,
Posted by
Burma Campaign Japan
|
0
comments
၂၀၁၀ ခုနှစ် ၈၁ ကြိမ်မြောက် မေဒေးနေ့  အလုပ်သမားထုချီတက်ပွဲအစီအစဉ်
,
Posted by
Burma Campaign Japan
|
0
comments
နယ်ခြားစောင့်တပ် လက်မခံသည့် ကရင်အဖွဲ့၏ စီးပွားရေးလုပ်ငန်းများ စတင် ကန့်သတ်ပိတ်ပင်ခံရ
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကို လက်မခံသည့် စောဌေးမောင် ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့၏ စီးပွားရေးလုပ်ငန်းများကို နအဖက စတင်ကန့်သတ် ပိတ်ပင်လိုက်သည်ဟု အဖွဲ့ဝင်တဦးက ပြောသည်။
အဆိုပါအဖွဲ့မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူတဦးက “မနေ့တနေ့က စပြီး မြ၀တီကနေ အောက်ကို ကုန်ပစ္စည်းပို့တဲ့ ကားကြီးတွေကို ခွင့်မပြုတော့ဘူး။ နောက်ပြီး မကြာခင်မှာ ကျနော်တို့ရဲ့ ခရီးသည်တင်ကား ပြေးဆွဲမှုတွေလည်း ရပ်ထားရတော့မယ်လို့ သတင်းရထားတယ်။ အဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ အဖိုးစောဌေးမောင်ကတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရမယ့်ကိစ္စကို လုံးဝလက်မခံဘူး။ ဒါကြောင့် ကျနော်တို့အဖွဲ့ကို အခုလိုမျိုး ပြဿနာ စလုပ်တာဖြစ်တယ်” ဟု ပြောသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က နအဖ၏အမိန့်ကို လက်မခံရခြင်းမှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းပါက လက်ရှိ မိမိတို့အဖွဲ့အစည်း၏အမည်၊ အဖွဲ့၏အလံအပါအ၀င် တပ်ဖွဲ့အမှတ်အသားများနှင့် တပ်ဖွဲ့ဝင်များ၏ စစ်ယူနီဖောင်းမှအစ ပြောင်းလဲဝတ်ဆင်ရမည်ဖြစ်ပြီး နအဖအပေါ် သစ္စာရှိပါမည်ဟု ကတိပြုကြရမည် ဖြစ်သည့်အတွက် မိမိတို့ရည်ရွယ်ချက်များနှင့် လုံးဝသွေဖည်သဖြင့် လက်မခံခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။
ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအပါအ၀င် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ကျန်ရှိနေသည့် တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို ယခုလ (၂၈) ရက်တွင် နောက်ဆုံးထား၍ အသွင်ပြောင်းပေးရမည်ဟု အမိန့်ထုတ်ထားပြီး လက်မခံသည့် အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် ကြေညာသွားမည်ဖြစ်ကြောင်း နအဖစစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ခြိမ်းခြောက်ပြောဆိုထားသည်ဟု အပစ်ရပ်အဖွဲ့များက ပြောသည်။
စောဌေးမောင်အဖွဲ့အနေဖြင့် နယ်ခြားစောင့်တပ်အသွင်ပြောင်းခြင်းကို လက်မခံပါက ဌာနေပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်သည်ဟု နအဖက ပြောဆိုလာသော်လည်း မည်သည့်ပြောင်းလဲဖွဲ့စည်းမှုကိုမှ လက်မခံဟု ကရင်ငြိမ်းချမ်းရေးကောင်စီက ပြောကြားလိုက်သည်။
