,
|

အစိုးရ၏ ယုတ်မာသော အကြံကို သတိပြုရန်

Outside Training Info                                                            
အာဏာရှင်တွေ၏ ယုတ်မာ ကောက်ကျစ်သော အကြံဆိုးကို အားလုံး နားလည်စေချင်သောကြောင့် ဖြန့်ဝေ ပေးလိုက်ပါသည် ။
အာဏာရှင်တို့သည် သူတို့အား အုပ်ချုပ်ရေးအာဏာကို ပြည်သူလူထုမှ တရားဝင် အပ်နှင်းရန် အလိုရှိသောကြောင့်  အရေခွံလဲပွဲကို ကျင်းပခြင်းဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်း၏ ရင်သွေးလည်းဖြစ် ၊ မြန်မာနိုင်ငံအား စစ်မှန်သော ဒီမိုကရေစီ စနစ်ကိုဖော် ဆောင်ပေးမည့်
ဒေါ်အောင်ဆန်းစုကြည်ကို လည်းလွန်စွာ မုန်းတီးလျှက် ရှိသော ကြောင့် NLD ပါတီကို ဖျက်စီးရန် အမျိုးမျိုး ကြိုးစားလျှက် ရှိပေသည် ။
ထို့ကြောင့်  NLD ပါတီဝင်များထဲမှ ကိုယ်ကြိုးရှာ နိုင်ငံရေး သမားများကို စည်းရုံးကာ ပါတီခွဲထောင်ရန် နောက်ကွယ်မှ ထောက်ပံ့ပေး၍ ကြိုးကိုင်လျှက်ရှိပါသည် ။ ယခု အစိုးရ၏ ရွေးကောက်ပွဲသည် အတု အယောင် ရွေးကောက်ပွဲ ဖြစ်သည်သာ မက ရွေးကောက်ပွဲဝင် ပါတီများ၏ နောက်ကွယ်တွင် စစ်အစိုးရ နှင့် လျှို့ဝှက်ဆက်သွယ်၍ မြန်မာ တမျိုးသားလုံးကို ကျွန်အဖြစ် သွတ်သွင်းရန် ကြံစည်လျှက်ရှိပါသည် ။
ထိုရွေးကောက်ပွဲကို လက်ခံလိုက်ခြင်းသည်  သင့်ကိုယ်သင် ကျွန်အဖြစ် အသိအမှတ်ပြု လက်မှတ်ထိုး လိုက်ခြင်းနှင့် တူတူပင်ဖြစ်သည် ။
ထို့ကြောင့် ရွေးကောက်ပွဲကို ဆန့်ကျင်ရမည် ။  ရွေးကောက်ပွဲ ဆန့်ကျင်ခြင်းသည် လမ်းဆုံးမဟုတ် ၊ သို့သော် ဒီမိုကရေစနစ်၏ လမ်းစပင်ဖြစ်သည် ။
တရားမျှတ၍ လွတ်လပ်သော ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ ရောက်ရှိလိုပါလျှင် တရားမျှတမှု မရှိသော ယခု ရွေးကောက်ပွဲကို အရင်ဆုံးဆန့်ကျင်ကြပါ လေးစားစွာ တိုက်တွန်းပြောကြားလိုပါတယ် ။ 
 
ခင်မင်လေးစားလျှက်
 
ဗမာ့သွေး  
 

1 comments:

  • Anonymous   January 28, 2022 at 9:18 AM

    Merkur & Merkur - European Gaming | Decade casino
    Merkur & 인카지노 Merkur. Our Merkur 메리트 카지노 & Merkur - European Gaming is 바카라 사이트 one of the most popular brands in the world. Merkur Safety Razors. Merkur - Merkur - Merkur.

Post a Comment