆောင်ပြီး ဘုန်းဘုန်းစံကတော့ ဒကာကြီး ဦးညွန်ရွှေက တရားပေါက်တဲ့ ကိုယ်တော် ဖူးချင်တော့ မတရားတာလုပ်တဲ့ သူတွေကို ရှင်းထုတ်ပစ်မှ သံဃာတော်များ တရားအလုပ်ကို လုပ်နိုင်မှာပေါ့၊
* ဒကာကြီးက အရင်းဆိုက်ပြီး မတရားမူကို အတင်းဝင်တိုက်မယ်ဆိုရင် ……………
* သံဃာတွေအားလုံးက ပတ္တနိကုဇ္ဇနကံ ဆောင်ရမည့် သူများ မရှိတော့ရင် ……….
* လူတွေအားလုံးက လိမ္မာလို. ထိုင်စရာ ပလ္လင် မကြည့်ကြရင်……
* သံဃာစင်မှာလဲ အားလုံးထိုင် သမဂ္ဂစိတ်ထားကြမယ်ဆိုရင်…..
*
* သံဃတပ်ပေါင်းစုက သပိတ်မှောက် စာထုတ်ခဲ့ပြီ၊အောင်ဆန်းဦးကရော ဗုဒ္ဓဘာဟုတ်ရဲ့လား၊စာထုတ်တဲ့ သံဃာ့တပ်ပေါင်းစုကရော ဘာလဲ၊ဘယ်လဲ၊ဘယ်မှာလဲလို. သတင်းသမားတွေက ဖုံးတွေဆက်ပြီး ဘုန်းဘုန်းကို မေးကြတယ်၊အဖြေကြပ်ပေမဲ့ ကာယကံရှင်တွေကိုယ်တိုင် ရေးထားတဲ့ ၀က်ဆိုက်တွေကို ပေးလိုက်တယ်၊ ရွှေဝါရောင်တော်လှန်ရေးကာလဟာ မကြာလှပေမဲ့ စစ်အာဏာရှင်ကို အမှန်တကယ်တော်လှန်တဲ့ အရှင်ဂမ္ဘီရ ခေါ် ဦးစန္ဒောဘာသနှင့် သူထောင်မကျခင်က ဖုံးတွေနှင့် သာသနာရေးတွေဆွေးနွေးဖြစ်တယ်၊အလားတူ မိုးမခ သတင်းဋ္ဌာနမှာ ဦးသြဘာသ (နဂါး)ကိုယ်တိုင်ရေးထားတဲ့ သံဃတပ်ပေါင်းစုဖြစ်ပေါ်လာပုံသမိုင်း ဖတ်ရတယ်၊ သူနဲ.လဲ သာသနာရေးတွေ ပြောဖြစ်တယ်၊အကြိမ်မနှဲပါဘူး၊သံဃတပ်ပေါင်းစုသမိုင်းအမှန်ကို ကာယကံရှင် တွေသာ သိကြမည်မို့ ဒါနှင့်ပတ်သက်ပြီး တာဝန်ရှိသူတွေက သမိုင်းအမှန်ကို မချန်ဖို.၊လိမ်ညာနေမှုကိုတွေကို တွန်းလှန်ခြင်းဆိုတာက အမှန်တရားသိသူတို.က ဖော်ထုတ်ရေးဖို.လိုပါတယ်၊၂၀၀ဂခုနှစ် သြဂုတ်လ(၁၉) ဦးသြဘာသက မိုးမခမှာ သံဃတပ်ပေါင်းစုကို ဦးဂမ္ဘီရ၊ဦးသြဘာသ၊ဦးခေမိန္ဒ၊ဦးတေဇ၊လေးပါးတို.သာ ဦးဆောင်လုပ်ခဲ့ တယ်လို.ဆိုပါတယ်၊ဒါပေမဲ့ ဦးပညာဇောကကတော့ သူကိုယ်တိုင်ပဲ ဘလောက်စ်မှာ ဦးပါကဋ (ခ) ဦးပညာဇောတ၊ဦမေဓာဝီ၊ဦးခေမိန္ဒ၊ဦးတေဇ၊ဦးဂမ္ဘီရ၊အားလုံးခြောက်ပါးက သံဃတပ်ပေါင်းစုကို ဦးဆောင် လုပ်တယ်လို့ ၂၀၀၈ခုနှစ် ဖောဖော်ဝါ၇ီ ၂၇ စာရေးထားတာတွေ့ပါတယ်၊၊ ဒီကွဲပြားမှုဟာ အခုရေးနေတဲ့ သူက အမှားအမှန်မသိပါဘူး၊သမိုင်းအမှန်ကို သိတဲ့ သံဃတပ်ပေါင်းစုသံဃာတော်များက ရေးကြမှသာ အားလုံးသိခွင့် ရကြမယ်၊အခုလက်ရှိအခြေအနေက သံဃတပ်ပေါင်းစုကို သူပိုင်တယ် ငါပိုင်တယ် ဆိုတဲ့ အနေထားမျိုး၊ရွှေဝါ ရောင်အချိန်မှာ တကယ်ပါဝင်ခဲ့တာတော့ ဦးဂမ္ဘီရ၊အခုထောင်ထဲမှာပေါ့၊နောက်တပါးက ဦးပညာသီရီ အိန္ဒိယ၊ ဦးဣဿရိယ ထိုင်း၊ဦးဃောသိတ၊ဦးပညာသီရိ (ယူတီကာ) လမ်းမပေါ်မှာ ပရိတ်ရွတ်ခဲ့တဲ့ သံဃာများ အမေရိကကို ရောက်လာပါတယ်၊အဲဒီအထဲမှာ ထိုင်းကို ရောက်နေတာ ဆယ်နှစ်ဆယ်ငါးနှစ်နေခဲ့ပြီးသားများနှင့် ရွှေဝါရောင်မတိုင်ခင် ရောက်နေကြတဲ့ သံဃာများ စသည်စသည် ဘယ်သူ ဘာလဲဆိုတာ လာခဲ့တဲ့သူ အချင်း ချင်းမှသာ အတိကျသိမှာပါ၊
*
* အခုတလော ဦးအောင်ဆန်းဦးအား သပိမှောက်ကံပြုတာက နယူးယောက်ပြည်နယ် ယူတီကာမြို့မှာ နေတဲ့ ဦးပညာဇောတက သံဃတပ်ပေါင်းစုဆိုပြီး ၂၀၀၇ခုနှစ်လို့ တံဆိပ်ပါ၊ သူရဲ.ထုတ်ပြန်တဲ့ စာတွေမှာ မြင်ရမှာပါ၊ ထိုင်းမှာ သံဃတပ်ပေါင်းစု ဦးသြဘာသဆိုပြီး တံဆိပ်တုံးမထု၊စာတွေမထုတ်ပဲ လုပ်နေတဲ့ တပါး၊နောက် သံဃတပ်ပေါင်းစုတပါးက ထိုင်းမှာပဲရောက်နေတဲ့ ဦးဣဿရိယ၊သူကတော့ အဖွဲ.တံဆိပ်မှာ ၁၉၉၀ခုလို ရေးထိုးပါတယ်၊သုံးမျိုး သုံးစားကွဲပြားနေတဲ့ စာရွက်စာတမ်းဖြစ်လင့်ကစား ရည်ရွယ်ချက်ပန်းတိုင်က……..
* သံသာရ၀ဋ္ဋ ဒုက္ခတော မောစနတ္ထာရ နှင့် Free Burma မဟုတ်ပါလား၊သံသရာဝဋ်ဆင်းရဲကလွတ်မြောက်ဖို. နှင့် တိုင်းသူပြည်သားအားလုံး စစ်ဆိုးစနစ်က လွတ်မြေက်ရေးဆိုရင် ဒီဝဋ်ဒုက္ခတွေက လွတ်မြောက်ဖို.ရာ ဆိုတာက အရင်ဆုံး လူသားတွေ စားစရာဆန်၊အိပ်စရာတဲ ရိပ်သာထဲသွားမှ စားရ၊၀တ်ရတာမျိုးမဟုတ်ပဲ လူတိုင်းမှာ စားဝတ်နေရေး ပြေလည်ဖို.လိုပါတယ်၊စားစရာမရှိတဲ့လူ ဘယ်လိုတရား ရမှာလဲ၊ ဘုရားလောင်း(၆)နှစ်လုံးလုံး မစားပဲ ဒုက္ကရစရိယကျင့်တာက စားစရာမရှိလို. မဟုတ်ဘူးနော်၊စားစရာရှိတယ်၊သူမစားဘဲ အစာငတ်ခံ ဆန္ဒပြ တာက ဒုက္ခတွေကို သူကိုယ်တိုင်လွတ်မြောက်ပြီး သတ္တ၀ါတွေကို ကယ်ဆယ်ဖို.ပါ၊ဒီလိုပဲ အမေရိကရောက်နေ ကြတဲ့ မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသနှင့် ပီနန်ဆရာတော်ကြီးတို.ဟာ ဆင်းရဲအပင်ပန်းခံပြီး သာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ.ကို တည်ထောင်တာလဲ တိုင်းပြည်မှာ ဆင်းရဲဒုက္ခရောက်နေတဲ့ ရဟန်းရှင်လူပြည်သူများကို ကာကွယ်ပေးပြီး သာသနာတော်ကြီးအပေါ်မှာ ကျရောက် နေတဲ့ အန္တာရာယ်တွေကို ကာကွယ်ဖို.ဖြစ်ပါတယ်၊၊တကယ်လဲ မစိုးရိမ်ဆရာတော်ကြီး အသက်ဆုံးသည့်တိုင် သာသနာ့အရေး ဒို.အရေးပေ ဆရာရော ဒကာရော မလျော့သော စိတ်တွေ ဘယ်ရန်သူမျိုး ထိုးဖောက်လာစေ ဒို.မမှုပေါင်းစု ကာကွယ်မလေ လို. ဆရာတော်ကြီးက အပြောနဲ.အလုပ် တထပ်ထဲကြခဲ့ပါတယ်၊၊


