,
|

"တရားခံ ဘယ်သူလဲဟေ့"

"တရားခံ ဘယ်သူလဲဟေ့"

၂၀၁၀ နှစ်ကူးအချိန်အခါ
အတာရေအေးနဲ့ မလန်းခဲ့
မသာသေဘေးနဲ့လွှမ်းခဲ့
သွေးနဲ့ဖြန်းတဲ့သင်္ကြန် ၊ ။

ပိုးလိုးပက်လက်လန်အောင်
ပိုးဆိုးပက်စက်အကြံနဲ့
ဆိုးကျိုးရက်စက်ပြန် ။ ။
 အာဏာစက်ကွင်းကို
ကြာကြာဆက်နင်းလို
ယတြာကက်ကင်းအလို
အခါခါအသက်သွင်းသကို ၊ ။

ရှိသမျှမဏ္ဍာပ်များအကြား
“အိတ်စ်တူးအို” ကံကွက်ကျား
ဗုံးဆံစနက်တံများ ပေါက်ပြန်တယ်
‘အမှောင့်အန္တရာယ် ပျက်ပြန်ဘို့
နှစ်ထောင့်တဆယ် အဖျက်ခံရပီဗျို့’
ကက်ကင်းအကြံ ဟန်စေ ဖန်ပေသကို။ ။*****

“အိတ်စ်တူးအို”လို့ အမည်ပေး
ဘယ်သူတွေးပီး ဘယ်သူဆိုင်
ဘယ်သူပိုင်လို့ ဆောက်သလဲ
ထောက်ဆအမြဲ ‘ကွင်းဆက်’တွက် ၊ ။

ပြည်သူသွေးချင်းတို့
ဘေးကင်းဘို့အစုံတွေး
လုံခြုံရေးအထပ်ထပ်
မပြတ်မလတ် ချထားသကွဲ့
များလှတဲ့အစောင့်တွေကြား
အမှောင့်ထွေပြား သောကပွားအောင်
မောဟသားမောင် အတင့်ရဲတင်းပီး
မင်းကြီးတာကထွက် ။ ။

လူတစုအကျိုးအတွက်
လူထုအကျိုးပျက်
မျိုးပျက်တွေရဲ့အကြံ
ဆိုးချက်တွေကမဟန်
လူမဆန်ဓလေ့ ၊ ။

အပြစ်မဲ့ပြည်သူတွေကို
ဓားစာခံပြုမူရဲပေ့
တရားခံဘယ်သူလဲဟေ့။ ။


*****

ကက်ကင်း = ပြောင်းပြန် ယတြာချေခြင်း
X = ရောမဂဏန်း 10
X2O = 1020 (10-20 သည် 20-10 ၏ပြောင်းပြန်)
{စကားကြွင်း၊ ၊ “အိတ်စ်တူးအို”မဏ္ဍာပ်ဟုကြားရ၍ H2O= ‘ရေ’ လို့
ထင်ခဲ့၏။ မြင်ရတော့မှ X2O ဖြစ်နေသည်ကိုသိရ၏။ ဆန်းနေသည်ကို
သတိထားမိကာ ဆန်းစစ်ကြည့်မိခြင်းဖြစ်ပါသည်။}

ကြိုင်လှမောင်မောင်
၂၀၁၀.၄.၁၇

ပေးပို့ သူအားကျေးဇူးတင်ရှိပါသည်..
 

0 comments:

Post a Comment