နယ်ခြားစောင့်တပ်အဖြစ် လက်မခံသည့်ကိစ္စကို ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ၎င်းတို့ဌာနချုပ်တည်ရှိရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးကျေးရွာတွင် ဘုန်းတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ဒေသခံအချို့တို့အား အသိပေးသည့် ရှင်းလင်းပွဲတရပ်ကို ယနေ့ပြုလုပ်ခဲ့သည်။
အဆိုပါရှင်းလင်းပွဲတွင် ကရင်ငြိမ်းချမ်းရေးကောင်စီက နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်းကို လက်မခံဘဲ ကရင်အာဇာနည် ဖြစ်သည့် စောဘဦးကြီး ချမှတ်သွားသည့် လက်နက်ချစကား အလျဉ်းမပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲ ရှိရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်၊ ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်ဆိုသည့် မူ (၄) ချက်ကို ဆက်လက် ကိုင်စွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
နအဖ၏နယ်ခြားစောင့်တပ်တွင် အပစ်ရပ်အဖွဲ့များမှ အသက် (၄၀) အောက်များကိုသာ လက်ခံပြီး ကန့်သတ်အသက် ကျော်လွန်သည့် ကျန်တပ်ဖွဲ့ဝင်များမှာ အဖွဲ့မှ ထွက်ပေးရမည်ဖြစ်ကာ ၎င်းတို့ဖွဲ့စည်းပေးသည့် တပ်ဖွဲ့ဝင် အရေအတွက်အတိုင်း ထုတ်ပေးသည့် လက်နက်များကိုသာ ကိုင်ဆောင်ရမည်ဖြစ်ပြီး အပစ်ရပ်အဖွဲ့များရှိ လက်နက်အားလုံးကို နအဖထံ ပေးအပ်ရမည်ဟု မွန်အပစ်ရပ်အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်ကိစ္စကို လက်မခံနိုင်ကြောင်း ယမန်နှစ် နှစ်ကုန်ပိုင်း ဘားအံမြို့၌ နအဖအဆင့်မြင့် ဗိုလ်ချုပ်ကြီးများနှင့် ဆွေးနွေးခဲ့ရာတွင် စောဌေးမောင်က ပြောကြားထားပြီးဖြစ်သည်။
စောဌေးမောင်နှင့်အဖွဲ့သည် ၂၀၀၇ ခုနှစ်က ကေအန်ယူမှခွဲထွက်ပြီး နအဖနှင့်ပူးပေါင်းကာ ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် အခြေစိုက်သည်။
,
Posted by
Burma Campaign Japan
|
0
comments
ဒီမိုကရေစီရေး စစ်တပ်ထဲက ပူးပေါင်းဖို့ အမေရိကန်အမတ် တိုက်တွန်း
မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့ စစ်တပ်အတွင်းက မျိုးချစ်တပ်သားတွေ အနေနဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင်တွေကို တိုက်ထုတ်ကြဖို့ အမေရိကန် အောက်လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာ (Dana Rohrabacher) က တောင်းဆိုလိုက်ပါတယ်။ ဒီစစ်ခေါင်းဆောင်တွေရဲ့ ကူညီ လုပ်ဆောင်ပေးမှုတွေကြောင့် မြန်မာပြည်ဟာ တဖြည်းဖြည်းနဲ့ တရုတ်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံ ဖြစ်လာနေပြီလို့ သူက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာဟာ တိုင်းတပါးရဲ့ လက်ထဲကို ရောက်တဲ့ အဖြစ်မျိုးနဲ့ မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေကြရတယ်လို့ ကာလီဖိုးနီးယားပြည်နယ်က ရီပတ်ဘလီကန် လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာက ပြောဆိုလိုက်တာပါ။ ဒါ့အပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ သယံဇာတတွေ ခိုးယူနေရုံမကဘဲ မြန်မာနိုင်ငံကို သူ့လက်ခံ နိုင်ငံတနိုင်ငံ ဖြစ်ဖို့အတွက် တဖြည်းဖြည်းနဲ့ သိမ်းသွင်းနေတယ်လို့ သူက ပြောပါတယ်။
“တရုတ်နိုင်ငံဟာ မြန်မာလူထု လက်ထဲကနေ တိုင်းပြည်ကို တဖြည်းဖြည်းနဲ့ လုယူနေပါတယ်။ အဲဒီလို မတရားသဖြင့် ရယူနိုင်ဖို့ အတွက်လည်း ကိုယ့်တိုင်းပြည်အပေါ် သစ္စာစောင့်သိဖို့ထက် မိမိအာဏာ တည်မြဲရေးကိုသာ ဦးစားပေး လုပ်ဆောင်နေကြတဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အကူအညီ အထောက်အပံ့နဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
“ဒါကြောင့် တိုင်းပြည်ကို ကယ်တင်လိုစိတ်ရှိတယ်၊ စစ်မှန်တဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို လုပ်ဆောင်လိုကြတယ်၊ မြန်မာနိုင်ငံကြီး တိုင်းတပါး လက်အောက်ခံနိုင်ငံ ဖြစ်မသွားစေချင်ဘူး ဆိုရင် မျိုးချစ်စိတ် ရှိသူတွေနဲ့ လွတ်လပ်မှုကို လိုလားကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အာဏာရှင်တွေကို ဆန့်ကျင် တိုက်ထုတ်နိုင်ဖို့ အားလုံး တညီတညွတ်တည်း ပူးပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။”
တိုင်းပြည်ကို ဆယ်စုနှစ်ပေါင်းများစွာ တင်းတင်းကျပ်ကျပ် ဖိနှိပ် အုပ်ချုပ်လာခဲ့တဲ့ စစ်အာဏာရှင်တွေကို တိုက်ထုတ်နိုင်ဖို့အတွက် လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တခြား မျိုးချစ်ပုဂ္ဂိုလ်တွေ ပူးပေါင်း လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။
ဒါ့အပြင် တပ်မတော်အတွင်းက မျိုးချစ် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတွေ အနေနဲ့လည်း ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင်တွေကို ပုန်ကန် တိုက်ထုတ်ကြဖို့ လွှတ်တော်အမတ်က တောင်းဆိုလိုက်ပါတယ်။
