,
Posted by
Burma Campaign Japan
|
0
comments
ခွပ်ဒေါင်းအလံ
ဒီရက်ပိုင်းနည်းနည်းအလုပ်များနေလို့ အွန်လိုင်းကမန်းကတန်းဝင်၊ ဖတ်ပြီးကြိုက်တဲ့စာတွေပဲ ပြန်တင်ဖြစ်နေတယ်။ ဂျီတော့နဲ့တောင် ချက်ကြီးလုပ်မအားဖြစ်နေတယ်။ ခွင့်လွှတ်ကြပါ။ :)
ဒေါင်းပျိုထိုးဆွပ်
ဘယ်ညာခွပ်၍
လွတ်လပ်ရလေ
တို့တတွေသည်
အိုးဝေ ကျေးဇူးပါတကား- လို့
ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းတို့ရဲ့ ဆရာလဲဖြစ်၊ ရဲဘော် ရဲဘက်လဲဖြစ်တဲ့ စာဆိုကြီး မင်းသုဝဏ်က ခွပ်ဒေါင်းအလံကို ဂုဏ်ပြုဖွဲ့ဆိုခဲ့ပါတယ်။ရှေးက မြန်မာနိုင်ငံတော်ရဲ့ အလံဟာ "ကဒေါင်းပုံ" ဖြစ်ပါတယ်။ "ကဒေါင်း"ဆိုတာ အမြီးဖြန့်ကားပြီး ကနေတဲ့ဒေါင်းပေါ့။ ကဒေါင်းကို "နေ" ကယူပါတယ်။ "နေ"ထဲမှာ ဒေါင်းပုံ ပါရှိပြီး "လ" ထဲမှာ "ယုန်" ပုံ ပါရှိတယ်လို့ ဗမာ့ရိုးရာ အယူအဆ ရှိပါတယ်။ ၀ံသာနုခေတ်မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက "ဒေါင်းဋီကာ" "ဒေါင်ဂဏ္ဌိ" စတဲ့ "ဒေါင်း" အဖွင့် စာပေတွေ ပြုစုလို့ အမျိုးသားကျောင်းတွေမှာ ပြဋ္ဌာန်းခဲ့ဖူးပါတယ်။ ၀ံသာနုခေတ်လို့ ခြုံငုံပြီးခေါ်တဲ့ခေတ်မှာ အရေးပါတဲ့ အဖွဲ့အစည်းက ဗမာပြည်တ၀န်းရှိ ၀ံသာနု ၀ိုင်အမ်မ်ဘီအေ အသင်းတွေကို စုစည်းထားတဲ့ ဂျီစီဘီအေ အသင်းချုပ်ကြီးပါ။
ဗုဒ္ဒဘာသာကလျာဏယုဝအသင်း ပေါ်ပေါက်လွှမ်းမိုးတဲ့ခေတ်ကို ၀ံသာနုနိုင်ငံရေးခေတ်လို့ ခေါ်လေ့ရှိပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်း နာယကအဖြစ်နဲ့ ဦးဆောင်တဲ့ သခင်အောင်ဆန်း၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင်သိန်းဖေ၊ သခင်ဗဟိန်းစတဲ့ သခင်လူငယ်တွေ လွှမ်းမိုးတဲ့ နိုင်ငံရေးခေတ်ကိုတော့ သခင်နိုင်ငံရေးခေတ်လို့ ခေါ်ခဲ့ကြပါတယ်။
သခင်ခေတ်မှာ လွတ်လပ်ရေးကို လက်ဖြန့်တောင်းလို့ မရတော့ဘူး၊ တိုက်ယူမှ ရတော့မယ်ဆိုပြီး ဆရာကြီးမှိုင်းကစ လူသိရှင်ကြားပြောဟောခဲ့ပါတယ်။ ခေတ်သစ်လူငယ်လေးတွေ ဆိုတာ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်က မွေးထုတ်လိုက်တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသားတွေက ဖြစ်လာခဲ့တာပါပဲ။ ၀ံသာနုခေတ်လို့ အမျိုးသားရေး အလွမ်းသည်တဲ့ ခေတ်မဟုတ်တော့ဘဲ လက်သီးလက်မောင်းတန်းတဲ့ ခေတ်ဖြစ်လာပါပြီ။ တက္ကသိုလ် သမဂ္ဂမှာလဲ "အိုးဝေ" ဆိုတဲ့ ဒေါင်းသံ ရင့်ကျူးလာခဲ့ပါပြီ။ ကိုအောင်ဆန်းနဲ့ ကိုညိုမြတို့ တီထွင်ခဲ့တဲ ကျောင်းသားအသံ မဂ္ဂဇင်းပါ။ သူတို့တတွေဟာ တက္ကသိုလ်သမဂ္ဂတို့သာမက၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂကိုပါ တည်ထောင်ဖွဲ့စည်းပြီး ကျယ်ကျယ်ပြန့်ပြန့် တိုက်ပွဲဝင်ခဲ့ကြပါပြီ။ ခွပ်ဒေါင်းအလံကို စွဲကိုင်ခဲ့ကြပါပြီ။
ရန်ကုန်တက္ကသိုလ်မှာ ကိုဗဆွေလေး၊ မန္တလေးတက္ကသိုလ်မှာ မောင်သာနိုးတို့ဟာ ခွပ်ဒေါင်းပုံကို စုတ်နဲ့ တကြောင်းဆွဲ ရေးဆွဲလေ့ ရှိခဲ့ကြပါတယ်။ အဲဒီခေတ် (၁၉၆၀) ၀န်းကျင်မှာ ကျနော် တကသ အမှုဆောင်အဖြစ် ကိုသာနိုးတို့နဲ့အတူ ပါဝင်လုပ်ဆောင်တဲ့အခါ ကျနော်လဲ ခွပ်ဒေါင်းပုံအဆွဲ လေ့ကျင့်ခဲ့ပါတယ်။ (ကိုစိန်မြင့် (ခုမောင်မိုးသူ) နဲ့ ကိုစိန်မောင် (ပန်းချီ) တို့ဟာ ခွပ်ဒေါင်းပိုစတာဆွဲရာမှာ ထူးချွန်သူတွေအဖြစ် အခွင့်သာတုန်းမှာ မှတ်တမ်းတင်ပါရစေ။) ဒီလိုခွပ်ဒေါင်းပုံတွေရေးဆွဲခဲ့ပေမဲ့ ကျနော်တို့တတွေဟာ မူလ ခွပ်ဒေါင်းအကြောင်းကို မစပ်စုမိခဲ့ပါဘူး။ အောင်ဆန်းခေတ်မှာပေါ်ခဲ့တဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် အမှတ်တံဆိပ်လို့သာ ယေဘုယျ နားလည်ခဲ့ရပါတယ်။
အမေရိကားရောက်တော့မှ ဆရာဒဂုန်တာရာတို့ ဖုန်းနဲ့လှမ်းမေးခဲ့တော့ သူတို့ခေတ်မှာ (အောင်ဆန်းခေတ်မှာ) ကာတွန်းကိုဘဂျမ်း ရေးဆွဲပေးခဲ့တာကိုပဲ ရေးရေးသတိရတော့တယ်လို့ ဖြေပါတယ်။ ခုအခါ ဆရာတာရာနဲ့ သခင်အုန်းမြင့်စတဲ့ အောင်ဆန်းခေတ်ပြိုင်ပုဂ္ဂိုလ်တွေနဲ့ ရှေးမီနောက်မီ ပုဂ္ဂိုလ်တွေကို အသေးစိတ် ဆက်လက်မေးမြန်း ထားသင့်ကြပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ရှင်လူရဟန်းတွေ အများကြီး ပါဝင်လာခဲ့ပေမဲ့ တကယ်ရှေ့ဆောင် လှုပ်ရှားခဲ့တာကတော့ ခွပ်ဒေါင်းအလံကိုင် ကျောင်းသားတွေပဲ ဖြစ်ပါတယ်။ ဗကသဆိုတာကို ခေတ်အဆက်ဆက် အစိုးရတွေ ဖိနှိပ်ဖြိုဖျက်လာခဲ့ပေမဲ့ ခေတ်အဆက်ဆက်ကျောင်းသားတွေက ပြန်လည်ဖွဲ့စည်းပြီး ခွပ်ဒေါင်းအလံကို တိုက်ပွဲဝင်အလံအဖြစ် သွေး၊ ချွေး၊ မျက်ရည်တွေ ရင်းနှီးပြီး ဆက်လက် လွှင့်ထူခဲ့ကြပါတယ်။
ဒါကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အသိအမှတ်ပြုပြီး တော်လှန်ရေးကြယ်ဖြူနဲ့ ခွပ်ဒေါင်းတို့ ပေါင်းစပ်လိုက်ပါတယ်။ တိုက်ပွဲသမိုင်းကြီး တခုလုံးကို ထင်ဟပ် လေးနက်စေခဲ့ပါတယ်။
ခုခေတ်ဟာ ဒီမိုကရေစီရေး တိုက်ပွဲဝင်တဲ့ ခေတ်ပါ။ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲခေတ်ပါ။ တိုက်ပွဲဝင်ဆဲကာလ ဖြစ်လို့ တိုက်ပွဲ အထိမ်းအမှတ် ခွပ်ဒေါင်းဟာ အလွန့်အလွန် အဓိပ္ပါယ်ရှိပြီး အလေးအနက် ထားရပါလိမ့်မယ်။
တိုက်ပွဲမ၀င်ရဲသူ၊ သစ္စာဖောက်သူ၊ သွေဖယ်ဖောက်ပြန်သူတွေဟာ ခွပ်ဒေါင်းအလံကို ကိုင်ဆောင်ဖို့ဝေးစွ အရိပ်တောင် မနင်းရပါဘူး။ တိုက်ရဲသူတို့အလံကို ချောင်ကြိုချောင်ကြားက အမြီးကုပ် ထွက်လာသူမျိုးက မတန်မရာကိုင်ရင် မိုးကြိုးပစ်ပါစေ။ မစိုးရိမ်ဆရာတော်ကြီး အမိန့်ရှိဖူးသလို ကံကြီးထိုက်တတ်ပါတယ်။ ခေတ်အဆက်ဆက် သွေးမြေကျခဲ့ကြရတဲ့ ကျောင်းသားတွေရဲ့ ၀ိဉာဉ်ကလဲ အလံကို စောင့်ရှောက်ပါစေ။ လက်ရှိတိုက်ပွဲဝင် ကျောင်းသားတွေက ကာကွယ်နိုင်ပါစေသတည်း။
ခွပ်ဒေါင်းအလံကို အလေးပြုနီလျက် …
မောင်စွမ်းရည်
မေ ၂၆၊ ၂၀၁၀
Ref-မိုးမခ
--
wai yan min
http://www.datacarrier.info
http://datacarrier.blogspot.com
,
Posted by
Burma Campaign Japan
|
0
comments
ဖိတ်ခေါ်စာ
ဒို့လူမျိုး တွေ နေ၀င်ချိန်ကို စောင့်ကြနေကြတာလား။
ဒီပုံတိုင်းသာ ဆက်သွားရင် မကြာပါ ဘူး နေ၀င်ချိန်ကို ရောက်တော့မှာပါ။ ကမ္ဘာမှာ ဗမာလူမျိုး ဆို တာ ပျောက်ဘို့ အချိန်သိပ်မလိုတော့ဘူး။
လူမျိုးပျောက်ပြီ ဆိုမှတော့ ဒို့တွေကကော ။စဉ်းစားစရာကို မလိုတော့ဘူး။
တိုင်းပြည်ကို အမျိုးမျိုး နှိပ်စက် ၊ ယုတ်မာမှုမှာ နှိုင်းယှဉ်စရာ မရှိ ၊ ဒါ တွေကို သိရဲ့နဲ့ ငုံ့ခံနေကြတော့မှာလား။
ဒို့တွေမှာ စိတ်ဓါတ်ခွန်အားတွေ နည်းပါးလာအောင် လုပ်နေကြလို့ ဒို့လူမျိုးတွေ ရင်ထဲမှာ အကြောက်တရား တွေ ကိန်းအောင်းနေကြပြီ။
တစ်ချိန်က ကမ္ဘာမှာ ဗမာလူမျိုးဆိုပြီး ကြွေးကြော်နိုင်ခဲ့ကြတာ သူရဲကောင်းတွေ ရှိခဲ့ကြလို့ဘဲ။
ဒို့တွေလည်း လုပ်ရ င် ဖြစ်ပါတယ် ။ ဘာတွေ ကို စဉ်းစားပြီး တွေးကြောက်နေကြမှလဲ။
ဒို့တွေရဲ့ စီးလုံးညီညွတ်မှုကို ပြသဖို့ အချိန်ရောက်နေကြပြီ။ အား လုံး ညီညီညွတ်ညွတ်နဲ့ ကိုယ်တတ်နိုင်တဲ့ တာဝန်ကို ယူကြဖို့ဘဲလိုပါတယ်။
ဒီလိုချိန်မှာ မဟုတ်တာတွေ စဉ်းစားပြီး ရင် ထဲမှာ အကြောက်တရားတွေ ကိန်းအောင်းလာအောင် ပြောတဲ့သူဟာ ဒို့ရဲ့ရန်သူဘဲ။
လူတိုင်းက တစ်နေ့တော့သေကြမှာဘဲ ။ ရှင်လျက်နဲ့ သေနေရတဲ့ ဘ၀က ပိုဆိုးပါတယ်။ သေချာစဉ်းစားကြည့်ကြပါ။
ဒို့တိုင်းပြည် ဘာတွေလိုအပ်နေလဲ ။ ဒါတွေကို ငါ တို့တွေ တောင်းဆိုကြရမယ်။
ဒို့တွေ မဟုတ်တာ လုပ်တာ မဟုတ်ဘူး ။ လိုချင်တာကို ရဲရဲ ၀င့်ဝင့် ထုတ်ဖော်ပြောဆိုတာပါ ။
ကိုယ်အိမ်ထဲမှာကိုနေ၊ ဖြစ်သမျှကို ညီးညူ ၊ ကံတရားကို ပုံချနေလို့ မရဘူး ။
တိုင်းပြည်အကျိုးကို ဆောင်ရွက်ချင် တဲ့သူတွေ အများကြီးရှိပါသေးတယ်။
ငါ တို့တိုင်းပြည်ကောင်းစားရေး အတွက် အရာရာကို လက်လွတ်အဆုံးရှုံး ခံ ထောင်ထဲမှာ ရောက်နေတဲ့သူရဲကောင်းတွေကို ငါ တို့တတ်နိုင်တဲ့ဘက်က ပြန်ပြီးဂုဏ်ပြုကြရမယ်။
ဒို့တွေအားလုံးသိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ဒို့တိုင်းပြည်လိုအပ်နေတဲ့ လွတ်လပ်ရေးကို တိုင်းပြည်ကောင်းစားရေးအတွက် ရယူပေးခဲ့တာ။
လက်တစ်ဆုပ်စာ ကိုယ်ကျိုးရှာ လူတစ်စု ကောင်းစားဖို့မဟုတ်ဘူး။
ဒို့တွေမတရားမှုကို ဆန့်ကျင်ရမယ်။ ဒို့တွေရဲ့ ဆန္ဒအမှန်ကို ထုတ်ဖော်ကြမယ်။ ဒို့တွေကို ဦးဆောင်မယ့်ခေါင်းဆောင်ကောင်းေ တွလိုအပ်တယ်။
ဘယ်သူဘဲခေါင်းဆောင်လုပ်လုပ် ဦးတည်ချက်က တိုင်းပြည်ကောင်းစားရေးဘဲဖြစ် ရမယ်။
အားလုံး မကြောက်မရွံ့ နောက်မတွန့်ဘဲ ဒို့တိုင်းပြည်မှာ လိုအပ်နေတဲ့ အရောတွေကို တောင်းဆိုကြမယ်။
တိုင်းပြည်ကိုချစ်သော တပ်မတော်သားတွေကိုလည်း ပြောပြချင်ပါတယ်။ သင်တို့ကို လစာ ရိက္ခာထောက်ပံ့နေသည်မှာ ပြည်သူတွေဖြစ်သည်။
သင်တို့ကို ထမင်းကျွေးနေသောသူ ပြည်သူလူထုကို ညင်းပန်းနှိပ်စက်ဒုက္ခပေးခြင်း သည် ကိုယ့် ထမင်းရှင်ကို ပြန်လည်ပြစ်မှားခြင်းဖြစ်ပေသည် ။
ကျွန်တော်တို့တွေ သိသော တပ်မတော်သည် ပြည်သူမှပေါက်ဖွားလာခြင်းဖြစ် သည်။ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရန်ဖြစ်သည်။ ကိုယ်ကျိုးရှာလူတစ်စု ၏ မှားယွင်းစွာ ပေးသော ကိုယ်ကျိုးရှာအမိန့်ကို လိုက်နာခဲ့မိ၍ တစ်ကမ္ဘာလုံးက လေးစားရသော သာသနာဝန်ထမ်း ရှင်ရဟန်းများကိုပင် သွေးစိမ်းရှင်ရှင်ထွက်အောင် ရိုက်ပုတ်ခဲ့ကြလေပြီ။အမိန့်ဆိုေ သာစကားကို အသုံးချလျက် သင်တို့ကို ထိုသို့ကြမ်းတမ်းယုတ်မာရိုင်းစိုင်းသော စိတ်ဓါတ်များကို သင်တို့ရင်တွင်းသွတ်သွင်းပေးေ နသည်မှာ ထိုကိုယ်ကျိုးရှာ အာဏာရှင်လူတစ်စု ပင်ဖြစ်သည်။ သင်တို့ရင်တွင်းမှ ထိုသို့သောစိတ်ဓါတ်များကို မောင်းထုတ်၍ ပြည်သူချစ်သောတပ်မတော်သားများ အဖြစ် ပြန်လည်ပြုပြင်သင့်သည်။
