,
|

အဖွဲ့ချုပ်(ဒု) ဥက္ကဋ္ဌ ဘဘဦးတင်ဦး ရဲ့နှစ်(၅၀)ပြည့် ရွှေရတုမင်္ဂလာပွဲ ယနေ့အဖွဲချုပ်ရုံး၌ ပြုလုပ်။

စစ်အစိုးရရဲ့ မတရားနေအိမ် အကျယ်ချုပ်ချခံထားရတဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဘဘ(သူရ)ဦးတင်ဦးနဲ့
ဒေါက်တာဒေါ်တင်မိုးဝေတို့ နှစ်(၅၀)မြောက်ရွှေရတု မင်္ဂလာပွဲ အတွက်
ဆုတောင်းပွဲကို အဖွဲချုပ်ဗဟို အမျိုးသမီးအဖွဲ့မှ ဦးစီး၍ ယနေ့ကျင်းပ
ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ ဘဘဦးတင်ဦးကို ချစ်ခင်ကြတဲ့
ပြည်သူများနဲ့ အဖွဲ့ချုပ်ဝင်များ (၂၀၀)ခန့် တက်ရောက်ခဲ့ကြောင်း၊
တက်ရောက်လာသူများအား ကြာဇံဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပြီး
ဆုတောင်းမေတ္တာ ပို့သခဲ့ကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....

0 comments:

Post a Comment