,
|

ကဗျာ

သမီးလေးအတွက် အမှတ်တရ
(ဌေးအောင်)တနေ့ တနေ့နဲ့ဒီနေ့ကို ရောက်ခဲ့ရပြန်ပေါ့အရင့်အရင် နှစ်တွေကလိုပဲမိုးစက်တွေဟာဖြည်းဖြည်း ဖြည်းဖြည်းနဲ့ကြွေနေကြတယ်သမီး။သမီးရဲ့အမေကတော့အစိမ်းမှာ အဖြူလေးတွေ ကွပ်ထားတဲ့ဂါဝန်လေးကိုပဲ အသာအယာပိုက်ရင်းပင့်သက်တွေ ချနေလေရဲ့။ဒီအချိန်ဆိုရင် ထပြီမျက်နှာသစ်ပြီရေချိုးပြီအော် ...ကြာခဲ့ပေမယ့်လည်းအဖေတို့အတွက် လန်းဆန်းနေဆဲပါသမီးရဲ့ ဓါတ်ပုံရှေ့ပန်းအိုးထဲကစံပယ်ပွင့် သေးသေးလေးတွေလိုပေါ့။ကာတွန်းစာအုပ်လေးတွေကလည်းသမီးကို ဖတ်ပြလို့ဆိုပြီးငြိမ်နေအောင် နားထောင်တတ်တဲ့သမီးကိုသတိရနေမှာပါ။တဖက်ထဲ ပြန်ရတဲ့ဂေါက်ဂေါက်ဖိနပ်လေးကအဖေတို့မမြင်လိုက်ရတဲ့အကြောင်းတွေပြန်ပြောပြတဲ့အခါတိုင်း။သမီးလေးရယ်...တကယ်ကတော့မိုးကောင်းကင်ကြီးတောင်မှငိုလို့ မ၀သေးပါဘူးကွယ်။

0 comments:

Post a Comment