,
|

ငါတို့ သိတဲ့ "မင်း" ၂

သူခိုးကြီး ငတက်ပြား
ရာဇဝင်ထဲမှာသူကျော်ကြား
ဆင်းရဲသားအိမ် မခိုးပါ
သူဌေးကိုသာ ဒုက္ခရှာ
ဓါးပြတိုက်ခါ ခိုးယူခဲ့
ရလာသမျှရွှေငွေနဲ့ 
ဘုရားတည်ခဲ့ကျောင်းတည်ခဲ့..

ဒီဘက်ခေတ်မှာပေါ်ပေါက်လာ
ကြည်ညိုဖွယ်ရာစေတီပါ
ဒါယကာက ဘယ်သူလဲ
"မင်း"ဘဲဖြစ်မှာဘဲ..
ငါတို့ စေတီမဲနေသည်
ရွှေပွတ်ခံရပြီ
"မင်း"စေတီမှာ ရွှေရောင်ဝင်း
လူ"နပ်"တွေဖန်ဆင်း
အမယ်"မင်း"ရယ်တဲ့မှ အမယ်"မင်း"
ငိုချင်းချလို့ ငိုမိခြင်း...။

0 comments:

Post a Comment