,
|

အာဇာနည်နေ့ကြီး ရောက်လာပါတော့မယ်



အာဇာနည်နေ့ကြီး ရောက်လာပြန်ပါပြီ ။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း ကို
လူတွေတော်တော်များများ က သမိုင်းက ပျောက်အောင် ကြိုးစားနေကြတယ်။
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး သမိုင်းမှာ ဘယ်သူတွေက တကယ် အနစ်နာခံပြီး လုပ်ခဲ့လဲ။
ဘာကြောင့်အာဇာနည်နေ့လို့ ခေါ်ပြီး ဂုဏ်ပြုကြရတာလဲ။
သူတို့တွေဟာ တကယ့်အာဇာနည် စိတ်ဓါတ်တွေနဲ့ ကြိုးစားခဲ့လို့ အာဇာနည်နေ့ကို ပေးခဲ့တယ်ဆိုရင်
ဘာဖြစ်လို့သမိုင်းကို အမှန်အတိုင်းမတင်ပြရဲ ကြတာလဲ။

အားလုံးသိစေချင်လို့ တင်ပြပါဦးမယ်။ ပြီးခဲ့တဲ့လက  weekly eleven မှာ သမိုင်းသုတေသီလို့ အမည်ခံပြီး
ရေးသားထားတဲ့ ဆောင်းပါလေးကို ဖတ်မိလိုက်တယ်။ ဗိုလ်ချုပ်အကြောင်းတော့မပါဘူး
ဂဠုန်ဦးစော ကို အမွန်းတင်ရေးထားတယ် ။
ကျွန်တော်ဆိုလိုတာ က ဦးစောဆိုတာ ကျွန်တော်တို့တိုင်းပြည်ကို နွံနှစ်နေတာကို ဆက်ပြီး တွန်းချခဲ့တဲ့သူ။
ဦးစောက ဘဲ သူရဲကောင်းလိုလိုရေးထားတာ တွေ့လိုက်ရပါတယ်။
စာဖတ်သူအားလုံးကော ဘယ်လိုသဘောရလဲ။ ဗိုလ်ချုပ်အောင်ဆန်းကို တို့တွေ
ကျွန်တော်တို့မမေ့သင့်ဘူးဆိုရင် ဘယ်လို ကျေးဇူး ဆပ်ကြရရင် ကောင်းမလဲ ။ ကျွန်တော့အမြင်အရ ပြောရရင်တော့အခုလာမည့် အာဇာနည်နေ့ ကို အာဇာနည်ဗိမာန်ထိ သွားရောက်ပြီး ဂါဝရပြုသင့်၊အာဇာနည်နေ့ နဲ့ ပတ်သက်တဲ့ဟောပြောပွဲတွေပြုလုပ်ပြီးအာဇာနည်နေ့ အကြောင်းကို သိခွင့်မရတော့တဲ့မျိုးဆက်သစ်တွေဖြန့် ဝေပေးသင့်ပါတယ်လို့ထင်တာဘဲ။
ကိုယ်စိတ်ထဲရှိတာကို မချွင်းမချန်ဖော် ထုတ်ပြသပြီးတော့အာဇာနည်နေ့ ကို ဂုဏ်ပြုသင့်ပါတယ်။
ဒါဟာ နိုင်ငံရေးဆန့်ကျင်မှုလုပ်တာ မဟုတ်ပါဘူး ။ ကျေးဇူးရှိတဲ့သူကို ဘယ်လိုကျေးဇူးဆပ်မလဲ၊ဘယ်လိုကျေးဇူးဆပ်သင့်သလဲဆိုတာကိုဆွေးနွေးတင်ပြတာပါ။
ကျွန်ူပ်တို့ လုပ်သင့်တာကတော့ အာဇာနည်ဗိမာန်ကို ပြည်သူလူထုအနေနဲ့ သွားရောက် အလေးပြုသင့်တယ်။
အာဇာနည်နေ့ ဂုဏ်ပြု အစီအစဉ်တွေကို ကို တတ်နိုင်သလောက် ကြိုးစားပြီး လုပ်သင့်ကြတယ်။
ဒီနှစ်မှာတော့ လူတော်တော်များများက အာဇာနည်ဗိမာန်ကို ချီတက်အလေးပြုကြလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်ုပ်တို့ တွေလည်း
အကုန်လုံး ချီတက်အလေးပြုကြပါစို့လို့ လေးလေးနက်နက်တိုက်တွန်းလိုက်ရပါ
တယ်။


PS.သမိုင်းသုတေသီ ဆရာတင်နိုင်တိုး တဲ့။ နှစ်နှစ်ဆယ်ကျော် သမိုင်းကို သုတေသနလုပ်လာတာပါတဲ့။ ရီစရာတောင်ကောင်းသေးတယ်။
ဗိုလ်ချုပ်အောင်ဆန်းတော့ သူရေးတဲ့ထဲမှာ မပါဘူး ။ ဖော်ပြတဲ့ ဂျာနယ်က weekly eleven.
ကျွန်တော်ဆိုလိုတာက သမိုင်းကို တကယ်ဖော်ထုတ်မယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ပါကို ပါရမယ်။ ဗိုလ်ချုပ်မပါတဲ့ သမိုင်းစာအုပ်တွေကို ဖတ်ရတာ ဆားမပါတဲ့ ဟင်းကို စားရသလိုပါဘဲ။ ကျွန်တော်လိုဘဲ သူငယ်ချင်းတွေလဲခံစားရမယ်လို့ ယူဆရတာပါဘဲ။
 mail ဖြင့်ပေးပို့ လာမှုအားဖတ်ရလွယ်ကူစေရန်အနည်းငယ်ပြုပြင်၍ ပြန်လည်တင်ပြပါသည်...

0 comments:

Post a Comment