“အတိုက်အခံ အင်အားစုတွေကလည်း ဂုဏ်သရေ ပြည့်ဝပြီး ပြည်သူနဲ့ တိုင်းပြည်အကျိုးကို ရှေးရှုတဲ့ တပ်မတော်ကြီး ဖြစ်လာဖို့ ဆန္ဒရှိနေကြတဲ့ စစ်တပ်အတွင်းက မျိုးချစ်ရဲဘော်တွေနဲ့ လက်တွဲ လုပ်ဆောင်ကြဖို့ လိုပါတယ်။ တပ်မတော်အတွင်းက စစ်မှန်တဲ့ စိတ်ထား ရှိကြတဲ့ ခေါင်းဆောင်တွေ အနေနဲ့လည်း အမှန်တကယ် လွတ်လပ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံတော်ကြီး ဖြစ်လာရေး လုပ်ဆောင်ကြဖို့ အချိန်ရောက်ပါပြီ။”
အခုချိန်ဟာ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ အပါအ၀င် မျိုးချစ်စိတ်ရှိတဲ့ တပ်မတော်သားတွေအတွက် တော်လှန် ပုန်ကန်ကြဖို့ အခွင့်အခါကောင်း ဖြစ်တာကြောင့် ဒီအခွင့်အရေးကို လက်လွတ်ဆုံးရှုံး မခံကြဖို့ လွှတ်တော်အမတ် ရိုရာဘာကာက တိုက်တွန်းပါတယ်။ အဲဒီလို ဒီမိုကရေစီ အရေးအတွက် တော်လှန် ပုန်ကန်သူတွေဘက်မှာ ကမ္ဘာ့မိသားစုကြီးက ရှိနေမှာ ဖြစ်သလို သူတို့ကို ထောက်ခံအားပေးကြမှာပါလို့ သူက ပြောပါတယ်။
မြန်မာစစ်အစိုးရက အခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို တရားမျှတပြီး သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်အောင် ဖန်တီးပေးဖို့ အာဆီယံနိုင်ငံ အတွင်းက ခေါင်းဆောင်တွေ အပါအ၀င် ကမ္ဘာ့တိုင်းပြည် အသီးသီးက ၀ိုင်းဝန်း တောင်းဆိုနေကြတဲ့ အချိန်မှာ လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာက အမေရိကန် လွှတ်တော်ကို ပြောကြားတဲ့အထဲ အခုလို ထည့်သွင်း ပြောဆိုသွားတာပါ။
မြန်မာစစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက တရားမျှတမှု မရှိတဲ့အပြင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရှိအောင် တမင် လုပ်ကြံရေးဆွဲ ထားတာကြောင့် ဒီဥပဒေတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ စစ်အစိုးရအပေါ် ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်လုပ်ဆောင်ပေးဖို့ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းတုန်းက အမေရိကန် အထက်လွှတ်တော်အမတ် ၉ ဦးက သမ္မတ အိုဘားမားကို စာရေးသား တောင်းဆိုခဲ့ကြပါတယ်။
Ref : VOA News

အဆင့်မြင့်စစ်အရာရှိများ နေပြည်တော်တွင် သွားလာခွင့်ကန့်သတ်
နေပြည်တော် စစ်ဌာနချုပ် နယ်မြေနှင့် ဆက်စပ်နယ်မြေ အတွင်း ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က စတင်၍ လုံခြုံ ရေး တိုးမြှင့်ထားပြီး စစ်တပ် အဆင့်မြင့် အရာရှိကြီးများ၏ နေပြည်တော်သို့ လာရောက်သည့် ခရီးစဉ်များ ကန့်သတ် ထားကြောင်း သိရသည်။
ကန့်သတ်မှုမှာ တိုင်း စစ်ဌာနချုပ်များ၏ တိုင်းမှူးအဆင့် ဗိုလ်ချုပ်များနှင့် တပ်မမှူး အဆင့်ရှိ ဗိုလ်မှူးချုပ်များ၏ ခရီးစဉ်များဖြစ်ကြောင်း နေပြည်တော် စစ်ဌာနချုပ်မှ လာသော သတင်းများက ဆိုသည်။
