,
|

ငါတို့ သိတဲ့ "မင်း"

ငါတို့ က ငါ
မင်းကတော့ "မင်း"
ဘဝ အခြေအနေအရ
မတူရလေခြင်း...
ဝါးကြမ်းခင်းတဲ့ ငါတို့ တဲ
ဓနိမိုးက ကြိုးတိုးကြဲ..
ရဲတိုက်ကြီးနဲ့ တူသဗျာ
"မင်း"ရဲ့တိုက်က ဟိန်းနေတာ
ကျောက်စိမ်းတုံးတွေ ခင်းလို့ ထား
အလှဆင်တာ ပတ္တမြား
ဘယ်သူ ဆောက်ပေးထား...?
ငါ့သားတွေက ကျောင်းတက်ရင်
ခြေကျင်လျှောက်ရ မြေလမ်းတွင်
"မင်း"ရဲ့သားက ဘုန်းတော်ကြီး
နိုင်ငံခြားကို လေယာဉ်စီး
နေ့ စဉ်ကျောင်းတက် ဒီခရီး
ဘယ်သူစရိတ်ခံသနည်း...?
အခွန်ထမ်းတဲ့ ငါတို့ မှာ
မွဲပြီးရင်းသာ မွဲနေတာ..
ငါတို့ အပေါ် မိုက်ကြေးခွဲ
ဂုတ်သွေးစုပ်တာ "မင်း"ပါဘဲ။

ပြည်တွင်းမှပေးပို့ လာသူအားကျေးဇူးတင်ရှိပါသည်..

0 comments:

Post a Comment