ယနေ့တပ်မတော်တွင်း ဖြစ်ရပ်မှန်များကို သင်တို့ကိုယ်တိုင် ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်တိုင်းပြည်ကိုကာကွယ် စောင့်ရှောက်ရန် ပေးအပ်ထားသော လက်နက်များဖြင့်တိုင်းသူပြည်သား တို့အား ခြိမ်းခြောက်နေမယ့်အစား ကိုယ်ကျိုးရှာ အာ ဏာရှင် လူတစ်စုကို မောင်းထုတ်ရန်ကြိုးပမ်းနေသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများနှင့် လက်တွဲရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်။
တိုင်းရင်းသားပြည်သူများခင်ဗျာ။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရွက်၍ သင်တို့၏ တိုင်းရင်သားခေါင်းဆောင်များ အတူတကွ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပင်လုံစာချုပ်ကို
ပြန်လည် အမှတ်ရစေလိုပါတယ်။ ပြည်နယ် ပြည်မ မခွဲခြားရေးနှင့် တိုင်းပြည်အတူတွ စည်းလုံးညီညွတ်ရေးကို ရရှိရန် သဘောတူညီလက်မှတ်ထိုးခဲ့ကြ သည်မှာ သင်တို့အင်မတန်မှ လေးစားကြသေ သင်တို့၏ခေါင်းဆောင်များပင်ဖြစ် သည်။
ယနေ့ဒီအချိန်သည် ပင်လုံစာချုပ်ပါ အချက်အလက်များအကောင်အထည်ဖော်ရန် တိုင်းပြည်ကို တိုးတွန်ကောင်းမွန်ရန်အတွက် အတူတကွ လုပ်ကိုင်ဆောင်ရွက်ကြရန် သင်တို့ကို လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
ဒို့တိုင်းပြည်မှာ သူရဲကောင်းတွေ အများကြီးပါ။
မိန်းမသားဖြစ်ပေမယ့် တစ်ကမ္ဘာလုံးက လေးစားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးမျိုးဆက် ဒေါ်အောင်ဆန်းဆုကြည်
အသက်ကြီးပေမယ့်စိတ်ဓါတ်မကြဘဲ တိုင်းပြည်ကောင်းစားရေးအတွက် လုပ်နေတဲ့ ဟံသာဝတီ ဘဘ ဦးဝင်းတင်။
တိုင်းပြည်ကောင်းစားရေးအတွက် ဘ၀နှင့်ရင်းနှီးမြှပ်နှံခဲ့တဲ့ အငြိမ်းစား စစ်ဦးစီးချုပ် ဘဘ ဦးတင်ဦး
ဗမာလူမျိုးတွေရဲ့အမှားကိုထောက်ြ ပကာ တစ်နိုင်ငံလုံး မကြောက်တရား လှည့်လည် ဟောကြားနေတဲ့ ဆရာတော် ဦးသုမင်္ဂလ
နိုင်ငံကျော် လူသားတွေ ဖြစ်ပေမယ့် ပြည်သူတွေကို ကူညီဖို့ ဘ၀ကိုရင်းနှီးမြှပ်နှံထားတဲ့ ကိုကျော်သူ.. ကိုဇဂနာ
ဒို့ကျောင်းသားတွေလဲ သတ္တရှိရှိရဲဝံ့ပါတယ်၊တိုင်းပြည် အတွက်ဆို အသက်ပါပေးထားတဲ့ ကိုမင်းကိုနိုင် နှင့်တစ်ကွကျောင်းသားခေါင်းဆော င်များ
အခြားတိုင်းကျိုးပြည်ပြု နိုင်ငံရေးပါတီများ
မြန်မာစစ်အစိုးရက မရားသဖြင့် ဒုက္ခပေးသည်ကို သီးမခံနိုင်၍ တိုင်းတစ်ပါးတွင် ခတ္တတိမ်းရှောင်နေရသောသူများ
သူတို့တွေအခုချိန်ထိ သက်ရှိထင်ရှားရှိနေကြသေးတယ် ။ သူတို့တွေဟာ ရင်ထဲကကြောက်ရွံ့ခြင်းကို မောင်းထုတ်ကာ တိုင်းပြည်အကျိုးကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်နေကြတယ်။
အားလုံးသောရဟန်းရှင်လူပြည်သား များ၊ ကျောင်းသားများနှင့်တိုင်းပြည် ကို တကယ်ချစ်သော တပ်မတော်များခင်ဗျာ မိမိနိုင်ရာတာဝန်ကို ထမ်းဆောင်ပြီး ဒို့တိုင်းပြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော တရားမျှတ၍ လွတ်လပ်စွာ တိုင်းပြည်ကို တိုးတက်စေနိုင်သာ ဒီမိုကရေစီနိုင်ငံနိုင်ငံတောကြီး ပေါ်ပေါက်ရေးကိုဝိုင်းဝန်းကြိုး စားကြပါလို့ တောင်းဆိုလိုက်ပါတယ်။
ဒီမိုကရေစီရရှိရေး ........ ဒို့အရေး
စစ်အာဏာရှင် စနစ်ပျက် သုဉ်းရေး .................ဒို့အရေး
မတရားမှုကို အလို မရှိ အလိုရှိ တာ ဒီမိုကရေစီိ .............................. .......
ဒို့တွေ အား လုံး တရားမျှတ၍ လွတ်လပ်စွာ တိုင်းပြည်ကို တိုးတက်စေနိုင်သာ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့  ချီတက်ကြပါစို့
တိုင်းပြည်ကို တိုးတက်ကောင်းမွန်စေချင်တဲ့
ဗမာ့သွေး
,
Posted by
Burma Campaign Japan
|
0
comments
အင်တာနက်နှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်
စစ်မှန်တဲ့ လူမှုဆက်ဆံရေးတွေကို ရှောင်လွှဲချင်ကြတဲ့အတွက် လူတွေအွန်လိုင်းတွေပေါ်မှာ အချိန်သုံးနေကြတယ်။ အဲလိုအချိန်တွေသုံးနေတာဟာ သူရဲဘောဆန်လွန်းစွာ နဲ့ အတိုင်းထက်လွန်စွာ ပျော်စရာကောင်းတယ်လို့ New York Times ရဲ့ Op-Ed writer ဖြစ်တဲ့ Alice Mathias ကဆိုပါတယ်။
ပြည့်စုံ
PYAE SONE
0060172880016
PEACE COMES FROM RESPECTING THE RIGHTS OTHER
အဲဒါက အရင်ကတော့ ဖြစ်ကောင်းဖြစ်မယ်။ အခုချိန်မှာတော့ ဖြစ်နိုင်ချေက အလွန်နည်းလာပါပြီ။ လူတွေက facebook၊ my space၊ twitter၊ tagged တွေကို အသုံးပြုပြီး အချင်းချင်းဆက်သွယ်လာကြတဲ့ အခါမှာ ကိုယ့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်ဖြစ်၊ အကုန်လုံးကိုပဲ ဖြစ်ဖြစ် ချပြလာကြတယ်။ အဲသလိုချပြလာတဲ့အခါမှာ real interaction တွေဖြစ်လာတယ်၊ အကောင်းတွေကော အဆိုးတွေကော ဖြစ်စေတယ်၊ အဆိုးတွေဖြစ်လာတဲ့အခါမှာ တစ်ကယ်ပဲ ပျော်စရာကောင်းသေးလားဆိုတာလည်း စဉ်းစားစရာဖြစ်လာပါပြီ။
အွန်လိုင်းစာမျက်နှာတွေထဲက တစ်ခုဖြစ်တဲ့ facebook ဆိုတာပေါ်နေတာ ငါးနှစ်လောက်ရှိပါပြီ။ ဒါပေမယ့် မနှစ်က မြန်မာပြည်ပြန်တော့မှ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့အတွက် အကောင့်လေးတစ်ခုကို အဲဒီတော့မှ ဖွင့်ဖြစ်ခဲ့တယ်။ အကောင့်ထဲမှာ ကျောင်းတုန်းက ရင်းနှီးတဲ့ သူငယ်ချင်း အယောက်သုံးဆယ်ထက် မပိုတဲ့ကျွန်မ၊ သိပ်အရေးကြီးတဲ့ သတင်းကို သူငယ်ချင်းတွေကို သိစေချင်တဲ့အခါကလွဲပြီး အခြားဘာဓာတ်ပုံမှကို မတင်တဲ့ ကျွန်မလို လူမျိုးတွေသာ များနေရင်တော့ facebook လဲ စီးပွားရေးကျမှာ အမှန်ပါပဲ။
ကျွန်မ အမြင်မှာတော့ လူသန်းသုံးရာလောက်သုံးနေတဲ့ facebook မှာ သုံးသူတော်တော်များများမသိတဲ့ အချက်ကတော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ဈေးကွက်အမြတ်အတွက် အသုံးချနေတာကိုပါပဲ။ facebook အနေနဲ့ နာမယ်ကြီးကွန်ပြူတာဂိမ်းတွေနဲ့ quizzes တွေကို ဒေါင်းလုပ်ချတဲ့ third-party developers တွေကို facebook သုံးတဲ့လူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကြိုက်သလိုယူခွင့်ပေးထားပါတယ်။ ဒီအချက်ကိုပြုပြင်ပေးရန် ကနေဒါနိုင်ငံသက်ဆိုင်ရာများက တောင်းဆိုထားပါတယ်။ နောင်နှစ်နွေရာသီအထိ ဒါကိုပြင်ဆင်ပေးရန် facebook ကို အချိန်ပေးထားတယ်လို့သိရပါတယ်။ အချို့တွေအတွက် ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စီးပွားရေးမှာဖြစ်ဖြစ်၊ အခြားနေရာတွေမှာဖြစ်ဖြစ် third-party တွေက အသုံးချနေတာ အရေးမကြီးနိုင်ပေမယ့်၊ ကျွန်မအတွက်တော့ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဒီလိုအသုံးပြုနေတာကို သိပ်မနှစ်သက်လှပါဘူး။ ဒါဟာလည်း လူတစ်ဦးချင်းစီရဲ့ ခံယူချက်ပေါ်မှာ မူတည်ပါလိမ့်မယ်။ အချို့က ပွင့်လင်းတယ်။ အချို့က ပရိုက်ဗိတ်ဖြစ်တတ်တယ်။ သိပ်ပွင့်လင်းရင်လည်း မကောင်းသလို၊ သိပ်ပြီးလျှို့ဝှက်လွန်းခြင်းဟာ လည်း မကောင်းပါဘူး။ သိပ်ပွင့်လင်းလွန်းတဲ့အခါမှာ အောက်ကအဖြစ်မျိုးလေးတွေလည်း ဖြစ်တတ်ပါတယ်။
ဟိုတစ်လောက မိန်းကလေးတစ်ယောက် ယဉ်တိုက်မှုဖြစ်ပြီး အာမခံငှာနမှ ဒေါ်လာငွေ ငါးသောင်း အလျော်တောင်းတယ်။ ယဉ်တိုက်မှုကြောင့် သူအလုပ်လုပ်နေတဲ့ cashier အဖြစ် အကြာကြီး မတ်တပ်မရပ်နိုင်ကြောင်း၊ အရင်တုန်းကလို တောင်တက်၊ စက်ဘီးစီး၊ ကခုန်တာမျိုးတွေ မလုပ်နိုင်တော့ကြောင်း၊ ဒေါက်ကလပ်ကောလိပ်ကျောင်းနဲ့ ဆိုင်မွန်ဖရေဇာတက္ကသိုလ်ကျောင်းေ တွမှာ စာသင်နေရင်း ထိုင်နေရင်းမှာ ကိုယ်လက်တွေ နာလွန်းလို့ စာတောင် မသင်နိုင်တော့ကြောင်း စတဲ့ အချက်တွေနဲ့ အာမခံငှာနမှ ငွေတွေရအောင် ကြိုးစားပါတယ်။ အဲဒီမှာ အာမခံငှာနမှ ရှေ့နေတွေက အဲဒီမိန်းကလေးရဲ့ facebook ကို စစ်လိုက်တော့၊ တောင်တက်နေတဲ့ပုံတွေ၊ ကခုန်နေတဲ့ပုံတွေ၊ စက်ဘီးစီးနေတဲ့ ပုံတွေကို တွေ့ရတော့တာပါပဲ။
နောက်တစ်ဦးကတော့ ယဉ်တိုက်မှုတစ်ခုမှာ တစ်ဘက်မှလူ သေဆုံးသွားတာကို၊ အလွန်အမင်းနောင်တရ ၀မ်းနည်းကြောင်း တရားရုံးမှာ ထွက်ဆိုပြီး ပြစ်မှုလျော့ပေါ့အောင် ကြိုးစားပေမယ့်၊ သူ့ရဲ့ဆိုက်မှာ ယဉ်တိုက်ပြီး နှစ်ရက်လောက်မှာ ပါတီတစ်ခုမှာ ပျော်ပါးမူးယစ်နေတဲ့ ပုံတွေကို ရဲတွေက တွေ့တော့တာပါပဲ။
အခုနောက်ပိုင်း ရဲတွေ ပုလိပ်တွေက လူတစ်ယောက်ကို လိုက်ပြီဆိုရင် facebook တို့ my space တို့လိုနေရာတွေကိုပါ မွှေနှောက်ရှာဖွေတယ်လို့ သိရပါတယ်။ ကောလိပ်ကျောင်းဝင်းတွေရဲ့ ရဲတွေကလည်း အသက်မပြည့်ဘဲ အရက်သေစာသောက်စားနေလား၊ အခြားတရားမ၀င်တာတွေ လုပ်နေလားကို ထိုနေရာမျိုးတွေမှာ သွားရှာပြီး ပြစ်မှုထင်ရှားရင် ကျောင်းသားတွေကိုလည်း အပြစ်ပေးတတ်ပါတယ်တဲ့။ တိုရန်တိုကောလိပ်တစ်ခုမှာ ကျောင်းအုပ်ကြီးကို facebook မှာ ဝေဖန်ထားလို့ ကျောင်းသားအချို့ အပြစ်ပေးခံရဖူးပါတယ်။ facebook မှာ cyber bullying ကိုလဲ မြင်တွေ့ရတယ်လို့ဆိုပါတယ်။ အုပ်စုဖွဲ့ပြီး တစ်စုံတစ်ယောက်ကို အနိုင်ကျင့်တဲ့ cyber bullying ကတော့ အွန်လိုင်းအဖွဲအစည်းတွေတိုင်းမှာ တွေ့ရတတ်ပါတယ်။ ဘလောဂ်စဆောက်စဉ်မှာ စီနီယာဘလောဂါတွေရဲ့ ဂျူနီယာဘလောဂါတွေကို (အဲဒီဂျူနီယာဘလောဂါတွေဟာ သူတို့တွေထက် အသက်အရွယ်ကအစ၊ ပညာကအစ ကြီးနိုင်မြင့်နိုင်ပါသော်လည်း - ဂါရတောစ နိဝါတောစ - ငြင်းချက်တွေကိုလက်ကိုင်ထားပြီး ) ပညာပြမှုလေးတွေမှ စတဲ့ အသေးအမွှားကိစ္စလေးတွေကအစ၊ အုပ်စုလိုက်အနိုင်ကျင့်လို့၊ စိတ်အနှောက်အယှက်ပေးလို့ ဘလောဂ်ပါပိတ်လိုက်ရတဲ့ ဘလောဂါတွေကိုလည်း မြင်ဖူးပါတယ်။ အမည်အတုတွေနဲ့ အနှောက်အယှက်ပေးမှုတွေဟာလည်း ကွယ်ဝှက်ထားလို့မရတော့ပါဘူး။ လွန်ခဲ့တဲ့ သြဂုတ်လတုန်းက Keeley Houghton ဆိုတဲ့ အသက် ၁၈နှစ်အရွယ် ဗြိတိန်နိုင်ငံက ကျောင်းသားလေးတစ်ယောက်ဟာ facebook ပေါ်မှာ အတန်းသားတစ်ယောက်ကို cyber bullying လုပ်မှုနဲ့ ထောင်သုံးလ ကျသွားပါတယ်။