ယင်းတိုင်းမှူးနှင့် တပ်မမှူးအဆင့်ရှိ အရာရှိကြီးများနေဖြင့် နေပြည်တော်သို့ လာရောက်မည့် အကြောင်းကို ကြိုတင် သတင်း ပေးပို့ရမည်ဖြစ်ပြီး သွားရောက်တွေ့ဆုံမည့် အရာရှိကြီးများ၏ ခွင့်ပြုချက်လည်း လိုအပ် သည်ဟု တပ်မတော် စစ်ရုံးချုပ် ရုံးစိုက်ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ အရှာရှိတဦးက ပြောဆိုသည်။
“ဧပြီ ၁၇ ရက်နေ့က ကက(ကြည်း)ကနေ တိုင်းစစ်ဌာနချုပ်နဲ့ တပ်မဌာနချုပ်တွေကို ညွှန်ကြားချက်ပို့ထားပါ တယ်၊ ဘယ်တိုင်းမှူး ဘယ်တပ်မမှူးမှ ခွင့်ပြုချက်မပါဘဲ စစ်ရုံးချုပ်ရှိတဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ်ကို လာစရာ မလိုဘူးလို့ ညွှန်ကြားထားတယ်”ဟု ၎င်းက ဧရာဝတီ သို့ ပြောသည်။
နေပြည်တော်သို့ လာရောက်သည့် တိုင်းမှူး ဗိုလ်ချုပ်များနှင့် တပ်မမှူး ဗိုလ်မှူးချုပ်များ၏ တည်းခိုရာနေရာကို လည်း ကြိုတင် သတင်းပေးပို့ရမည်ဖြစ်ပြီး ကာကွယ်ရေး ၀န်ကြီးဌာန စစ်ရုံးချုပ်ရှိ ကက(ကြည်း)၏ ညွှန်ကြား ချက် ရရှိမှ တည်းခိုနေထိုင်ရမည်ဖြစ်သည်ဟုလည်း ယင်းစစ်ဌာနချုပ် အရာရှိက ပြောဆိုသည်။
တိုင်းမှူးနှင့် တပ်မမှူးများ၏ နေပြည်တော်ခရီးစဉ်အတွင်း လုံခြုံရေးအရ လိုက်ပါမည့်သူများနှင့် ရုံးအဖွဲ့ကို လည်း ခရီးစဉ်မတိုင်ခင် ၄ ရက်ခန့် ကြိုတင်သတင်းပို့ပေးရန်နှင့် ခွင့်ပြုချက်ရပြီးမှ ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း သိရသည်။
“အဓိက ကတော့ လက်နက်ခဲယမ်း ယူဆောင်လာတာကို ကန့်သတ်ဖို့ပဲဖြစ်ပါတယ်၊ ကက(ကြည်း)က အကြောင်း အမျိုးမျိုးကြောင့် နေပြည်တော်ကို လာရောက်မယ့် အရာရှိတွေရဲ့ လက်နက်ခဲယမ်းများ ယူဆောင်တာကို နဂို ကထက် တင်းကျပ်လိုက်တာဖြစ်တယ်”ဟု အထက်ပါ အရာရှိက ဆက်ပြောသည်။
အဆိုပါ ကက(ကြည်း)၏ တိုင်းမှူး၊ တပ်မမှူးများကို နေပြည်တော်သို့ ခရီးသွားလာခွင့် ကန့်သတ်ခြင်းနှင့် လုံခြုံရေး အတွက် အတူပါလာသည့် အရာရှိများ၏ လက်နက်ခဲယမ်းများ ကန့်သတ်ခြင်းသည် စစ်ရုံးအတွင်း ပစ်ခတ်မှုများ ဖြစ်လာမည်ကို စိုးရိမ်မှုကြောင့် ဖြစ်ကြောင်း စစ်ဘက်လေ့လာသူများက သုံးသပ်သည်။
ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့(သင်္ကြန် အကြတ်နေ့)က ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ် ကန်တော် ကြီး အနီးရှိ X2O ရေကစား မဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး ပေါက်ကွဲမှုကြောင့် ရန်ကုန်တိုင်း အမှတ်(၄) စစ်ဒေသ မှူး ဗိုလ်မှူးကြီး အုံးချိုနှင့် မြို့နယ်အဆင့် အရာရှိများအပါအ၀င် လူ ၁၇၀ ဒဏ်ရာရရှိပြီး အငြိမ်းစား ဗိုလ်ကြီး တဦးဖြစ်သည့် မင်္ဂလာတောင်ညွှန့်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးသန့်စင်သိမ်း အပါအ၀င် ယနေ့ အထိ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်မြို့က အပတ်စဉ်ထုတ် ဂျာနယ်များတွင် ဖေါ်ပြသည်။
