,
|

ကမ္ဘာလောကရဲ့ သမီး

ကမ္ဘာလောကရဲ့ သမီး
(ဌေးအောင်)
ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကိုအကျအနဖီးလို့သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့သမီးလေးဟာစိမ်းမြတဲ့ ရွက်နုတွေအကြားငုံနေတဲ့ စပယ်ဖြူလေးလိုလှပလန်းဆန်းနေတယ်။အိပ်ရာထ၊ မျက်နှာသစ်၊ အ၀တ်လဲကျောင်းသွားဖို့ပြင်ဆင်နေတဲ့သမီးလေးဟန်ပန်ကလေပြေနဲ့အတူယိမ်းနွဲ့နေတဲ့ စပယ်ငုံလေးပေါ့။သမီးလမ်းကူးရင် သတိထားနော်ဆော့လည်းမသွားနဲ့ကျောင်းလွှတ်ရင် အိမ်ကိုတန်းပြန်ခဲ့ဟုတ်လား… သမီး၊နားထောင်နေတဲ့ သမီးလေးဟာပါးချိုင့်လေးနဲ့ တခါပြုံးအဖေ့ပါးကို တချက်နမ်းလို့ပေါ့ပါးစွာပြေးထွက်သွားခဲ့တယ်လွယ်အိတ်လေးကိုမနိုင့်တနိုင်ဆွဲလို့ဂါဝန်လေးက လေမှာလွှဲလို့ပြန်ရောက်မလာတော့ပါလား၊“ခလေးတွေ သတ္တိ ရှိလိုက်ကြတာခွေးတွေ ရက်စက်လိုက်ကြတာကောင်မလေးတယောက်ဆိုရင်….”အို…တော်ကြပါတော့ တော်ကြပါတော့ဆက်မပြောကြပါနဲ့တော့ဗျာ၊သမီးလေးရယ်အဖေနဲ့အမေတို့ရဲ့အချစ်တွေနဲ့တင် မလုံလောက်လို့ကမ္ဘာလောက တခုလုံးရဲ့အချစ်ကိုသိမ်းကြုံးပြီး အရယူသွားလေရော့သလားကွယ်။

0 comments:

Post a Comment