အခုနောက်ပိုင်း ရဲတွေ ပုလိပ်တွေက လူတစ်ယောက်ကို လိုက်ပြီဆိုရင် facebook တို့ my space တို့လိုနေရာတွေကိုပါ မွှေနှောက်ရှာဖွေတယ်လို့ သိရပါတယ်။ ကောလိပ်ကျောင်းဝင်းတွေရဲ့ ရဲတွေကလည်း အသက်မပြည့်ဘဲ အရက်သေစာသောက်စားနေလား၊ အခြားတရားမ၀င်တာတွေ လုပ်နေလားကို ထိုနေရာမျိုးတွေမှာ သွားရှာပြီး ပြစ်မှုထင်ရှားရင် ကျောင်းသားတွေကိုလည်း အပြစ်ပေးတတ်ပါတယ်တဲ့။ တိုရန်တိုကောလိပ်တစ်ခုမှာ ကျောင်းအုပ်ကြီးကို facebook မှာ ဝေဖန်ထားလို့ ကျောင်းသားအချို့ အပြစ်ပေးခံရဖူးပါတယ်။ facebook မှာ cyber bullying ကိုလဲ မြင်တွေ့ရတယ်လို့ဆိုပါတယ်။ အုပ်စုဖွဲ့ပြီး တစ်စုံတစ်ယောက်ကို အနိုင်ကျင့်တဲ့ cyber bullying ကတော့ အွန်လိုင်းအဖွဲအစည်းတွေတိုင်းမှ
အာမခံငှာနတွေက ရဲငှာနတွေက လိမ်လည်လှည့်ဖျားမှုတွေနဲ့ ပြစ်မှုကျူးလွန်မှုတွေကို facebook မှာသွားပြီး အနံ့ခံတတ်ကြသလို၊ လူတစ်ဦးကို အလုပ်ခန့်တော့မယ်ဆိုရင်လည်း ကုမဏီတွေက facebook တို့ my space တို့မှ တဆင့် ခန့်မည့်သူကို လေ့လာတယ်လို့လဲ သိရပါတယ်။ ထိုနည်းတူပဲ အလုပ်ဖြုတ်ချင်လို့ အကြောင်းရှာတော့မယ်ဆိုရင်လည်း ထိုနေရာတွေမှာ သွားပြီးမွှေနှောက်တတ်ကြပါတယ်။
“ဆယ်ကျော်သက်တွေဟာ မိမိရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အွန်လိုင်းစာမျက်နှာတွေမှာ ဝေမျှတဲ့အခါမှာ နှစ်ခါစဉ်းစားပြီးမှ ဝေမျှသင့်တယ်” လို့ Canada နိုင်ငံရဲ့ privacy commissioner ဖြစ်တဲ့ Jennifer Stoddart က privacy-sector privacy law နဲ့ပတ်သက်ပြီး ပါလီမန်မှာ annual report မှတဆင့် ကနေဒါနိုင်ငံမှာရှိတဲ့ ဆယ်ကျော်သက်များကို ကြပ်ကြပ်မတ်မတ် တိုက်တွန်းသွားပါတယ်။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို အများနဲ့ဝေမျှပုံတွေကို မိဘတွေအတွက် မယုံနိုင်လောက်အောင်ဖြစ်ရတယ်၊ အဘိုးအဘွားတွေအတွက်တော့ မတွေးဝံ့လောက်စရာ၊ စဉ်းကိုမစဉ်းစားရဲစရာ ဖြစ်ရတယ်လို့ သူမ ကဆက်ပြောပါတယ်။ ငယ်ရွယ်စဉ်အခါမှာ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ စိတ်ထဲရှိသလို ပြုမှုကျင့်ကြံတာတွေဟာ အသက်ကြီးလာတဲ့အခါမှာ အရှက်ရစရာတွေ ဖြစ်ရတယ်လို့လည်း သူမက ဆိုပါတယ်။
ကိုယ်က မမှန်တာလုပ်မထားရင် စိုးရိမ်စရာဘာမှ မရှိပေမယ့်လည်း၊ ကိုယ်ဘယ်လိုလူလဲဆိုတာကို ဓာတ်ပုံများများကြည့်စရာမလိုပါ ဘူး၊ တစ်ပုံနှစ်ပုံလောက်ကြည့်တာနဲ့ကို သိနိုင်ပါတယ်။ facebook မှာသွားလိုက်ရင် အချို့တွေက ရှုခင်းလေးတွေပဲတင်တယ်၊ အချို့တွေကတော့ မိသားစုပုံတွေတင်တယ်၊ အချို့တွေကတော့ စားကောင်းသောက်ဖွယ်တွေစားနေတာ၊ ပါတီပွဲတွေဆင်နွှဲနေတာတွေကိုတင် တယ်၊ အချို့တွေကျတော့လဲ မားစီးဒီးတွေ၊ ဘီအမ်ဒဗလျူတွေ၊ အိမ်ကြီးတွေ၊ ပိုင်ဆိုင်မှုမှန်သမျှဖြစ်တဲ့ ခွေး၊ကြောင်၊ကြက်၊၀က်၊ နွား၊ တစ်တီတူးကအစ တင်တယ်။ အချို့ကျတော့လည်း ကိုယ်ချစ်တဲ့ သူနဲ့တွဲရိုက်တာတွေတင်တယ်။ အဲ…. အဆင်မပြေလို့ကွဲတော့ နောက်တစ်ယောက်.. နောက်တစ်ယောက်…. ဒီလိုနဲ့.. အလွန်ရည်းစားများသူ ဖြစ်ပါပကော။ အချို့တွေကျတော့လည်း သောက်စားမူးယစ်နေတာတွေ တင်တယ်။ တင်လိုက်တိုင်း အမြဲ ဆေးလိပ်မီးခိုးတလူလူနဲ့ သောက်စားမူးယစ်တဲ့ ပုံတွေတင်မိရင်၊ အပြင်မှာ ကိုယ်က အမြဲတမ်းမူးယစ်ပျော်ပါး မနေသော်လည်း ဓာတ်ပုံလေးတစ်ခုတည်းနဲ့ ကိုယ့်ကိုတံဆိပ်ကပ်သွားနိုင်တယ် ။ “ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲ…တင် ချင်တာတင်မယ်၊ မကျေနပ်လည်းဘာအရေးလဲ” လို့ ဆိုနိုင်ပေမယ့်လည်း၊ ကြားဖူးတဲ့ သီချင်းတစ်ပုဒ်ထဲကလို “လောကကြီးကိုအရွဲတိုက်ရင် မင်းဘဲဒုက္ခရောက်လိမ့်မယ်” ဆိုသလို ဖြစ်မှာစိုးပါတယ်။
အထူးသဖြင့် လူငယ်တွေအနေနဲ့ အလုပ်ရှင်က ၀င်မွှေလို့ စိတ်အခန့်မသင့်တာတွေ့သွားရင် အလုပ်ကိုင်ကောင်းကောင်းတစ်ခုကို လက်လွတ်သွားစေနိုင်ပါတယ်။ အလုပ်ကောင်းကောင်းရှိပြီးသူတွေ အနေနဲ့လည်း မိမိ အကြောင်းခရေစေ့တွင်းကျကို အွန်လိုင်းစာမျက်နှာတွေပေါ်မှာ အလုပ်ရှင်တွေက မြင်နေရလို့၊ သူတို့စိတ်အခန့်မသင့်တာနဲ့ကြုံ လို့ အလုပ်ဖြုတ်ခံရသူတွေလည်း အများကြီးရှိပါတယ်။ ပရိုဖက်ရှင်နယ်ကျောင်းတွေကို ၀င်ရရန် အခွင့်အလမ်းတွေ ဆုံးရှုံးရတာတွေလည်း ရှိပါတယ်။ မိမိအကြောင်းတွေ လိုအပ်တာထက် ပိုပြီးဝေမျှမိရင်လည်း မိမိရဲ့ identity ကို ခိုးယူအသုံးချမည့်သူတွေကလည်း အမြဲတမ်း စောင့်ကြည့်နေတာကို သတိပြုစေလိုပါတယ်။
ပြည့်စုံ
PYAE SONE
0060172880016
PEACE COMES FROM RESPECTING THE RIGHTS OTHER
,
Posted by
Burma Campaign Japan
|
0
comments
ဗန္ဓုလတံတား အဆင်း ဒေါပုံသင်္ဘောကျင်း အနီးတွင် သစ်လုံးကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွား
မေလ ၂၀ ရက်နေ့ နံနက် ၁၁း၂၀ ၀န်းကျင်တွင် ဗန္ဓုလ တံတားအဆင်း ဒေါပုံသင်္ဘောကျင်းအနီး လမ်းဆုံတစ်နေရာတွင် သစ်လုံးကြီးများ သယ်လာသော ယာဉ်တစ်စီး တိမ်းမှောက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သစ်လုံးကားကြီး တိမ်းမှောက်မှုကြောင့် လမ်းကူးရန် စောင့်နေသူ မိသားစုလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး လမ်းကူးခဲ့သူ အသက် ၁၂ နှစ်ဝန်းကျင်ရှိ ကလေးငယ်တစ်ဦး အဆိုပါ သစ် လုံးကားကြီးနှင့် ပိ၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် သစ်လုံးကားကြီး ဘေးတွင် မောင်းနှင်လာသော ပါရမီတက္ကစီပေါ်တွင် ပါရှိသည့်ခရီးသည် အမျိုးသားတစ်ဦး အမျိုးသမီး တစ်ဦး အဆိုပါ ဖြစ်စဉ်နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
''ကျွန်တော်က စဖြစ်တဲ့အချိန် တုန်းက ဖြစ်တဲ့နေရာရဲ့ ၀န်းကျင် နေရာတစ်နေရာရဲ့ ကွမ်းယာဆိုင် မှာရှိနေခဲ့တယ်။ နံနက် ၁၁း၂၀ လောက်မှာ ဒုန်းဒုန်းလို့ အသံကြားတော့ လှည့်ကြည့်လိုက်တဲ့အခါ မှာ အဲ့ဒီသစ်လုံးအကြီးတွေ တင်လာတဲ့ ကားကြီးက အလယ်ဖောင်ကျွန်းကို ကျော်ဖြတ်ပြီး ဘေးတစ်ဖက်က တက်လာတဲ့ ပါရမီ ကားတစ်စီးရယ်၊ စီးတီးတက္ကစီ တစ်စီးကို သစ်လုံးတွေက ကျိုးပြတ်ပြီး ပိသွားတာ တွေ့ရတယ်။ မပိခင်ချိန်မှာ လမ်းဖြတ်ကူးတဲ့ အမျိုးသမီးသုံးဦး၊ အမျိုးသားကြီးတစ်ဦး ကလေးငယ်တစ်ဦး ကားနဲ့ ပိသွားတယ်။ အဲ့ဒီအခါမှာ ကျွန်တော်တို့က နီးစပ်ရာရှိတဲ့လူတွေ က ကားထဲက ဆွဲထုတ်တဲ့အခါ မှာ အမျိုးသမီးကြီးတစ်ဦး၊ အမျိုးသားကြီးတစ်ဦးနှင့် ကလေးငယ် တစ်ဦးကို ဆွဲထုတ်ပြီး နီးစပ်ရာ ကားတစ်စီးနဲ့ ဆေးရုံကြီးကိုပို့ခဲ့တယ်။ ဒါပေမယ့် ကလေးငယ် တစ်ဦးက လုံးဝဆွဲထုတ်လို့မရဘူး သစ်လုံးကားနဲ့ ပိနေခဲ့ပါတယ်''ဟု အဆိုပါဖြစ်စဉ် ရပ်ကွက်အနီးတွင် နေထိုင်ပြီး မျက်မြင်တွေ့ခဲ့ရသူ ကိုကျော်မင်းအောင်က ရှင်းပြခဲ့သည်။
ယင်းဖြစ်စဉ်တွင် အပြင်းအထန် ဒဏ်ရာရရှိခဲ့သူ မိသားစုလေးဦးမှ ဖခင်ဖြစ်သူ ဦးစိုးမြင့်က ''ကျွန် တော်တို့ မိသားစု လေးဦးက တောင်ဥက္ကလာပ မြို့နယ်မှာနေတာပါ။ ဒေါပုံမှာနေတဲ့ သမီးဆီ လာတဲ့အခါမှာ လမ်းဖြတ်ကူးဖို့ စောင့်နေတဲ့အချိန်မှာ ဘယ်လိုဖြစ်လို့ ဖြစ်သွားမှန်းမသိဘူး။ ကျွန်တော်တို့ကို သစ်လုံးကားကြီးက ပိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် က ကံကောင်းလို့ ကားရဲ့ အစပ် နားကပဲ ပိခဲ့တာပါ။ ပတ်ဝန်းကျင် က လူတွေ ၀ိုင်းကယ်ပြီး ဆေးရုံကို သိပ်မကြာခင်မှာ ရောက်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဇနီးဖြစ်တဲ့ ဒေါ်လှကြည်က ဒဏ်ရာတွေ ကြောင့် စကားတောင် မပြောနိုင်ဘူး။ ဒါ့အပြင် ကျွန်တော့်ရဲ့ အသက် ၁၃ နှစ် အရွယ်သာရှိတဲ့ ပန်းအိဖြူကလည်း မွန်းလွဲ တစ်နာရီခွဲ အချိန်လောက်မှာ သွေးတွေအန်ပါတယ်။ ဆရာဝန်ကတော့ သူ့ကို ခွဲစိတ်ခန်းဝင်ရမယ်လို့ ပြောတယ်။ ခြေထောက်တစ်ဖက်လည်း ပြုတ်သွားတယ်လို့ ပြောတယ်၊ အတွင်းဒဏ်ရာလည်း ကြီးကြီးမားမားရခဲ့တယ်''ဟု ပြော ကြားခဲ့သည်။
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိ အရေးပေါ်နှင့် ထိခိုက်ဒဏ်ရာခွဲစိတ် ဌာနမှ တာဝန်ရှိသူ ဆရာဝန်တစ် ဦးကလည်း ''ဒဏ်ရာရရှိခဲ့တဲ့ လေးယောက်ထဲက ပန်းအိဖြူက ဒဏ်ရာတော်တော်လေး ပြင်းခဲ့တယ်။ သူ့ကို ခွဲစိတ်မှုတွေပြုလုပ်မယ်။ ဒေါ်လှကြည်ကိုတော့ ဓာတ်မှန်နဲ့ အဖြေတွေကို စောင့်ကြည့်မယ်။ ကျန်တဲ့ ဦးစိုးမြင့်နဲ့ မ၀င်းသီရိကို တော့ ဒဏ်ရာအခြေအနေပေါ်မူ တည်ပြီး ပြန်လွှတ်သင့်ရင် ပြန်လွှတ်ပါမယ်''ဟုပြောကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ပွဲချင်းပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာသူ လေးဦးရှိခဲ့ကြောင်း သိရှိရသည်။
အငှားယာဉ်နှစ်စီးအား သစ်လုံးများပိနေစဉ် |

သေဆုံးသူအားကားထဲမှဆွဲထုတ်နေစဉ် |
ရန်ကုန်ဆေးရုံကြီး၌သစ်လုံးကားပိခဲ့သည့်ကလေးငယ်တစ်ဦးဆေးကုသနေစဉ် |
kiriko မှပေးပို့ ပါသည်...