ယင်းဧပြီ ၁၅ ရက်နေ့ တရက်တည်းတွင်ပင် နေပြည်တော်ရှိ Asia World ကုမ္ပဏီပိုင် မြတ်တော်ဝင် ဟိုတယ် တွင်လည်း ဗုံးတွေ့ရှိကြောင်း ဟိုတယ် တာဝန်ရှိသူတဦးက ပြောသည်။
Ref : ဧရာဝတီ

"တရားခံ ဘယ်သူလဲဟေ့"
"တရားခံ ဘယ်သူလဲဟေ့"
၂၀၁၀ နှစ်ကူးအချိန်အခါ
အတာရေအေးနဲ့ မလန်းခဲ့
မသာသေဘေးနဲ့လွှမ်းခဲ့
သွေးနဲ့ဖြန်းတဲ့သင်္ကြန် ၊ ။
ပိုးလိုးပက်လက်လန်အောင်
ပိုးဆိုးပက်စက်အကြံနဲ့
ဆိုးကျိုးရက်စက်ပြန် ။ ။ အာဏာစက်ကွင်းကို
ကြာကြာဆက်နင်းလို
ယတြာကက်ကင်းအလို
အခါခါအသက်သွင်းသကို ၊ ။
ရှိသမျှမဏ္ဍာပ်များအကြား
“အိတ်စ်တူးအို” ကံကွက်ကျား
ဗုံးဆံစနက်တံများ ပေါက်ပြန်တယ်
‘အမှောင့်အန္တရာယ် ပျက်ပြန်ဘို့
နှစ်ထောင့်တဆယ် အဖျက်ခံရပီဗျို့’
ကက်ကင်းအကြံ ဟန်စေ ဖန်ပေသကို။ ။*****
“အိတ်စ်တူးအို”လို့ အမည်ပေး
ဘယ်သူတွေးပီး ဘယ်သူဆိုင်
ဘယ်သူပိုင်လို့ ဆောက်သလဲ
ထောက်ဆအမြဲ ‘ကွင်းဆက်’တွက် ၊ ။
ပြည်သူသွေးချင်းတို့
ဘေးကင်းဘို့အစုံတွေး
လုံခြုံရေးအထပ်ထပ်
မပြတ်မလတ် ချထားသကွဲ့
များလှတဲ့အစောင့်တွေကြား
အမှောင့်ထွေပြား သောကပွားအောင်
မောဟသားမောင် အတင့်ရဲတင်းပီး
မင်းကြီးတာကထွက် ။ ။
လူတစုအကျိုးအတွက်
လူထုအကျိုးပျက်
မျိုးပျက်တွေရဲ့အကြံ
ဆိုးချက်တွေကမဟန်
လူမဆန်ဓလေ့ ၊ ။
အပြစ်မဲ့ပြည်သူတွေကို
ဓားစာခံပြုမူရဲပေ့
တရားခံဘယ်သူလဲဟေ့။ ။
ကြာကြာဆက်နင်းလို
ယတြာကက်ကင်းအလို
အခါခါအသက်သွင်းသကို ၊ ။
ရှိသမျှမဏ္ဍာပ်များအကြား
“အိတ်စ်တူးအို” ကံကွက်ကျား
ဗုံးဆံစနက်တံများ ပေါက်ပြန်တယ်
‘အမှောင့်အန္တရာယ် ပျက်ပြန်ဘို့
နှစ်ထောင့်တဆယ် အဖျက်ခံရပီဗျို့’
ကက်ကင်းအကြံ ဟန်စေ ဖန်ပေသကို။ ။*****
“အိတ်စ်တူးအို”လို့ အမည်ပေး
ဘယ်သူတွေးပီး ဘယ်သူဆိုင်
ဘယ်သူပိုင်လို့ ဆောက်သလဲ
ထောက်ဆအမြဲ ‘ကွင်းဆက်’တွက် ၊ ။
ပြည်သူသွေးချင်းတို့
ဘေးကင်းဘို့အစုံတွေး
လုံခြုံရေးအထပ်ထပ်
မပြတ်မလတ် ချထားသကွဲ့
များလှတဲ့အစောင့်တွေကြား
အမှောင့်ထွေပြား သောကပွားအောင်
မောဟသားမောင် အတင့်ရဲတင်းပီး
မင်းကြီးတာကထွက် ။ ။
လူတစုအကျိုးအတွက်
လူထုအကျိုးပျက်
မျိုးပျက်တွေရဲ့အကြံ
ဆိုးချက်တွေကမဟန်
လူမဆန်ဓလေ့ ၊ ။
အပြစ်မဲ့ပြည်သူတွေကို
ဓားစာခံပြုမူရဲပေ့
တရားခံဘယ်သူလဲဟေ့။ ။
*****
ကက်ကင်း = ပြောင်းပြန် ယတြာချေခြင်း
X = ရောမဂဏန်း 10
X2O = 1020 (10-20 သည် 20-10 ၏ပြောင်းပြန်)