* ရှင်လောင်းအမည်က သံဃတပ်ပေါင်းစု၊
* မောင်ရှင်လောင်းကို အကြောင်းပြု
* တောရွာအလှူပွဲမှာ
* ထမ်းစင်ပေါ်က မောင်ရင်လောင်းကို
* လုကြတာဟာ အလှူ.ဒကာဆီက
* ငွေလိုချင်လို.ပါ၊
* သံဃတပ်ပေါင်းစု အမည်ကွဲတာ မဆန်းပါဘူး
* လာခဲ့တဲ့လမ်းကိုက သူကတောင်ကျောင်း ကိုယ်ကမြောက်ကျောင်း
* ရိုးရာမပျက် အလှူပွဲမှာ
* ထုကျနက်ကျ ရန်ဖြစ်ကြနဲ.
* မောင်ရင်လောင်း ဖြစ်ခဲ့ရတာ
* စိတ်ပျက်စရာ…
* ရှင်လောင်းဝတ်စုံလည်း ပျောက်
* လုကြတဲ့ သူတွေဆိုးပုံက
* ထမ်းစင်လဲကျိုး
* ဂမ္ဘီရရေ မင်းမှာလဲ သင်္ကန်းတွေ အချွတ်ခံရ
* ဆူညံတဲ့ မောင်ရင်လောင်းဘ၀ကို
* မမြင်ချင်တော့ဘူး၊
* ဒီမိုကရေစီဖက်တော်သားမို.
* ငါတော့ မင်းမလွတ်သေးတဲ့
* အချိန်တိုင်းဟာ င့ါသမိုင်း မလှတောင်
* ရိုင်းပြမသွားအောင်
* ဒီမိုး၊ဒီရေ၊ဒီလူတွေနဲ.
* မီးတောင်တွေကျော်ခဲ့ရ
* အခုဆို အေးမြတဲ့
* စနိုးတောရောက်တာတောင်
* ငါ့အတွက်မပူ ဒါပေမဲ့
* ငါချစ်တဲ့ သာသနာနဲ. ပြည်သူတွေအတွက်တော့
* ငါတယောက်ပူရဆဲပါကွာ၊၊
* ဗိုလ်ချုပ်အိမ်ကို သူပိုင် ငါပိုင်တွေဖြစ်
* တချိန်ထဲမှာပဲ မောင်ရင်လောင်းကို သူပိုင် ငါပိုင်
* ဖြစ်ကြတာ သူတို.တတွေအလုပ်က
* စစ်ကျွန်ဘ၀လွတ်မြောက်ဖို.မဟုတ်
* ငါတော့ နေတတ်သလိုသာ နေချင်ပေမဲ့………
*

* မေတ္တာဖြင့်
* အရှင်စန္ဒောဘာသာစာရ
* အမေရိက
* ashincandobhasacara@gmail.com

mail ဖြင့်ပေးပို့ လာသူအားကျေးဇူးတင်ရှိပါသည်..

0 comments:

Post a Comment