,
Posted by
Burma Campaign Japan
|
0
comments
တိုက်ပွဲခေါ်သံ
မိတ်ဆွေတို့
ကျွန်တော်သိသော ပုံပြင်တစ်ခုကို သင်တို့ကို ပြောပြချင်လို့ပါ။
တခါ က တိုင်းပြည်တစ်ပြည်မှာ ရာသီဥတု ဖောက်ပြန်လို့ ရေတွေကြီး လာတယ်။ ရေကြီးတဲ့ အရှိန်ကြောင့် သတ္တ၀ါတွေဟာ အိမ် ခေါင်မိုးတွေပေါ်မှာ တက်နေကြရတယ်။
ဒီလိုရေကြီးတာက နေ ရေကြသွား လို့ အချို့သော သတ္တ၀ါတွေ ဟာ ကိုယ်နေရာကို ပြန်နေကြပါတယ်။
ဒါပေမယ့် ရေကြီးလို့ အိမ်ခေါင်ပေါ်ကို ရောက်လာတဲ့ အထဲက ခွေးအုပ်စု တစ်စုဟာ ခေါင်မိုးပေါ်မှာ နေရတာကို နှစ်ခြိုက်ပြီး အောက်ကို ပြန်မဆင်းချင်ကြတော့ပါဘူး ။ သူတို့တွေဟာ လူတွေ ခက်ခက်ခဲခဲ ရှာဖွေ ရကနေ ရလာတဲ့ စားသောက်စရာတွေကို လုယက်စားသောက်ပြီး တိုင်းသုပြည်သားတွေကို စပြီး ဒုက္ခပေးကြပါတော့တယ်။
ဒုက္ခ ရောက်နေတဲ့ တိုင်းသူပြည်သားတွေ ဟာ စား စရာ အတွက် လုံးပန်းနေကြရင်း က ဒီ ခွေးအုပ်စု ၇ဲ့ ဒုက္ခ ပေးခြင်းကို ခံစားရပါတယ်။
စည်းလုံးညီညွတ်မှု မရှိ ကိုယ်ဝမ်းစာ ကို ကိုယ် ခက်ခက်ခဲခဲ ရှာစားနေရတဲ့ တိုင်းသူပြည်သားတွေ ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီးသူတို့တွေ ဟာ တိုင်းပြည်ကိုကြီးစိုးမင်းမူလြာ ကပါတယ်။
တိုင်းသူပြည်သားတွေ ဟာ သူတို့တွေရဲ့ မတရား ညင်ပန်းနှိပ်စက်မှုကို ခံနေရပေမယ် ထိရောက်တဲ့ တုန့်ပြန်မှုကို မလုပ်ခဲ့ကြဘူး။
လူတွေဟာ အချင်းချင် ညီးညူးခြင်းနဲ့ အချိန်ကုန်လွန်ခဲ့ကြတာက လွဲလို့ ပြန်ပြီး ခုခံနိုင်မယ့် နည်းလမ်းကို မတွေးခဲ့ကြဘူး။
အချို့ သတ္တိရှိသော တိုင်းသူပြည်သားတွေ ဟာ သူတို့တွေရဲ့ မတရားနှိပ်စက်မှုကို သည်းမခံနိုင်ကြလို့ တတ်နိုင်တဲ့ နည်းလမ်းနဲ့ လက်တုန့် ပြန်ခဲ့ကြပါတယ်။
သို့သော်လည်း အရေ အတွက်အားဖြင့် ကွာခြားတဲ့ အတွက်ကြောင့် သူတို့ အုပ်စုတွေရဲ့ ရက်စက်သော နှိမ်နင်းခြင်းကို ခံရပါတယ်။
ကိုယ်ဝမ်းစာမှ မမှန်တဲ့ တိုင်းသူပြည်သား တွေဟာ ဒီအုပ်စုရဲ့ ရက်စက်မှု ကို ပိုမိုကြောက်ရွံ့ကာ ဆိုးသထက်ဆိုးလာပါတော့တယ်။
အဲဒီလို ဘဲ တဖက် မှာလည်း အချို့  ပျင်း၇ိ ၊ ရေသာခိုအချောင်လိုက်ချင်တဲ့ တိုင်းသူ ပြည်သားအချို့ဟာ ဒီခွေးအုပ်စုကို အောက်ကျို့ ဆက်ဆံ ပေါင်းသင်းပြီး ၊ ခွေးတွေ ရဲ့ စားကြွင်းစားကျန်ကို စား ကာ ၊ ခွေးအုပ်စု ကို မြှေက်ပင့် ပေါင်းသင်းလာကြပါတယ်။
ဒီလို မြှောက်ပင့် ပြောဆိုတာ ကို အဟုတ်မှတ်နေတဲ့ ခွေးအုပ်စု သူတို့ကိုသူတို့ အထင်တွေကြီးပြီး လုပ်ချင်ရာကို လုပ်ကြပါတော့တယ်။
ဒီလိုဒဏ်တွေကိုခံနေရတဲ့တိုင်းသူ ပြည်သားတွေဟာ စိတ်ထဲမှ မကြေနပ်ကြပေမယ့် ၊ လက်တုန့်ပြန်ဖို့ အခြေအနေကို စောင့်နေကြပါတယ်။
တစ်နေ့ တော့ တိုင်းသူပြည်သား တွေရဲ့ ဘ၀ ကို အကြီးအကျယ် ပြောင်းလဲစေမယ့် လူတစ်ယောက် ပေါ်ထွက်လာပါတယ်။
သူဟာ တစ်တိုင်းပြည်လုံးသိအောင် လှည့်လည် ကြေညာမောင်းခတ်ခဲ့ပါတယ်။
သူရဲ့စေတနာနဲ့ သတ္တရှိစွာ ဟောပြောမှုကို ကြားနာရတဲ့ လူတွေဟာ စိတ်အားတက်ကြွစွာနဲ့ ခုခံတွန်းလှန်ဖို့ကို စတင်လုပ်ဆောင်လာကြပါတယ်။
သူပြောခဲ့တဲ့တာလေးကတော့
"
လူဘ၀သာ တစ်ခါဘဲသေရမယ်။အခုလိုဆက်ပြီး နေရင် အားလုံး ဒုက္ခရောက်ပြီး သေကြတော့မယ် ။
ဒီလိုအကြိုးမရှိသေမယ့်အစား ကိုယ်တတ်နိုင်သလောက် ကြိုးစားခဲ့မယ်ဆိုရင် နာင်လာမဲ့ ကိုယ်ရဲ့မျိုးဆက်တွေ ဟာ အခုလိုဒုက္ခမျိုးတွေကို မခံကြရတော့ဘူးပေါ့။
အခုလည်းဒုက္ခေ၇ာက်နေတာဘဲ ။ ဒီလိုလုပ်လို့ ပိုဆိုးလာမယ်ဆိုတဲ့ အတွေးတွေကို မောင်းထုတ်လိုက်ကြပါ။
ဒို့တွေဟာ မတတ်သာလို့သာငုံ့ခံနေရတယ်။ကြော က်ရွံ့စိတ်တော့မရှိဘူးဆို တာကို ပြလိုက်ကြစမ်းပါ။
အားလုံးသာ လက်တွဲညီညီနဲ့ တတ်နိုင်တဲ့ အခန်းဂဏ္ဏကနေ ၀ိုင်းဝန်းကြိုးစားကြမယ်ဆိုရင် မကြခင်မှာ သာယာစိုပြေတဲ့ ဒို့ရဲ့တိုင်းပြည်ကို ရရှိမှာ မလွဲပါဘဲ။
ကြောက်ရွံ့စိတ်တွေကို မောင်းထုတ်လိုက်ပါ ။ ဒို့တွေရဲ့ စည်းလုံးညီညွတ်မှု အင်အားကိုသိသွားရင် သူတို့တွေ နဲ့ထိုက်တန်တဲ့နေရာကို ပြန်ရောက်သွားကြမှာ။
နေရာတိုင်းမှာ ခေါင်းဆောင်ဆိုတာ အရေးကြီးတယ်။ ကိုယ်တိုင်းပြည်၊ကိုယ်လူမျိုး ၊ ကိုယ်ဘာသာ သာသနာအတွက် အားလုံးဝိုင်းပြီး ပူးပေါင်းဆောင်ရွက်ကြပါ။
ရည်မှန်းချက်နဲ့ ပန်းတိုင်ရှိခဲ့မယ်ဆိုရင် ဒို့တွေ တောင့်တနေတဲ့ တိုင်းပြည်ကို မကြာခင်မှရရှိမှာပါ။
ဘယ်အချိန်မှာ စပြီး လုပ်ကြရမလဲဆိုရင် အခု အချိန်ကစပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားပါလို့ပြောပါရစေ။"
အခုလိုမျိုးကို ကြားနာကြရတဲ့ တိုင်းသူပြည်သားတွေဟာ ချက်ချင်းလက်တွေ့အကောင်အထည်ဖော် ခဲ့ကြပါတယ်။
တိုင်းသူပြည်သားတွေကို ဆက်လက် ဒုက္ခပေးချင်တဲ့ဒီအုပ်စုဟာ သူတို့ကို ဆန့်ကျင်နေကြ အတိုင်းဘဲထင်ပြီး နှိပ်ကွပ် ဖြိုခွင်းဖို့ ကြိုးစားကြပါသေးတယ်။
အင်မတန်မှစည်းလုံးပြီး နာကြည်းချက်တွေ ပြည့်နေတဲ့ တိုင်းသူပြည်သားတွေ ဟာ တာဆီးမှု မှန်သမျှကို တွန်းလှန်ပြီး အောင်မြင်မှု ပန်းတိုင်ကို
ရရှိသွားပါတော့တယ်။
ကျွန်တော်တို့ကော ဘာဆက်လုပ်ကြမလဲ ?
ဒို့တိုင်းပြည်၊ ဒို့လူမျိုး ၊ တို့ဘာသာ သာသနာအတွက်
ဤစာကို ဖြန့်ဝေပေးခြင်းဖြင့်ကူ ညီပေးကြပါလို့ တောင်းဆိုလျှက်
ကိုယ်တိုင်းပြည်ကိုအရမ်းကောင်း မွန်စေချင်တဲ့
ဗမာသွေး
လောကဓံ တရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲ နီနေ၏။
သို့သော် . . . ညွှတ်ကား မညွတ်”။
(ဗိုလ်ချုပ်အောင်ဆန်း)
burma thwe မှပေးပို့ ပါသည်...
,
Posted by
Burma Campaign Japan
|
0
comments
ဆရာဇော် (သို့) ဓါးသံလျှက်နဲ့ပန်းပွင့်
ဆရာဇော် (သို့) ဓါးသံလျှက်နဲ့ပန်းပွင့်
“ အနုပညာသမားသည် သူ့သဘာဝအရ “ ရှင်းလင်းဖွင့်ဆိုသူ ” မဟုတ်ပါ။ “ ဖန်တီးသူ ” သာဖြစ်ရပါမည်။ ” ဟု အနုပညာသဘောတရားသစ်များကို ကိုယ်တိုင်တွေးတောကြံဆသူ၊ နိုင်ငံရပ်ခြားရှိ စာပေသဘောတရား၊ သီအို ရီစသည်တို့ကို မြန်မာစာဖတ်ပရိသတ်များ ခံစားသိနိုင်အောင် နှစ်ပေါင်းများစွာကတည်းက ရေးသားပြုစုနေခဲ့သူ စာရေးဆရာ ဇော်ဇော်အောင် သည် မေလ ၁၈ ရက် ၂၀၁၀ တွင် အသက် ၇၃ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
၁၉၆၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မြန်မာစာအဓိကဖြင့် မဟာဝိဇ္ဇာဘွဲ့ရခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် တွင် လက်ထောက်ကထိကအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ဇော်ဇော်အောင် အမည်အပြင် မော်ဇော်၊ ဇော်ရဲ အောင်၊ ဇော်မြင့်သက်၊ ဇော်သလ္လာ၊ အမည်များဖြင့်လည်း မဂ္ဂဇင်းအတော်များများတွင် ဆောင်းပါး၊ ၀တ္ထုတို၊ အက်ဆေးများကို ရေးသားလျက်ရှိသည်။
သူ၏ အသွင်းဆန်းပြီး စူးရှသော စာပေဝေဖန်ရေးသဘောတရားအမြင်များကြောင့် စာပေအနုပညာလောက တွင် ထင်ရှားလာပြီး မော်ဒန်၊ ပို့စ်မော်ဒန်သဘောတရားများ ကျယ်ပြန့်လာသည်ဟု ဆိုနိုင်သည်။
အနုပညာသည် အနုပညာအတွက် သက်သက်ဆိုတဲ့ဝါဒ ဒီနေ့မြန်မာပြည်မှာမရှိဘူး။ အဲ့ဒီဝါဒဟာ ကမ္ဘာမှာလည်း ခေတ်ကုန်သွားပြီ။ မော်ဒန်သမားများသည် အမှန်တရားဘက်မှ ရပ်ကြပါသည်ဟု ဆိုသူဖြစ်သည်။ “ ကျနော်တို့ ၏ မော်ဒန် နှင့် ပို့စ်မော်ဒန်သမားများသည် ၀ါဒတစ်ခု၊ အတွေးအခေါ်စနစ်တစ်ခု၏ လက်အောက်ခံမဟုတ်ပါ။ ဘယ်ဝါဒကိုမှ ကျနော်တို့ ဦးထိပ်ရွက်မပန်ဆင်ပါ။ ” ဟု သူ၏ စာပေ၀ါဒသဘောထားအမြင်ကို ဖော်ပြရဲသူဖြစ် သည်။
“ မြန်မာမော်ဒန်စာပေ၏ ရေသောက်မြစ်သည် လူငယ်ထု၏ ဝေဒနာပြည့်လျှမ်းသောနှလုံးသားများ ” ဖြစ်သည်။ မြန်မာမော်ဒန်သည် မြန်မာ့ရေမြေတွင် မြန်မာ့ခံစားမှု၊ မြန်မာ့ဝေဒနာကို မြန်မာ့အနုပညာသမားများမှ ရေးဖွဲ့ကြ သော အနုပညာဖြစ်သည်။ “ မြန်မာ့ခံစားမှု ” ၊ “ မြန်မာ့ဝေဒနာ ” ဟု ဖွင့်ဆိုပြသည်။ မော်ဒန်၊ ပို့စ်မော်ဒန်ကို ကျ နော်တို့ မြန်မာလူငယ်များက လွတ်လပ်စွာ ထူထောင်နေကြခြင်းသာဖြစ်သည်။ ကျနော်တို့၏ သီးခြားလက္ခဏာ မှာ လူတစ်ယောက်ခံစားရသော ခံစားမှုသာမက မြန်မာလူငယ်တစ်ယောက်ခံစားရသော ခံစားမှုအာရုံများကို လွတ်လပ်စွာ ရေးဖွဲ့ဖန်တီးခြင်းသည် အနှစ်သာရဖြစ်သည်ဟု သူ၏စာပေအမြင်ကို ရဲရဲဝင့်ဝင့် တွေးခေါ်တင်ပြ နိုင်သူဖြစ်သည်။ ဆရာက “ ၁၉၇၀ နောက်ပိုင်း လူငယ်များရေးသားသော ကဗျာ၊ ၀တ္ထုတွေကို အာရုံစိုက်လေ့ လာခံစားကြည့်တဲ့အခါ လူငယ်တွေမှာ လူကြီးတွေ ထင်ထားတာထက် ဝေဒနာတွေ ပိုများနေတာတွေ့ရတယ် ” ဟု ပြောခဲ့သည်။