{စကားကြွင်း၊ ၊ “အိတ်စ်တူးအို”မဏ္ဍာပ်ဟုကြားရ၍ H2O= ‘ရေ’ လို့
ထင်ခဲ့၏။ မြင်ရတော့မှ X2O ဖြစ်နေသည်ကိုသိရ၏။ ဆန်းနေသည်ကို
သတိထားမိကာ ဆန်းစစ်ကြည့်မိခြင်းဖြစ်ပါသည်။}
ကြိုင်လှမောင်မောင်
၂၀၁၀.၄.၁၇
ပေးပို့ သူအားကျေးဇူးတင်ရှိပါသည်..
,
Posted by
Burma Campaign Japan
|
0
comments
ဒုတပ်သားမှူးကြီး မောင်အီး (လူသတ်ကောင်)
ဒုတပ်သားမှူးကြီး မောင်အီး
(လူသတ်ကောင်)
ကိုယ်ရေးအကျဉ်း
အမည် ။ ။ မောင်အီး။
ဇနီးအမည် ။ ။ ဒေါ်တစ်တီတူး။
မိဘအမည် ။ ။ စေရပေါက်ဖော် + ကစော်သည။်
နေရပ်လိပ်စာ ။ ။ အမှတ် ၀၀၇၊ ဝင်ဒါမီယာ တစပြင်။
ရာထူး ။ ။ သန်းရွှေ၏ ဖင်လျှက်ရာထူး။
မိသားစုအခြေအနေ။ ။ ရင်တထိတ်ထိတ်။
မျိုးရိုး ။ ။ တိမ်ကော။ (ဥတစ်လုံး)
အလုပ်အကိုင် ။ ။ ဝံပလွေ၊ မြေခွေး၊ မြွေဟောက်၊ ဖျံ၊ မုဒိန်းကောင်၊ သားစားလဒ၊ စုန်းကဝေ၊ မှင်စာ၊ ယ္ခက၊ ကျတ်၊ ငရဲသား အပေါင်းကို ခါးပိုက်ဆောင် အနီးကပ်ထိန်းသိမ်းခြင်း။
ပါတီ ။ ။ မြန်မာ့နည်း မြန်မာ့ဟန် ဖက်ဆစ်လမ်းစဉ် ပါတီတော်ကြီး။
ဘွဲ့ထူးဂုဏ်ထူး ။ ။ စိန်လွင်သူရိယဘွဲ့၊ နေဝင်းတံခွန်ဘွဲ့၊ ကာကွယ်ရေးဦးစီးချုပ်၏ တိုက်ပွဲအပြေးသန်ဘွဲ့ လူမှုချာတူး (မထမအဆင့်)၊ ဝန်ထမ်းညံ့တံဆိပ် (ပထမအဆင့်)၊ အပြည်ပြည်ဆိုင်ရာ လူအခွင့် အရေးဖောက်ဆု၊ ပုဂံမင်း၏ သက်တော်ရှည်ဥတလုံးဘွဲ့၊ ဒေဝဒတ်၏ ဒယာကာကြီး၊ တောင် ပြုန်းမင်းနှစ်ပါး၏ နတ်ကတော်ကြီး၊ နိုင်ငံတော် သံဃာ နာယကအဖွဲ့၏ ကျည်ဆန်ဒါယကာကြီး၊ ဘုရားသိမ်၊ ကျောင်းရဟန်းတို့၏ သွေးဒယ
ကာကြီး။
ဆောက်ရွက်ချက်များ။ ။ တပ်မတော်ကြီး၏ ဇာတိသွေး ဇာတိမာန် အစဉ်အလာများကို ထိန်းသိမ်းသောအား
ဖြင့် အစဉ်အလာ စောင့်ကျင့်ရေရှည်တည်တံ့ ခိုင်မြဲစေရန် မုဒိန်းကျင့်ခွင့် လိုင်စင် ထုတ်ပေးပြီး ရွံရွံချွန်ချွန် အကောင်အထည်ဖော်နိုင်ခြင်း၊ စီးပွားရေး ဥက္ကဌ အနေဖြင့် နိုင်ငံတော်စီးပွားရေး ဦးခေါင်းပြတ်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခြင်း၊ ဘိန်းခန်း၊ ဖာခန်း၊ လောင်းကစား၊ ချဲ၊ လေးကောင်၊ သူခိုးဈေးကွက် စသည် အထူးစီးပွားရေး ဇုန်များ တည်ထောင်၍ စည်စည်ကားကား၊ ရောင်းဝယ်ဖောက်ကား တိုးတတ်အောင် ဆောင်ရွက်နိုင်ခြင်း၊ တရုတ်သမ္မတနှင့် တပြန် စီဖင်ခံနိုင်ခြင်း၊ ဆရာအာခံ အာခေါင်လှံ ဆူး လုပ်ငန်းများကို ဝိဇ္ဇာမြောက်ခြင်း။
ဝါသနာ ။ ။ အညှီအဟောက်၊ ဂွင်းတိုက်ခြင်း၊ လိင်တူဆက်ဆံခြင်း၊သွေးသားသုံးအောင်ခြင်း၊ သတ်ဖြတ် သုတ်သင်ခြင်း၊ ပုလွေမှုတ်ခြင်း၊
ထင်ရှားသောအမှတ်အသား။ ။ ဝှေးစေ့တလုံးသာ ရှိတော့ခြင်း။
ပေါ်လစီ ။ ။ သန်းရွှေကို ဖြုတ်ချသုတ်သင်ရန်။
