,
|

၇.၁၁.၂၀၀၉ ဂျပန်နိုင်ငံရှီနာဂါဝါမြို့ စစ်အခွန်ရုံးရှေ့ နအဖစစ်ဗိုလ်ချုပ်သိန်းစိန်အားဆန့် ကျင်ဆန္ဒပြမောင်းထုတ်ပွဲဓါတ်ပုံမှတ်တမ်း



ယနေ့ ၂၀၀၉ခုနှစ်၁၁လပိုင်း(ရ)ရက်(စနေနေ့ )ဂျပန်နိုင်ငံ ရှီနာဂါဝါမြို့ မြန်မာသံရုံး(စစ်အခွန်ရုံး)ရှေ့ တွင် နအဖစစ်အုပ်စုခေါင်းဆောင်သိန်းစိန် မဲခေါင်မြစ်ဝှမ်း ဖွံဖြိုးတိုးတက်ရေးစီမံကိန်း ၀န်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်
သည့်ခရီးစဉ်အား ဆန့်ကျင်ဆန္ဒပြပွဲကို ညနေ၃နာရီမှ ည၉နာရီခွဲအထိ ကျင်းပခဲ့ရာ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှအဖွဲ့သူအဖွဲ့သားများ ပူးပေါင်းပါဝင်ခဲ့ရာ စုစုပေါင်း ၁၅၀ခန့် ပါဝင်ပူးပေါင်းခဲ့ကြောင်းသိရသည်။

မဲခေါင်မြစ်ဝှမ်းဒေသ ဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းကို အမည်ခံပြီး နအဖစစ်အုပ်စုခေါင်းဆောင်သိန်းစိန်ဟာ ဂျပန်နိုင်ငံ၌သူတောင်းစားလို အသနားခံတောင်း၍ရရှိလာမည့်ငွေကြေးများကို ၎င်းတို့ ကိုယ်ပိုင်ဘဏ္ဏာငွေအဖြစ်သော်လည်းကောင်း ပြည်သူလူထုကို ညှင်းပန်းနှိပ်စက် အနိုင်ကျင့်ရန်အတွက်နှင့်၎င်းတို့ စစ်အုပ်စုအာဏာတည်တံ့ရေးအတွက် အကာအကွယ်အဖြစ်အသုံးပြုရန်အတွက် စစ်လက်နက်ပစ္စည်းများဝယ်ယူရန်အတွက်သာအသုံးပြုရန်ရည်ရွယ်ထားကြောင်းသိသာထင်ရှားလှပါသည်။

0 comments:

Post a Comment