စာရေးဆရာ အနုပညာသမားက တစ်စုံတစ်ခုသော အကြောင်းကြောင့် သူ့တွင် ဖြစ်ပေါ်လာသော ခံစားမှုကို ပြန်လည်ဖော်ထုတ်ရန်အတွက် ဖန်တီးရေးသားလိုက်သော ခံစားမှုကို ပြန်လည်ဖော်ထုတ်ရန်အတွက် ဖန်တီး ရေးသားလိုက်သောစာကို “ စာပေ (သို့) စာပေအနုပညာပစ္စည်း (Literature Art) ” ဟုခေါ်ဆိုရပါမည်ဟု အဓိ ပ္ပါယ်ဖွင့်ဆိုချက် အသစ်ကို ဖွင့်ဆိုပြသည်။ သူ၏ “ ၀တ္ထုအကြောင်းစာပေါင်းစာတမ်း ” တွင် “ အနုပညာသမား တစ်ယောက်အဖို့ အရေးကြီးဆုံးက သူ့ရင်ထဲဖြစ်ပေါ်လာသော ခံစားမှုကို သူရေးချင်သောအခါ ရေးချင်သလို ရေးချလိုက်ဖို့ပင်ဖြစ်သည် ” ဟု သူ၏ အနုပညာခံယူချက်ကို ဖော်ပြထားသည်။
ယနေ့မြန်မာစာပေလောကတွင် အငြင်းပွားဖွယ်၊ နားလည်ရခက်နေသော မော်ဒန်၊ ပို့စ်မော်ဒန် စာပေသဘောတ ရားသီအိုရီအမြင်များ နှင့်ပတ်သတ်၍ သူ၏ “ ဇော်ဇော်အောင်ဖတ်စာ ” တွင် အတော်အတန်ဖွင့်ဆိုရှင်းပြထား သည်။ နိုင်ငံရပ်ခြားရှိ စာပေသဘောတရားများနှင့်လည်း ထိစပ်ခံစားနားလည်သဘောပေါက်အောင် ဖွင့်ဆိုရှင်း ပြနိုင်သူဖြစ်သည်။
မော်ဒန် မှ ပို့စ်မော်ဒန်ပြောင်းလဲလာသည်နှင့်ပတ်သတ်၍ ဆရာက အနုပညာဖြစ်ပေါ်တိုးတက်မှုကိစ္စသည် သူ ငယ်တန်းအောင်မှ ပထမတန်းတတ်ရမည်ဆိုသော ကိစ္စနှင့် မတူကြောင်းနှင့် ပို့စ်မော်ဒန်၏လောကအမြင်သည် “ ရှိမှု ” (Modes of Being) ပေါ်တွင် မူတည်ကြောင်း ယုံကြည်သူဖြစ်သည်။
မော်ဒန်တွေ၊ ပို့စ်မော်ဒန်တွေသည် တိုင်းတစ်ပါးမှ သွင်းလာသောမှောင်ခိုပစ္စည်းဖြစ်သည်ဆိုသောသူများရှိ၏။ မော်ဒန်၊ ပို့စ်မော်ဒန်အယူအဆများကို ကျနော်တို့ တင်သွင်းယူဆောင်လာခြင်းမဟုတ်။ ကမ္ဘာပေါ်မှာ ပြောင်းလဲ ဖြစ်ပေါ်နေသော ခေတ်တစ်ခေတ်တစ်ခုအတွင်း “ အချိန်ခရီးသည်များဖြစ်ကြသော ကျနော်တို့က တိုးဝင်ရောက် ရှိသွားခြင်းသာဖြစ်သည်။ ကျနော်တို့က ယူဆောင်မလာ၊ သူတို့ရှိရာသို့ ကျနော်တို့ရောက်ရှိသွားခြင်းဖြစ်၏ ” ဟု သုံးသပ်ခဲ့သည်။
ယင်းအမြင်နှင့်ပတ်သတ်၍ ပြောကြားရာတွင် “ ကျနော်က ၁၉၉၅-၉၆ မှာ သရဖူမဂ္ဂဇင်းမှာ မော်ဒန်အကြောင်း စရေးခဲ့တယ်။ အဲ့ဒါကို တင်းသွင်းတယ်ထင်လို့ ပြောဆိုစွပ်စွဲကြရင်တော့ ကျနော်မငြင်းပါဘူး။ ဒါပေမယ့် ဓါတ် မြေသြဇာတွေ တင်သွင်းသလိုတော့မဟုတ်ပါဘူး။ ကျနော်တို့ဆီမှာ ရှိပြီးသား မွန်းကြပ်မှု၊ ပိတ်လှောင်မှု၊ ချုပ် ကိုင်မှုတွေကြောင့်သာ မော်ဒန်၊ ပို့စ်မော်ဒန်က ပိုပြီး အသက်ဝင်လာတာပါဗျာ ” ဟုဆိုသည်။
လူငယ်တွေကို အားပေးရန်လိုလားသောဆရာသည် ယခုသော်လည်း လူငယ်များနှင့်စပ်လျဉ်း၍ သူ၏အမြင်ကို ပြောကြားရာတွင် “ ကျနော်လူငယ်တွေကို ယုံတယ်၊ သူတို့တွေမှာ မှားတယ်ဆိုတာသိပ်မရှိကြ ဘူး။ သမိုင်းအ ကွေ့တွေဟာ လူငယ်တွေဟာ မှန်တဲ့ဘက်ကရပ်တည်တာများတယ်။ ကျနော်က ကျောင်းဆရာဆိုတော့ လူငယ် တွေနဲ့ အနေနီးတာလည်းပါမယ်။ လူငယ်တွေကို အခင်းအကျင်းတွေ၊ လမ်းကြောင်းတွေ ဖောက်ပေးရမယ်၊ အဲ့ဒါ တွေဟာ လူကြီးတွေရဲ့တာဝန်ပဲဗျ။ ”
“ သီချင်းဆိုချင်သူတွေဆိုပါစေ၊ စာရေးချင်သူတွေရေးပါစေ၊ က ချင်သူတွေ က ပါစေ၊ ဆိုတာ မှားရင်မှားမယ်။ ရေးတာ အမှားပါရင်ပါမယ်။ က တာ ကောင်းချင်မှကောင်းမယ်။ ဒါပေမယ့် သူတို့ရဲ့ အမှားတွေဟာ လောကကြီး အမှောင်ကျသွားမယ်။ ဒုက္ခရောက်သွားလိမ့်မယ်မဟုတ်ဘူး။ လူငယ်တွေဟာ မဟုတ်တာတော့ လုပ်မှာမဟုတ် ဘူးလို့ ကျနော်ယုံကြည်ပါတယ် ” လို့ ဆိုသည်။
ပို့စ်မော်ဒန်တို့၏ လောကအတွင်းက အစစ်အမှန်တို့များပြားရှုပ်ထွေးနေသောကြောင့် သူတို့လောကသည်လည်း မြောက်မြားရှုပ်ထွေးနေပါတယ်။ ဆရာက “ ပို့စ်မော်ဒန်လောကကတော့ ရှုပ်ထွေးနေတယ်။ ဒါပေမယ့် ကျနော် တို့ဆီမှာက ရှင်းနေပါတယ်။ အဲ့ဒီလောက်မရှုပ်ပါဘူး။ ပို့စ်မော်ဒန်သဘောတရားသီအိုရီကသာ ရှုပ်နေတာပါ။ ကျနော်တို့ဆီမှာ ပစ္စုပ္ပန်ကော၊ အနာဂါတ်ကော၊ အင်မတန်မှ ရှင်းနေပါတယ် ” ဟု ဆိုခဲ့သည်။
မော်ဒန်၊ အထူးသဖြင့် ပို့စ်မော်ဒန်သမားသည် ဘာသာစကား၏ မပြည့်စုံမှု၊ အားနည်းမှုကို သိမြင်လာကြသည်။ သူတို့ အဓိကလောကအမြင်နှစ်ခုအဖြစ် ရှိမှုမသေချာခြင်း (Ontological Uncertainty) နှင့် ဗဟိုချက်မဲ့ခြင်း (Theme of Absent Center / Decentred) ဟု ဆရာကဆိုသည်။ မော်ဒန်၊ ပို့စ်မော်ဒန်သမားများသည် သူတို့ ယုံကြည်မှုလျော့ပါးနေသော ဘာသာစကား Medium ဖြင့်လောကကို သူတို့မြင်သည့်အတိုင်းရေးဖွဲ့ကြသည်။ အစဉ်အလာ စည်းမျဉ်းစည်းကမ်းတွေ၊ နှုန်းစံတွေ၊ လိုက်နာရမည့်ဥပဒေသတွေ စတာတွေကို စွန့်ပစ်လိုက်ကြ သည်။
ပို့စ်မော်ဒန်အမြင်ကိုလက်ခံရခြင်းနှင့်ပတ်သတ်၍ ဆရာက “ ကျနော်က ဗဟိုချက်(Center) ဆိုသော ဖိနှိပ်တဲ့သ ဘော၊ နှိပ်ကွပ်တယ်ဆိုတဲ့သဘောကို တွေ့နေရတော့ ဒီ ဗဟိုချက်သဘောထားကို မနှစ်သက်ဘူး။ ဒါကြောင့် ဒီ ဗဟိုချက်မဲ့ခြင်း(Decentred) သဘောဟာ ငါတို့အခြေအနေနဲ့လိုက်မယ်ထင်လို့ ဒီပို့စ်မော်ဒန်သဘောထားကို တင်သွင်းခဲ့တာပါဘဲ ” လို့ ဆိုပါတယ်။
“ လူသတ်မှုအတွက်ထားရှိသောပုဒ်မသည် (၃၀၂) ဖြစ်သည်ဆိုပါလျှင် အတွေးအခေါ်သတ်မှုအတွက်ပုဒ်မ သည် သုံးကုဋေနှစ်ဖြစ်နိုင်စရာအကြောင်းရှိ၏။ သူတို့ ဘယ်သွားနေကြသည်လဲ ……. ” ဟု “ နိုင်တဲ့သူအကုန်ယူသွား သည် (The winner takes it all) ” ဆိုသည့် ဆရာ၏ ၀တ္ထုတိုထဲတွင် ဆိုထားသည်။
ကျနော်တို့ မြန်မာစာပေ၊ အထူးသဖြင့် မြန်မာဝတ္ထုတိုသည် မော်ဒန် မှ ပို့စ်မော်ဒန်သို့ လျင်မြန်သော အရှိန်အ ဟုန်ဖြင့် ဦးတည်ရွေ့လျားနေသည်ဟု ကျနော်ယုံကြည်ပါသည်။ ထိုသို့ဆိုလိုက်သဖြင့် စာပေလောကတွင် ဝေ ဖန်မှုများရှိခဲ့ရာ ဆရာက “ အနုပညာဖြစ်ပေါ်တိုးတက်မှုကိစ္စသည် သူငယ်တန်းအောင်မှ ပထမတန်းတက်ရမည် ဆိုသော ကိစ္စ နှင့် မတူပါ ” ဟု ချေပသည်။
ဆရာက “ ယခုအခါ ကျနော်တို့ဆီမှာ ခံနေရတဲ့လူတွေဘက်က လူတွေဘက်ကတစ်ခုခုလုပ်ဖို့ လိုနေလို့ ပို့စ် မက်စ်ဝါဒ(Post Marxism) ကို ပုံဖော်နေပါတယ်။ မက်စ်ဝါဒအမြင်များဖြင့် လေ့လာသောစာပေများ ကို ပြန် လည် စိတ်ဝင်စားတာ၊ လေ့လာတာကို ဆိုတာပါ။ အရေးကြီးတာက ခံနေရတဲ့သူတွေအတွက် စာပေဘက်က တစ်ခုခု လုပ်ပေးဖို့ ရည်ရွယ်ပါတယ် ” ဟု ဖြေကြားခဲ့ပါတယ်။
ရေးသားသူ။ ဏီဆက်
အမှာစာမဟုတ်သော အမှာစာ
ဒီနေ့ မေလ ၁၈ ရက်နေ့ဟာ ကျနော်သိပ်တန်ဖိုးထားလေးစားရတဲ့ ဆရာဇော်ဇော်အောင်ရဲ့ ၇၃ နှစ်မြောက် မွေး နေ့ပါ။ ကျနော် ဆရာဇော်ဇော်အောင်နဲ့ပတ်သတ်ပြီး ရေးချင်နေတာ နှစ်အတော်ကြာပါပြီ။ အခု ဆရာဇော်ဇော် အောင်ရဲ့စာပေအမြင်တစေ့တစောင်း ဆောင်းပါးကိုလည်း မနှစ် ဧပြီလကတည်းက ရေးထားတာပါ။ ဆရာကြီး ဆီကိုလည်း အကြာကြီးဖုန်းဆက်စကားပြောပြီး ဆရာကြီးရဲ့ စာပေအမြင်တွေကို ကြားသိခွင့်ရခဲ့ပါတယ်။ နှစ် တွေ ဘယ်လိုပြောင်းပေမယ့် ကျနော်တို့ရဲ့ နိုင်ငံကြီးကတော့ မပြောင်းသေးပါ။ ရှင်းနေပါတယ်။ အတိတ်ကော၊ ပစ္စုပ္ပာန်ကော၊ အနာဂါတ်ကော။
ကျနော်ဟာ စာပေပညာရှင်၊ စာပေဝေဖန်ရေးသမားမဟုတ်တာကိုတော့ ထပ်တလဲလဲဝန်ခံပါရစေ။ ဒါပေမယ့် စာပေကိုမြတ်နိုးတယ်။ တန်ဖိုးထားတယ်။ စာပေဖန်တီးသူတွေကိုလေးစားတယ်။ ဒါကြောင့်လည်း စာပေဖန် တီးသူတွေများများပေါ်ထွက်လာစေချင်ပါတယ်။ ကျနော်ကျောင်းသားဘ၀က မော်ဒန်၊ ပို့စ်မော်ဒန် ဆိုတဲ့စ ကားကို တက္ကသိုလ်ရဲ့မြေသင်းသင်းမှာလည်းကြားရတယ်။ မလေးရှားပိတောက်ရနံ့စူးစူးကြားမှာလည်း ကြားရ တယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ အခုထိကောင်းကောင်း နားလည်သဘောမပေါက်နိုင်သေးပါဘူး။ မော်ဒန်၊ ပို့စ် မော်ဒန်စကားလုံးတွေနဲ့အတူ တွဲပါလာတဲ့ စကားလုံးများ ……… Decentered, Hermaneutics, Uncertainty, Deconstruction စတာတွေနဲ့အတူ ဆရာဇော်ဇော်အောင်၊ ဆရာသစ္စာနီ၊ ဆရာမြတ်သစ်၊ ဆရာဇေယျာလင်း၊ ဆရာနေမျိုး စတဲ့ ကျနော်တို့နိုင်ငံရှိ ဆရာကြီးများနာမည်နဲ့လည်း ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ ထို့ပြင် နိုင်ငံရပ် ခြားရှိ သီအိုရီပညာရှင်ကြီးများ၏ နာမည်များနှင့်အတူ သူတို့ရဲ့ အတွေးအခေါ်၊ သီအိုရီအပိုင်းအစများလည်း ကျနော်တို့ရဲ့ ရေနွေးကြမ်းဝိုင်းထဲသို့ နည်းအမျိုးမျိုး၊ အသွင်အဖုံဖုံနဲ့ ပဲ့ကျလာကြသည်။ လွင့်ပါးလာကြသည်။
ကျနော် ဆရာဇော်ဇော်အောင်ရဲ့စာနဲ့ စတင်ရင်းနှီးခွင့်ရတာကတော့ ၂၀၀၆ ခုနှစ်တုန်းကပါ။ သူငယ်ချင်းတစ် ယောက်အိမ်မှာ ဆရာ့ရဲ့ခြောက်ဒဿမသုညတစ် ဆိုတဲ့ ပို့စ်မော်ဒန်မှတ်ချက်တစ်ချို့ပါတဲ့ စာအုပ်လေးပါ။ စာ အုပ်က အတော်အတန်ပါးပါတယ်။ ဒါပေမယ့် ကျနော့်အတွက် တော်တော်နားလည်ရခက်စေပါတယ်။ ဆရာရဲ့ အစ စကားလုံးကိုက ကျနော့်ကို ဆွဲဆောင်ခဲ့ပါတယ်။ “ ကျနော်ပြောချင်တာကိုပြောပါမည် ” တဲ့။