ရှေ့အလားအလာ။ ။ ဗုံးခွဲ သတ်ဖြတ်ခံရနိုင်။
လူကြိုက်များမှုခန့်မှန်း။ ။ အာယုံကိုကပ်ကုန်သူများ (-၁၀၀%) ခန့်နှင့် လူမဖြစ်ခဲ့သူများ (-၀%) ကင်းလွှတ်ခွင့်
အမှတ် ၀၉၊ ၀၇ ဖြင့် ဖိုသီဖတ်သီပုံနှိပ်တိုက်မှ မောင်အေး၏ရှိခိုးအပ်သော ဆရာသမား မောင်စုတ်ပဲ့မှ ထုတ်ဝေသည်။ ငါ့ငယ်ကျွန်တော်ကြီး အနိုင်ရပါစေသော်။ ။ ZT
sent from uthavara

ဗိုလ်ချူပ်မှူးကြီး သန်းကောင် (လူသတ်သမား)
ဗိုလ်ချူပ်မှူးကြီး သန်းကောင်
(လူသတ်သမား)
ကိုယ်ရေးအကျဉ်း
နာမည် ။ ။ သန်းကောင်။
ဇနီးအမည် ။ ။ နှံပြည်စုတ်။
နေရပ်လိပ်စာ ။ ။ အမှတ် ၆၆၆၊ သင်္ချိုင်းကုန်း။
ရာထူး ။ ။ နိုင်ငံတော် သတောင်းစားကြီးများ၏ ဥက္ကဌကြီးချုပ်။
ပါတီ ။ ။ မြန်မာ့နည်း မြန်မာ့ဟန် နာဇီလမ်းစဉ်ပါတီ။
မိဘအမည် ။ ။ ဦးသူတောင်းစား + ဒေါ်ပြည့်တန်ဆာ။
မွေးဖွားချိန် ။ ။ လမိုက်ည သန်းခေါင်ယံ၊ သာလာယံ ဇရပ်၊ သုဿန်။
သမီး+သမတ် ။ ။ သန္တာနွားမရွှံ့ပိတ် + လှည်းကျိုးထမ်းဝင်း။
ဘွဲ့ထူးဂုဏ်ထူး ။ ။ နေဝင်းသူရိယဘွဲ့၊ နိုင်ငံဂုဏ်ဖျက် (ပထမအဆင့်)၊ လွတ်လပ်ရေးမော်ကွန်းမဝင် (အဝီစီဆင့်)၊ ကာကွယ်ရေးဦးစီးချုပ်၏ မုဒိန်းကောင်မှတ်တမ်းဝင် သီဟသူရ ဘုန်းကြီးသုတ်သင်ဘွဲ့၊ သူရကျောင်းသား သတ်ဘွဲ့၊ ဇေ့ယျကျော်ထင်စောရဘွဲ့။
မျိုးရိုး ။ ။ ငဇင်ကာ၏ ပူတကေမျိုးရိုး။
ကိုးကွယ်သည့်ဘာသာ။ ။ အရည်းကြီး တရုတ်။
ဆောင်ရွက်ချက်များ။ ။ သူတောင်းစားတပ်ကြီး တခုလုံး အကျင့်ပျက်လာဘ်စား၊ မုဒိန်းကျင့်လာအောင် မှန်
ကန်စွာ ဦးဆောင်ပေးနိုင်ခဲ့ခြင်း၊ ပြည်သူအပေါင်းကို အောင်မြင်စွာ သုတ်သင်၍ မူးရစ်ဆေးဝါးများကို လွတ်လပ်သော စီးပွားရေးစနစ်အဖြင့် အကောင်ထည်ဖော် ရောင်းဝယ်ဖောက်ကားနိုင်ခြင်း၊ ပြည်ထောင်စုကြီး ဒီမိုကရေစီရှိမည့် အရေးမှ လက်တလုံးခြား အလိုတွင်ကယ်တင်၍ စစ်အာဏာရှင်စနစ်ကို အောင်မြင်စွာ တည်ဆောက်ခြင်း။
ဝါသနာ ။ ။ မုဒိန်းကျင့်ခြင်း၊ ဘိန်းစားခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်း၊ ကြာခိုခြင်း၊ မြာဖွေခြင်း၊ လူသတ်ခြင်း၊ လူကုန်ကူးခြင်း၊ ဘာဂျာမှုတ်ခြင်း။
ပေါ်လစီ ။ ။ အောင်အေးကို ကန်ထုတ်ရန်၊ မီးစာကုန် ဆီခမ်းထတောက်ရန်၊
ဦးတည်ချက် ။ ။ သင်္ချိုင်းကုန်း။
ရှေ့အလားအလာ။ ။ အဆိပ်ခတ် လုပ်ကြံသတ်ဖြတ် နိုင်ချေရှိ။
မဲရနိုင်ချေခန့်မှန်းချက်။ ။ သန္ဓေ မတည်သေးသော ကလေးအောက် (-၉၉. ၉၉%) နှင့် အသက် ၉၀၀၀ အ
ထက် နာနာဘဝများ (ဝ%)။
ကင်းလွှတ်ခွင့်အမှတ် ၈၈၈၈ ဖြင့် ရေခဲတိုက်တွင်ပုံနှိပ်၍ မဲဆွယ်ရေးမှုးချုပ်ကြီး သန်းရွှေဘိုးအေကြီး မောင်စုတ်
ပဲ့မှ ထုတ်ဝေသည်။
ငါ့တပည့်ကြီး အနိုင်ရပါစေသော်။ ။ ZT