သူငယ်ချင်းအိမ်မှာ ကမန်းကတန်းဖတ်လိုက်ရလို့ အားမရတာနဲ့ ငါ့ကိုပေးကွာဆိုပြီး ယူလာခဲ့ပါတယ်။ ပို့စ်မော် ဒန်သမားဆိုသူတွေကို ကျနော်သဘောကျတာက သူတို့ရဲ့အတွေးရဲ၊ အရေးရဲ၊ တင်ပြရဲ၊ ဖန်တီးရဲ တာပါဘဲ။ ဆ ရာဇော်ဇော်အောင် စာအုပ်တွေကိုဖတ်တဲ့အခါတိုင်း ဆရာရဲ့ သဘောတရား၊ အရေးအသားတွေမှာ အင်အား ပါတာကိုတွေ့ရပါတယ်။ အထူုးသဖြင့် ဆရာရဲ့ ရဲရဲမြင်၊ ရဲရဲပြော၊ ရဲရဲရေး ထားတဲ့ အမှာစာတွေပါဘဲ။ “ နားမ လည်ရင်မဖတ်နဲ့။ ”
ဆရာရေးဖူးတယ် ပို့စ်မော်ဒန်သမားတွေအဖို့ “ အရှိလောက၏ရှိမှုသည်လည်း မသေချာ၊ မရှိလောက၏ ရှိမှု သည်လည်း မသေချာ ” ဆိုတဲ့ အမြင်ဟာ ကျနော်တို့လို ချွတ်ခြုံကျနေသူတွေအတွက် ဖြေသိမ့်စရာလိုလို ခံစား မိခဲ့တယ်။
မည်သည့်အကြောင်းခြင်းရာ အရေးကိစ္စမဆို တစ်နေရာမှ စုစည်းချုပ်ကိုင်ထားသော အရာဟူ၍မရှိ၊ အားလုံးအ ထိန်းအကွပ်မရှိဘဲ မျောချင်ရာမျောပါနေကြသည်ဟု ပို့စ်မော်ဒန်သမားများအချို့၏ ခံယူချက်ကိုလည်း ကျနော် သဘောကျ၏။
မကျေနပ်ချက်တွေ၊ ဝေဒနာတွေအပြည့်နဲ့ ခံစားနေရသော ယနေ့ခေတ် ကျနော်တို့လို လူငယ်လူရွယ်တွေအ တွက် ဆရာဇော် စာများက ဖော်ထုတ်တင်ပြလိုစိတ်ဖြစ်လာစေသည်။ ကျနော့်လို စာပေသီအိုရီဘာမျှမသိနားမ လည်သူတောင်မှ အခုလို မိမိပြောချင်တာ၊ ရေးချင်တာကို ဖော်ထုတ်ရဲလာအောင် ဆရာ့စာများက လှုံ့ဆော်နိုင် တယ်။ ကျနော်လည်း ခံယူထားတယ်။ “ မကြိုက်ရင် မဖတ်နဲ့ ” လို့။
ကျနော်တို့ရဲ့ ခံစားချက်၊ ဖန်တီးချက်၊ အတွေးတွေကို ဘယ်သူကမှ လာရောက်ထိန်းချုပ်ခွင့်မပြုသင့်ပါဘူး။ တစ် ခုဘဲ လိုမည်… ကောက်ကျစ်တဲ့စိတ်တော့ မမွေးသင့်ဘူး။
ဆရာအတွက် အမှတ်တရရေးမယ်၊ တင်ပြမယ်၊ ဒါဘဲ ကျနော်စိတ်ရှိတယ်။ ကျနော့်အရေးအသားမှားရင်မှား နေ မယ်။ ၀ါကျအထားအသိုတွေ လွဲရင်လွဲနေမယ်။ ကျနော့်အတွေးတွေ သင်တို့နဲ့ တူချင်မှလဲတူမယ်။ မတူဖို့ ပိုများ တယ်။ ဒါပေမယ့် ကိစ္စမရှိပါ။ အားလုံး လွတ်လပ်စွာ သဘောထားကွဲနိုင်ပါတယ်။ အဲ့ဒါကိုက အနုပညာရဲ့ ရသ၊ အလှတစ်ခုလို့မြင်တယ်။ သင်တို့ရဲ့ အမြင်တွေကိုလည်း ရဲရဲဖော်ထုတ်ကြပါ။ ရဲရဲရေးသားကြပါ။ ရဲရဲဖန်တီးကြပါ။
အခု ကျနော် ဆရာဇော်ဇော်အောင်ဆောင်းပါးနဲ့ပတ်သတ်ပြီးလို့ဘဲဖြစ်ဖြစ်၊ ဆရာ့စာပေသဘောထားအမြင် တွေ နဲ့ပတ်သတ်ပြီးလို့ဘဲဖြစ်ဖြစ် ဝေဖန်ကြပါ။ ရေးသားကြပါ။ ငြင်းခုံကြပါ။ ဓါးတွေ၊ တုတ်တွေ၊ လက်တွေတော့မပါနဲ့ ပေါ့။ အခုခေတ် ပါလီမန်တွေမှာ ငြင်းခုံနေတာ၊ ထိုးကြိတ်ရန်ဖြစ်နေတာထက်တော့ ပိုပြီးသိမ်မွေ့ညင်သာ မယ် လို့တော့ ယုံကြည်ပါတယ်။ စာပေအနုပညာသမားတွေ၊ ဝေဖန်ရေးသမားတွေ၊ စာပေအပေါ်အမြင်မတော်သူ တွေအားလုံး ဆွေးနွေးကြပါ၊ ဝေဖန်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
ဆရာဇော် ဆောင်းပါးနဲ့ပတ်သတ်ပြီး ဆရာဇော်ပုံတွေကို တလေးတစားပို့ ပေးသော ပြည်တွင်းကဗျာဆရာသူ ငယ်ချင်းတစ်ဦး ကိုလည်း ကျေးဇူးတင်တယ်။ အထူးသဖြင့် ဒီ “ အမှာစာမဟုတ်သောအမှာစာ ” ကို ရေးချင်လာ အောင်၊ ရေးဖြစ်အောင်တိုက်တွန်းသော “ ဆရာဇော် (သို့) ဓါးသံလျှက်နဲ့ပန်းပွင့် ” လို့ ခေါင်းစဉ်အတွက် အကြံ ပေးခဲ့သူ ကျနော်လေးစားချစ်ခင်ရတဲ့ အကိုကြီး ကဗျာဆရာသစ်ကောင်းအိမ်အား ရင်ထဲက မှတ်တမ်းတင် အပ်ပါသည်။
ဏီဆက်
၁၈ မေလ ၂၀၁၀
၁၈ မေလ ၂၀၁၀
x x x x x x x x x x x x x x x x x x x x x
ဆရာဇော်ဇော်အောင်အကြောင်းအကျဉ်းချုပ် ( ကိုယ်တိုင်ရေးသည် )
၁၉၃၇ ခုနှစ် မေလ (၁၈) ရက်၊ ၁၂၉၉ ခုနှစ် နယုန်လဆန်း (၁၀) ရက်၊ (အင်္ဂါနေ့) ညနေ ၃း၀၀ နာရီတွင် ဖွား မြင်သည်။ ဖွားရာဇာတိချက်မြှုပ်သည် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့ဖြစ်၏။ အဖဦးဘသက်၊ အမိဒေါ်တု တို့၏ တစ်ဦးတည်းသောသားဖြစ်၏။ စစ်ကြီးအပြီးတွင် မုံရွာမြို့ ဗုဒ္ဓဘာသာကျောင်း (ယခု အ.ထ.က-၁) တွင် ပညာ သင်ကြားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဆယ်တန်းအောင်၍ မန္တလေးတက္ကသိုလ်သို့ တက်ခဲ့သည်။ ရန်ကုန်တက္က သိုလ်သို့ပြောင်းရွှေ့၍ ၁၉၆၀ ခုနှစ်တွင် ၀ိဇ္ဇာမြန်မာစာဂုဏ်ထူးဘွဲ့ရခဲ့သည်။ မဟာဝိဇ္ဇာဘွဲ့ယူကျမ်းခေါင်းစဉ်မှာ “ဇော်ဂျီ၏ ဗေဒါလမ်းကဗျာအပုဒ် (၄၀) ဖွဲ့စည်းတည်ဆောက်ပုံလေ့လာချက်” ဖြစ်၏။ ၁၉၆၀ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနသို့ ၀င်ရောက်ခဲ့၍ ၁၉၈၉ ခုနှစ်တွင် စွန့်ခွာခဲ့ရသည်။ ၁၉၅၃ ခုနှစ်မှစ၍ စာတိုပေစက လေးများ ရေးခဲ့သည်။ ယနေ့အထိ အပျော်ဖတ်ဝတ္ထုလုံးချင်း အုပ် (၄၀) ခန့်ရေးခဲ့သည်။ စာပေသဘောတရား နှင့် စာပေဝေဖန်ရေးစာအုပ် (၂၁) အုပ် ရေးခဲ့သည်။ စာပေဆောင်းပါးများလည်း ယနေ့အထိ ရေးဆဲဖြစ်သည်။
ငယ်စဉ်က အတော်တေတေပေပေ နေခဲ့သည်။ ဘ၀တွင် အမှန်မဖြစ်စလောက်နှင့် အမှားတွေ အများကြီးလုပ် ခဲ့သည်။ ယခုအခါတွင် လိမ္မာဖို့ ကြိုးစားရင်း စာအမှန်များ ရေးသားနေဆဲဖြစ်သည်။
x x x x x x x x x x x x x x x x x x x x
“ ဆရာဇော်ဇော်အောင်အကြောင်းအကျဉ်းချုပ် ( ကိုယ်တိုင်ရေးသည် ) ” မှာ သုံးပွင့်ညီညာစာပေ မှ ထုတ်ဝေခဲ့ သော ဆရာဇော်ဇော်အောင် ၏ “ မိုးပိတောက်စကားပြေများလက်ရွေးစင်ဝတ္ထုတိုစု ” စာအုပ်မှ ပြန်လည် ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။
ခမိခဆဲ မှပေးပို့ ပါသည်...
,
Posted by
Burma Campaign Japan
|
0
comments
အသိတရားကြွယ်ဝသူ
ကျွန်မရဲ့ အိမ်ဟာ ဘာတီမိုးမြို့ ဂျွန်ဟောပ့်ကင်းဆေးရုံနဲ့ မျက်နှာချင်းဆိုင်မှာ ရှိပါတယ်.. အောက်ထပ်မှာ ကျွန်မတို့မိသားစု နေထိုင်ကြပြီး အပေါ်ထပ်မှာတော့ ဆေးရုံမှာ ဆေးလာကုသူတွေ အခန်းမရလို့ အပြင်မှာ နေရတဲ့ လူနာတွေကို အငှားထားပါတယ်..
တစ်ရက် နွေဦးရာသီရဲ့ ညနေခင်းတစ်ခုမှာပေါ့… မိသားစုအတွက် ညနေစာကို ပြင်ဆင်နေတဲ့ အချိန်လေးမှာ တံခါးခေါက်သံ ခပ်တိုးတိုးလေး ထွက်ပေါ်လာပါတယ်.. တံခါးကို သွားဖွင့်လို့ ကြည့်လိုက်တဲ့ အချိန်မှာတော့ မသပ်မရပ် အသွင်အပြင်နဲ့ ကျွန်မရဲ့ ၈နှစ်အရွယ် သားငယ်လေးလောက်သာ ရှိနိုင်မဲ့ အရပ်အမောင်းနဲ့ တစ်ကိုယ်လုံး တုန်ယင်နေတဲ့ အဖိုးအို တစ်ဦးကို တွေ့လိုက်ရပါတယ်.. သူ့မျက်နှာဟာ အဖုအပိန့်တွေ အပြည့်နဲ့ အသားနီများ လန်နေပြီး ကြောက်လန့်စရာ ကောင်းလောက် အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပါတယ်..
“မင်္ဂလာညနေခင်းပါ” အဖိုးအိုထံကနေ ကြည်ကြည်လင်လင်နဲ့ နှုတ်ခွန်းဆက်သံ ထွက်လာပါတယ်.. “ဒီတစ်ညအတွက် အခန်းတစ်ခန်းများ ရနိုင်မလားလို့ လာစုံစမ်းတာပါ.. အဖိုးက ဒီမနက်မှာ အရှေ့ဘက် ပင်လယ်ကမ်းခြေက ရွာကလေးကနေ ဒီဆေးရုံမှာ ဆေးကုသမှု ခံယူဖို့ ထွက်လာခဲ့တာပါ. ရွာကို ပြန်မဲ့ ဘတ်စ်ကားက နောက်တစ်နေ့ မနက်မှ ထွက်မှာမို့ ညအိပ်စရာ တစ်နေရာလိုနေလို့ပါ. ” လို့ ကျွန်မကိုပြောပါတယ်.. ဆက်လက်ပြီး သူပြောပြတာက သူဟာ တစ်ညတာ တည်းခိုဖို့အတွက် အခန်းတစ်ခန်းကို ဒီနေ့ နေ့လည်စောင်း လောက်ကတည်းက လိုက်လံ ရှာဖွေနေကြောင်းနဲ့ ဘယ်မှာမှ အခန်းလွတ်မရခဲ့တဲ့အကြောင်းပါ.. “ အဖိုး သိပါတယ်.. အဖိုးရဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ မျက်နှာကြောင့် ဘယ်သူကမှ အခန်းတစ်ခန်း ငှားပေးချင်ကြမယ် မဟုတ်ဘူးဆိုတာကိုပါ .. ဆရာဝန်ကလဲ အဖိုးရဲ့ ရောဂါကို ဆေးကုသမှု ဆက်လက်ခံယူဖို့ ညွှန်ကြားထားပါတယ်.. ” အဖိုးအိုစကားကို နားထောင် နေရင်းက ကျွန်မစိတ်ထဲမှာလည်း သူ့ကို ညအိပ်လက်ခံဖို့ကို တွန့်ဆုတ်နေမိပါတယ်.. ဒါပေမဲ့ ဆက်ပြီး ပြောလိုက်တဲ့ အဖိုးအိုရဲ့ စကားက ကျွန်မရင်ထဲမှာ သူ့ကို ဂရုဏာ စိတ်ကလေး ဖြစ်သွားစေခဲ့ပါတယ်.. “ ဒီဆင်ဝင်အောက်က ခုံတန်းလေးပေါ် အိပ်ခွင့်ရရင်လဲ အဖိုးအတွက် ဖြစ်ပါတယ်.. ဘတ်စ်ကားက မနက်စောစောထွက်မှာပါ… ဘယ်နေရာမှာဘဲ အိပ်ခွင့်ရရ အဖိုးအတွက် အဆင်ပြေပါတယ် ” လို့ ပြောရှာပါတယ်..
ကျွန်မကလဲ အိမ်အပေါ်ထပ်မှာ အခန်းလွတ် မကျန်တော့ပေမဲ့ သူ့အတွက် အိပ်စရာ တစ်နေရာ စီစဉ်ပေးမဲ့အကြောင်း နဲ့ ခုံတန်းလေးပေါ် ခဏထိုင်စောင့်ရင်း အနားယူဖို့ ပြောလိုက်ပါတယ်.. ကျွန်မလည်း အိမ်ထဲကို ပြန်ဝင်လာပြီး ညစာကိစ္စ ဆက်ပြီး စီစဉ်ပါတယ်.. ညစာအဆင်သင့် ဖြစ်တဲ့အချိန်မှာ အဖိုးအိုကို ကျွန်မတို့နဲ့အတူတူ ညစာစားဖို့ ဖိတ်ခေါ်ပေမဲ့ သူက ဗိုက်ပြည့်နေပါပြီ ကျေးဇူးတင်ပါတယ်လို့ ငြင်းပါတယ်..
ညစာစားပြီးလို့ အိုးခွက်ပန်းကန်တွေ သိမ်းဆည်းပြီးတဲ့အခါ အဖိုးအိုနဲ့ စကားစမြည် ပြောဖို့အတွက် ခုံတန်းလေး ရှိရာကို ထွက်လာပြီး စကားပြောဖြစ်ပါတယ်.. စကားပြောချိန်က တိုတောင်းပေမဲ့ ကျွန်မ သိခွင့် ရလိုက်တာက အဖိုးအိုဟာ လူပုံပန်းသဏ္ဍာန် သေးငယ် သော်လည်း ပြည့်ဝတဲ့ စိတ်နှလုံး ရှိသူ တစ်ယောက် ဖြစ်ပြီး အကောင်းမြင်တဲ့ အသိတရား ရှိသူတစ်ယောက် ဖြစ်တဲ့ အကြောင်းကိုပါ.. သူဟာ တံငါသည်တစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်း ပြုသူဖြစ်ပြီး သူရဲ့သမီးနဲ့ သမက်ရယ် မြေးငါးယောက်ရယ်ကို ရှာဖွေ ကျွေးမွေးနေရသူ ဖြစ်ကြောင်း ပြောပြပါတယ်.. သူ့သမက်ဟာ မမျှော်လင့်ဘဲ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတစ်ခုကြောင့် လမ်းမလျှောက်နိုင်တဲ့ ဒုက္ခိတ တစ်ယောက် ဖြစ်သွားခဲ့ရ ပါတယ်တဲ့..
ကျွန်မက သူ့ကို “အဖိုးတစ်ယောက်တည်းနဲ့ မိသားစုဦးရေ အများကြီးကို ရှာဖွေ ကျွေးမွေးနေရတာ ပင်ပန်းတယ် မထင်ဘူးလား.. ပြီးတော့ ခုလို ရောဂါဖြစ်လာတာရော စိတ်မညစ်မိဘူးလား” လို့ မေးမိပါတယ်.. အဖိုးက “ သမီးရယ် လူဆိုတာ အမြဲတမ်း လှုပ်ရှားရုန်းကန်နေမှ၊ အခက်အခဲတွေရှိနေမှ ဘ၀ရဲ့ အဓိပ္ပါယ်က ပိုပြီး ပီပြင် လေးနက်လာတာလေ.. လွယ်လွယ်ကူကူ အဆင်ပြေ ချောမွေ့နေမယ်ဆိုရင် ကိုယ့်ရဲ့ အစွမ်းအစတွေကို အသုံးချဖို့ အခွင့်အရေး ဘယ်ရှိတော့မှာလဲ… ပြီးတော့ အဖိုးအတွက် ဒီလို လှုပ်ရှားရုန်းကန်ဖို့ ခွန်အားတွေ ပေးထားတဲ့ ဒီလောကကြီးကိုဘဲ ကျေးဇူးတင်ရမှာပါ.. အဖိုးရဲ့ သမက်ဆိုရင် အလုပ်လုပ်ချင်ဦးတော့တောင် သူ့မှာ ဒီလို အခွင့်အရေး မရှိနိုင်တော့ဘူး… အဖိုးမှာတော့ အခွင့်အရေးတွေ ရှိနေသေးတယ်.. ဒီအခွင့်အရေးတွေကို အသုံးချခွင့်ရနေတဲ့အတွက်လည်း ၀မ်းမြောက်နေရပါတယ်.. အဖိုးမှာ အခုဖြစ်နေတဲ့ ရောဂါအတွက်လည်း စိတ်ညစ်စရာ အကြောင်းမရှိပါဘူး ဖြစ်လာတဲ့ အခြေအနေကို အကောင်းဆုံး ရင်ဆိုင်ဖို့ စိတ်ဓာတ်ကို ပြင်ဆင်ထားပြီးပါပြီ ”
အဖိုးအိုဟာ သူ့ဘ၀အကြောင်းကို ပြောပြနေပေမဲ့လို့ စိတ်ပျက်လက်ပျက် ပြောနေတာ မဟုတ်သလို ပင်ပင်ပန်းပန်း ရှာဖွေနေရတဲ့ သူ့ဘ၀အတွက်၊ သူ့ ကံမကောင်းမှုအတွက် သူ့မှာရရှိလာတဲ့ အနာရောဂါ အတွက်လည်း ပြစ်တင် ညီးတွားနေတာမျိုး၊ နာကျင် ခံစားနေရဟန်မျိုး လုံးဝကို မရှိဘဲ ပကတိ ကြည်လင် ရွှင်ပျစွာနဲ့ သူ့ဘ၀ကို ကျေနပ်နေတဲ့ သူတစ်ဦးရဲ့ လေသံနဲ့သာ ပြောဆိုနေတာ ဖြစ်ပါတယ်.. .. လောကကြီးကိုလဲ သူ့ဘ၀ကို ဆက်လက် ရုန်းကန်နိုင်ဖို့ ခွန်အားတွေ၊ အခွင့်အရေးတွေ ပေးတဲ့အတွက် ကျေးဇူးတင် ၀မ်းမြောက်မိကြောင်း ထည့်ပြောပါတယ်.. အဖိုးအိုနဲ့ စကားပြောနေရင်းက သူ့ဆီက စိတ်အကြည်ဓာတ်လေး ကူးစက်လာပြီး ကျွန်မကိုယ်တိုင် ခွန်အားတစ်ခုခု ရရှိလာမိတယ်လို့ ထင်လာပါတယ်.. သိပ်ကို အတုယူစရာကောင်းတဲ့ စိတ်ဓာတ်လေးပါဘဲ.. ဒီလို အဖိုးအိုတစ်ယောက်မှာ ခုလိုကောင်းမွန်တဲ့ စိတ်ထားလေးနဲ့ အသိတရားလေးတွေ ရှိနေတာ ဘယ်သူက သိနိုင်မှာလဲနော်…
ညအိပ်ရာဝင်ချိန်ရောက်တော့ အဖိုးအိုအတွက် အိပ်ရာတစ်ခုကို ကလေးတွေရဲ့ အခန်းမှာ ပြင်ဆင် ပေးလိုက်ပါတယ်.. မနက်ခင်း အိပ်ရာက ကျွန်မနိုးတဲ့အချိန်မှာ အဖိုးအိုဟာ သူအိပ်ခဲ့တဲ့ အိပ်ယာလေးကို သပ်ရပ်စွာခေါက်သိမ်းထားပြီး အပြင်ဘက်က ခုံတန်းလေးမှာ သွားရောက်ထိုင်နေပြီဖြစ်ပါတယ်. မနက်စာစားဖို့ ခေါ်တော့လဲ အခုဘဲ ဘတ်စ်ကားမှီအောင် သွားမှာဖြစ်လို့ မစားတော့ကြောင်း ငြင်းပယ်လိုက်ပြီး ထွက်ခွာဖို့ ပြင်ဆင်ပါတော့တယ်.. မသွားခင်လေးမှာ သူက ကျွန်မကို ယဉ်ကျေးစွာ စကားဆိုပါတယ်.. နောင်ခါတွေမှာ သူ ဆေးကုသမှုခံယူဖို့ လာတဲ့အချိန်တိုင်း ဒီအိမ်လေးမှာ ခုလို တစ်ညတာ တည်းခိုခွင့် ပေးနိုင်ပါမလားလို့ တောင်းဆိုပါတယ်.. ပြီးတော့လဲ သူဆက်ပြောတာက “အဖိုးအနေနဲ့ သမီးတို့မိသားစုကို ဒုက္ခပေးသလို ဖြစ်မှာလဲစိုးပါတယ်.. သမီးရဲ့ကလေးတွေက အဖိုးကို ကိုယ့်အိမ် ကိုယ့်ယာမှာ နေထိုင်ရတဲ့ နွေးထွေးတဲ့ ခံစားချက်မျိုး ပေးနိုင်ခဲ့တယ်.. အဖိုးက ရုပ်ဆိုးလှတဲ့ အဖိုးမျက်နှာကြောင့် ကလေးတွေ ထိတ်လန့်မှာကို စိုးရိမ်နေခဲ့ပေမဲ့ ကလေးတွေက သတိထားမိပုံတောင် မရခဲ့ဘူး အဖိုးကို နွေးနွေးထွေးထွေး ကြည်ကြည် လင်လင် ဆက်ဆံခဲ့တယ်.. ” လို့ ပြောပါတယ်.. ကျွန်မကလဲ အဖိုးကို နောင်များမှာလဲ လာရောက် တည်းခိုနိုင်ပါကြောင်းကို ပြန်ပြောလိုက်ပါတယ်
နောက်တစ်ကြိမ် သူဆေးကုသခံဖို့ရောက်လာတဲ့ အချိန်က မနက် ရနာရီကျော်ကျော်လောက် ဖြစ်ပါတယ်.. ကျွန်မတို့အိမ်အတွက် အဖိုးအို ယူလာတဲ့ လက်ဆောင်တွေက ငါးအကြီးကြီးတစ်ကောင်ရယ်၊ ကျွန်မမြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်တဲ့ ကမာကောင် (ယောက်သွား) တစ်ချို့ရယ် ဖြစ်ပါတယ်.. သူက ဒီမနက် ထွက်မလာခင်လေးတင်မှ ဖမ်းလို့ရခဲ့တာ ဖြစ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် ရှိနေသေးကြောင်းကို ပြောပြပါတယ်.. ကျွန်မစဉ်းစားကြည့်မိပါတယ်.. သူဒီကို မနက် ၇နာရီလောက် ရောက်လာဖို့အတွက်ဆိုရင် သူနေတဲ့ နေရာကနေ ဘတ်စ်ကားဟာ မနက်၎နာရီ ထွက်စီးရပါ လိမ့်မယ်.. အိုး… ဘုရားရေ ကျွန်မတို့ကို ခုလိုပေးနိုင်ဖို့အတွက် မနက် ဘယ်အချိန်များထပြီး ဒီငါးတွေ၊ ကမာကောင် တွေကို သူဖမ်းခဲ့တာပါလိမ့်…
အဲဒီနှစ်အတွင်းမှာ သူဟာ အကြိမ်ကြိမ် ဆေးကုသခံဖို့ရောက်လာတတ်ပြီး ရောက်တိုင်းလည်း အိမ်မှာ ညအိပ် တည်းခိုတတ်ပါတယ်.. သူရောက်လာတဲ့အကြိမ်တိုင်းလည်း ငါး၊ ကမာ၊ ဒါမှမဟုတ် သူ့ခြံကထွက်တဲ့ အသီးအရွက် တစ်ခုခု စတာတွေ တစ်ခါမှ မပါတဲ့အခါဆိုတာ မရှိခဲ့ဖူးပါ.. လူကိုယ်တိုင် ရောက်မလာတဲ့ အချိန်တွေမှာလည်း စာတိုက်ကနေ လတ်ဆတ်တဲ့ ငါး ၊ကမာ၊ စသည်များနဲ့ သူ့ခြံထွက် ဟင်းနုနယ်ရွက်၊ ကိုက်လန်ရွက် အစရှိသည် တို့ကိုလည်း သန့်စင်စွာ ဆေးကြောပြီး သေသေချာချာ ထုပ်ပိုးကာ အထူးအမြန် ချောပို့စံနစ်နဲ့ မကြာခန ပို့ပေးတတ်ပါတယ်.. တကယ်တမ်းတော့ အဖိုးအိုနေတဲ့အရပ်နဲ့ စာတိုက်ရှိတဲ့နေရာဟာ၃မိုင် တိတိကွာဝေးပြီး အဲဒီကို ရောက်အောင် လမ်းလျှောက်လို့ သွားရပါတယ်.. ပြီးတော့လဲ ခုလို အမြန်ချောပို့ စနစ်နဲ့ ပို့တဲ့အတွက် ပို့ခငွေကို ပုံမှန်နှုန်းထက် ၂ဆတိတိ ပေးရမယ်ဆိုတာ ကျွန်မ သိပါတယ်.. သူလာတိုင်းလဲ ကျွန်မတို့အတွက် လက်ဆောင်တွေ ယူမလာဖို့ အမြဲတမ်း ပြောပေမဲ့လို့ ပြောတဲ့အချိန်မှာတော့ အဖိုးအိုဟာ ပြုံးပြုံးရယ်ရယ်နဲ့ နားထောင်နေတတ်ပြီး နောက်တစ်ကြိမ်မှာ ထုံးစံအတိုင်း လက်ဆောင်တွေ ပါလာတတ်မြဲ ဖြစ်ပါတယ်..
သူညအိပ်ပြီးလို့ ပြန်သွားတဲ့ မနက်ခင်းဆို အိမ်နီးနားချင်းတွေ ရောက်လာတတ်ပြီး ကျွန်မတို့ မိသားစုကို ၀ိုင်းပြောကြပါတယ်.. “ညတုန်းက ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ အဖိုးအိုကို မင်းတို့က ညအိပ် လက်ခံခဲ့တယ်ပေါ့.. သူ့ကြောင့် မင်းတို့ရဲ့ အခန်းကိုငှားသူတွေ မငှားချင်တော့ဘဲ လူတွေနည်းသွားမယ် ဆိုတာ မစဉ်းစားမိဘူးလား တဲ့” သူ့ကြောင့် အခန်းငှားသူတွေ လျှော့နည်းမယ်ဆိုတာ ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ်.. ဒါပေမဲ့ သူတို့တွေသာ ဒီအဖိုးအိုနဲ့ တွေ့ခွင့်ရပြီး သူနဲ့သာ စကားပြောခွင့်ရလိုက်ကြရင် သူတို့ခံစားနေရတဲ့ ရောဂါ ဝေဒနာတွေကို ထိတ်လန့်တုန်လှုပ်တော့မှာ မဟုတ်ဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ အင်အားနဲ့ အသိတရားတွေ ရရှိလာမှာ သေချာပါတယ်.. ကျွန်မတို့ မိသားစု တစ်ခုလုံးကတော့ သူနဲ့သိကျွမ်း ခင်မင်ခွင့်ရလိုက်တာ အရမ်းကို ၀မ်းမြောက်ဝမ်းသာ ဖြစ်မိကြပါတယ်..
သူ့ဆီကနေ ကျွန်မတို့ ရလိုက်တဲ့ အသိတရားလေးက ဘယ်လောက် ဆိုးဝါးတဲ့ အခြေအနေ၊ အကြောင်းတရား တွေနဲ့ ကြုံတွေ့လာပါစေ လောကကြီးကို အပြစ်မတင်ဘဲ ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်တတ်တဲ့ သင်ခန်းစာ ကောင်းလေးပါ..ဒါဟာ လူတိုင်းလက်ခံကျင့်သုံးနိုင်ဖို့  ခဲယဉ်းလှသလို တော်ရုံလူ မထားနိုင်တဲ့ စိတ်ဓာတ်လေး တစ်ခုပါ.. ပြီးတော့လဲ သူတစ်ပါးရဲ့ ကျေးဇူးကို သူ့လောက် သိတတ်တဲ့ သူမျိုးကိုလည်း ကျွန်မတို့ ဘယ်မှာများ ရှာတွေ့နိုင်ပါဦးမလဲ.. ကျွန်မတို့ မိသားစုမှာ အခက်အခဲတွေ ကြုံလာမိတဲ့အခါ အဖိုးအိုရဲ့ စကားတွေ အဖိုးအိုရဲ့ စိတ်ထားတွေကို ပြန်ပြောင်း သတိရမိကြရင်း စိတ်ပျက်အားငယ် တာတွေ ၀မ်းနည်း ပူဆွေးတာတွေ အတန်အသင့် သက်သာရာ ရခဲ့ကြသလို သူနဲ့ တွေ့ဆုံခွင့် ရလိုက်တာဟာလည်း ဘုရားပေးတဲ့ ဆုလာဒ်တစ်ခုအဖြစ် ကျွန်မတို့ မိသားစုက လက်ခံ ယုံကြည်ကြပါတယ်.. သူတစ်ပါးဆီက ရရှိခဲ့ဖူးတဲ့ အကူအညီအတွက်လည်း မမေ့မလျှော့ ကျေးဇူးတုံ့ပြန်တတ်ပုံလေးကလည်း အတုယူစရာ မဟုတ်ပါလားရှင်….
—————————————————————————————— ———————-
လူတိုင်းဟာ အဖိုးအိုလို ပြည့်ဝတဲ့စိတ်နှလုံးနဲ့ ကောင်းမွန်တဲ့ အသိတရားများကို ပိုင်ဆိုင်ခွင့်ရကြမယ်ဆို သိပ်ကောင်းမှာပါဘဲရှင်.. လူတစ်ချို့ကတော့ မွေးရာပါ အရည်အချင်း တစ်ခုအနေနဲ့ ကောင်းမွန်တဲ့ အသိတရားများကို ပိုင်ဆိုင်ထားကြပေမဲ့ အချို့ လူတွေကျတော့ သူတစ်ပါးဆီက ပြန်လည်ဝေမျှလို့ ရရှိလာတဲ့ အသိတရားများကို လက်ခံ ယူတတ်ကြပါတယ်.. ဘယ်လိုဘဲ ဖြစ်ဖြစ် အဖိုးအိုမှာ ရှိနေတဲ့ ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ အသိတရား ကောင်းလေးတွေကို လူတိုင်း လက်ခံကျင့်သုံးလာမယ်ဆိုရင် ကမ္ဘာကြီးဟာ အခုထက်တော့ နေပျော်ချင်စရာ ကောင်းလာလိမ့်မယ်လို့ ယုံကြည်မိပါတယ်..
တစ်ရက် နွေဦးရာသီရဲ့ ညနေခင်းတစ်ခုမှာပေါ့… မိသားစုအတွက် ညနေစာကို ပြင်ဆင်နေတဲ့ အချိန်လေးမှာ တံခါးခေါက်သံ ခပ်တိုးတိုးလေး ထွက်ပေါ်လာပါတယ်.. တံခါးကို သွားဖွင့်လို့ ကြည့်လိုက်တဲ့ အချိန်မှာတော့ မသပ်မရပ် အသွင်အပြင်နဲ့ ကျွန်မရဲ့ ၈နှစ်အရွယ် သားငယ်လေးလောက်သာ ရှိနိုင်မဲ့ အရပ်အမောင်းနဲ့ တစ်ကိုယ်လုံး တုန်ယင်နေတဲ့ အဖိုးအို တစ်ဦးကို တွေ့လိုက်ရပါတယ်.. သူ့မျက်နှာဟာ အဖုအပိန့်တွေ အပြည့်နဲ့ အသားနီများ လန်နေပြီး ကြောက်လန့်စရာ ကောင်းလောက် အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပါတယ်..
“မင်္ဂလာညနေခင်းပါ” အဖိုးအိုထံကနေ ကြည်ကြည်လင်လင်နဲ့ နှုတ်ခွန်းဆက်သံ ထွက်လာပါတယ်.. “ဒီတစ်ညအတွက် အခန်းတစ်ခန်းများ ရနိုင်မလားလို့ လာစုံစမ်းတာပါ.. အဖိုးက ဒီမနက်မှာ အရှေ့ဘက် ပင်လယ်ကမ်းခြေက ရွာကလေးကနေ ဒီဆေးရုံမှာ ဆေးကုသမှု ခံယူဖို့ ထွက်လာခဲ့တာပါ. ရွာကို ပြန်မဲ့ ဘတ်စ်ကားက နောက်တစ်နေ့ မနက်မှ ထွက်မှာမို့ ညအိပ်စရာ တစ်နေရာလိုနေလို့ပါ. ” လို့ ကျွန်မကိုပြောပါတယ်.. ဆက်လက်ပြီး သူပြောပြတာက သူဟာ တစ်ညတာ တည်းခိုဖို့အတွက် အခန်းတစ်ခန်းကို ဒီနေ့ နေ့လည်စောင်း လောက်ကတည်းက လိုက်လံ ရှာဖွေနေကြောင်းနဲ့ ဘယ်မှာမှ အခန်းလွတ်မရခဲ့တဲ့အကြောင်းပါ.. “ အဖိုး သိပါတယ်.. အဖိုးရဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ မျက်နှာကြောင့် ဘယ်သူကမှ အခန်းတစ်ခန်း ငှားပေးချင်ကြမယ် မဟုတ်ဘူးဆိုတာကိုပါ .. ဆရာဝန်ကလဲ အဖိုးရဲ့ ရောဂါကို ဆေးကုသမှု ဆက်လက်ခံယူဖို့ ညွှန်ကြားထားပါတယ်.. ” အဖိုးအိုစကားကို နားထောင် နေရင်းက ကျွန်မစိတ်ထဲမှာလည်း သူ့ကို ညအိပ်လက်ခံဖို့ကို တွန့်ဆုတ်နေမိပါတယ်.. ဒါပေမဲ့ ဆက်ပြီး ပြောလိုက်တဲ့ အဖိုးအိုရဲ့ စကားက ကျွန်မရင်ထဲမှာ သူ့ကို ဂရုဏာ စိတ်ကလေး ဖြစ်သွားစေခဲ့ပါတယ်.. “ ဒီဆင်ဝင်အောက်က ခုံတန်းလေးပေါ် အိပ်ခွင့်ရရင်လဲ အဖိုးအတွက် ဖြစ်ပါတယ်.. ဘတ်စ်ကားက မနက်စောစောထွက်မှာပါ… ဘယ်နေရာမှာဘဲ အိပ်ခွင့်ရရ အဖိုးအတွက် အဆင်ပြေပါတယ် ” လို့ ပြောရှာပါတယ်..
ကျွန်မကလဲ အိမ်အပေါ်ထပ်မှာ အခန်းလွတ် မကျန်တော့ပေမဲ့ သူ့အတွက် အိပ်စရာ တစ်နေရာ စီစဉ်ပေးမဲ့အကြောင်း နဲ့ ခုံတန်းလေးပေါ် ခဏထိုင်စောင့်ရင်း အနားယူဖို့ ပြောလိုက်ပါတယ်.. ကျွန်မလည်း အိမ်ထဲကို ပြန်ဝင်လာပြီး ညစာကိစ္စ ဆက်ပြီး စီစဉ်ပါတယ်.. ညစာအဆင်သင့် ဖြစ်တဲ့အချိန်မှာ အဖိုးအိုကို ကျွန်မတို့နဲ့အတူတူ ညစာစားဖို့ ဖိတ်ခေါ်ပေမဲ့ သူက ဗိုက်ပြည့်နေပါပြီ ကျေးဇူးတင်ပါတယ်လို့ ငြင်းပါတယ်..
ညစာစားပြီးလို့ အိုးခွက်ပန်းကန်တွေ သိမ်းဆည်းပြီးတဲ့အခါ အဖိုးအိုနဲ့ စကားစမြည် ပြောဖို့အတွက် ခုံတန်းလေး ရှိရာကို ထွက်လာပြီး စကားပြောဖြစ်ပါတယ်.. စကားပြောချိန်က တိုတောင်းပေမဲ့ ကျွန်မ သိခွင့် ရလိုက်တာက အဖိုးအိုဟာ လူပုံပန်းသဏ္ဍာန် သေးငယ် သော်လည်း ပြည့်ဝတဲ့ စိတ်နှလုံး ရှိသူ တစ်ယောက် ဖြစ်ပြီး အကောင်းမြင်တဲ့ အသိတရား ရှိသူတစ်ယောက် ဖြစ်တဲ့ အကြောင်းကိုပါ.. သူဟာ တံငါသည်တစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်း ပြုသူဖြစ်ပြီး သူရဲ့သမီးနဲ့ သမက်ရယ် မြေးငါးယောက်ရယ်ကို ရှာဖွေ ကျွေးမွေးနေရသူ ဖြစ်ကြောင်း ပြောပြပါတယ်.. သူ့သမက်ဟာ မမျှော်လင့်ဘဲ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတစ်ခုကြောင့် လမ်းမလျှောက်နိုင်တဲ့ ဒုက္ခိတ တစ်ယောက် ဖြစ်သွားခဲ့ရ ပါတယ်တဲ့..
ကျွန်မက သူ့ကို “အဖိုးတစ်ယောက်တည်းနဲ့ မိသားစုဦးရေ အများကြီးကို ရှာဖွေ ကျွေးမွေးနေရတာ ပင်ပန်းတယ် မထင်ဘူးလား.. ပြီးတော့ ခုလို ရောဂါဖြစ်လာတာရော စိတ်မညစ်မိဘူးလား” လို့ မေးမိပါတယ်.. အဖိုးက “ သမီးရယ် လူဆိုတာ အမြဲတမ်း လှုပ်ရှားရုန်းကန်နေမှ၊ အခက်အခဲတွေရှိနေမှ ဘ၀ရဲ့ အဓိပ္ပါယ်က ပိုပြီး ပီပြင် လေးနက်လာတာလေ.. လွယ်လွယ်ကူကူ အဆင်ပြေ ချောမွေ့နေမယ်ဆိုရင် ကိုယ့်ရဲ့ အစွမ်းအစတွေကို အသုံးချဖို့ အခွင့်အရေး ဘယ်ရှိတော့မှာလဲ… ပြီးတော့ အဖိုးအတွက် ဒီလို လှုပ်ရှားရုန်းကန်ဖို့ ခွန်အားတွေ ပေးထားတဲ့ ဒီလောကကြီးကိုဘဲ ကျေးဇူးတင်ရမှာပါ.. အဖိုးရဲ့ သမက်ဆိုရင် အလုပ်လုပ်ချင်ဦးတော့တောင် သူ့မှာ ဒီလို အခွင့်အရေး မရှိနိုင်တော့ဘူး… အဖိုးမှာတော့ အခွင့်အရေးတွေ ရှိနေသေးတယ်.. ဒီအခွင့်အရေးတွေကို အသုံးချခွင့်ရနေတဲ့အတွက်လည်း ၀မ်းမြောက်နေရပါတယ်.. အဖိုးမှာ အခုဖြစ်နေတဲ့ ရောဂါအတွက်လည်း စိတ်ညစ်စရာ အကြောင်းမရှိပါဘူး ဖြစ်လာတဲ့ အခြေအနေကို အကောင်းဆုံး ရင်ဆိုင်ဖို့ စိတ်ဓာတ်ကို ပြင်ဆင်ထားပြီးပါပြီ ”
အဖိုးအိုဟာ သူ့ဘ၀အကြောင်းကို ပြောပြနေပေမဲ့လို့ စိတ်ပျက်လက်ပျက် ပြောနေတာ မဟုတ်သလို ပင်ပင်ပန်းပန်း ရှာဖွေနေရတဲ့ သူ့ဘ၀အတွက်၊ သူ့ ကံမကောင်းမှုအတွက် သူ့မှာရရှိလာတဲ့ အနာရောဂါ အတွက်လည်း ပြစ်တင် ညီးတွားနေတာမျိုး၊ နာကျင် ခံစားနေရဟန်မျိုး လုံးဝကို မရှိဘဲ ပကတိ ကြည်လင် ရွှင်ပျစွာနဲ့ သူ့ဘ၀ကို ကျေနပ်နေတဲ့ သူတစ်ဦးရဲ့ လေသံနဲ့သာ ပြောဆိုနေတာ ဖြစ်ပါတယ်.. .. လောကကြီးကိုလဲ သူ့ဘ၀ကို ဆက်လက် ရုန်းကန်နိုင်ဖို့ ခွန်အားတွေ၊ အခွင့်အရေးတွေ ပေးတဲ့အတွက် ကျေးဇူးတင် ၀မ်းမြောက်မိကြောင်း ထည့်ပြောပါတယ်.. အဖိုးအိုနဲ့ စကားပြောနေရင်းက သူ့ဆီက စိတ်အကြည်ဓာတ်လေး ကူးစက်လာပြီး ကျွန်မကိုယ်တိုင် ခွန်အားတစ်ခုခု ရရှိလာမိတယ်လို့ ထင်လာပါတယ်.. သိပ်ကို အတုယူစရာကောင်းတဲ့ စိတ်ဓာတ်လေးပါဘဲ.. ဒီလို အဖိုးအိုတစ်ယောက်မှာ ခုလိုကောင်းမွန်တဲ့ စိတ်ထားလေးနဲ့ အသိတရားလေးတွေ ရှိနေတာ ဘယ်သူက သိနိုင်မှာလဲနော်…
ညအိပ်ရာဝင်ချိန်ရောက်တော့ အဖိုးအိုအတွက် အိပ်ရာတစ်ခုကို ကလေးတွေရဲ့ အခန်းမှာ ပြင်ဆင် ပေးလိုက်ပါတယ်.. မနက်ခင်း အိပ်ရာက ကျွန်မနိုးတဲ့အချိန်မှာ အဖိုးအိုဟာ သူအိပ်ခဲ့တဲ့ အိပ်ယာလေးကို သပ်ရပ်စွာခေါက်သိမ်းထားပြီး အပြင်ဘက်က ခုံတန်းလေးမှာ သွားရောက်ထိုင်နေပြီဖြစ်ပါတယ်. မနက်စာစားဖို့ ခေါ်တော့လဲ အခုဘဲ ဘတ်စ်ကားမှီအောင် သွားမှာဖြစ်လို့ မစားတော့ကြောင်း ငြင်းပယ်လိုက်ပြီး ထွက်ခွာဖို့ ပြင်ဆင်ပါတော့တယ်.. မသွားခင်လေးမှာ သူက ကျွန်မကို ယဉ်ကျေးစွာ စကားဆိုပါတယ်.. နောင်ခါတွေမှာ သူ ဆေးကုသမှုခံယူဖို့ လာတဲ့အချိန်တိုင်း ဒီအိမ်လေးမှာ ခုလို တစ်ညတာ တည်းခိုခွင့် ပေးနိုင်ပါမလားလို့ တောင်းဆိုပါတယ်.. ပြီးတော့လဲ သူဆက်ပြောတာက “အဖိုးအနေနဲ့ သမီးတို့မိသားစုကို ဒုက္ခပေးသလို ဖြစ်မှာလဲစိုးပါတယ်.. သမီးရဲ့ကလေးတွေက အဖိုးကို ကိုယ့်အိမ် ကိုယ့်ယာမှာ နေထိုင်ရတဲ့ နွေးထွေးတဲ့ ခံစားချက်မျိုး ပေးနိုင်ခဲ့တယ်.. အဖိုးက ရုပ်ဆိုးလှတဲ့ အဖိုးမျက်နှာကြောင့် ကလေးတွေ ထိတ်လန့်မှာကို စိုးရိမ်နေခဲ့ပေမဲ့ ကလေးတွေက သတိထားမိပုံတောင် မရခဲ့ဘူး အဖိုးကို နွေးနွေးထွေးထွေး ကြည်ကြည် လင်လင် ဆက်ဆံခဲ့တယ်.. ” လို့ ပြောပါတယ်.. ကျွန်မကလဲ အဖိုးကို နောင်များမှာလဲ လာရောက် တည်းခိုနိုင်ပါကြောင်းကို ပြန်ပြောလိုက်ပါတယ်
နောက်တစ်ကြိမ် သူဆေးကုသခံဖို့ရောက်လာတဲ့ အချိန်က မနက် ရနာရီကျော်ကျော်လောက် ဖြစ်ပါတယ်.. ကျွန်မတို့အိမ်အတွက် အဖိုးအို ယူလာတဲ့ လက်ဆောင်တွေက ငါးအကြီးကြီးတစ်ကောင်ရယ်၊ ကျွန်မမြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်တဲ့ ကမာကောင် (ယောက်သွား) တစ်ချို့ရယ် ဖြစ်ပါတယ်.. သူက ဒီမနက် ထွက်မလာခင်လေးတင်မှ ဖမ်းလို့ရခဲ့တာ ဖြစ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် ရှိနေသေးကြောင်းကို ပြောပြပါတယ်.. ကျွန်မစဉ်းစားကြည့်မိပါတယ်.. သူဒီကို မနက် ၇နာရီလောက် ရောက်လာဖို့အတွက်ဆိုရင် သူနေတဲ့ နေရာကနေ ဘတ်စ်ကားဟာ မနက်၎နာရီ ထွက်စီးရပါ လိမ့်မယ်.. အိုး… ဘုရားရေ ကျွန်မတို့ကို ခုလိုပေးနိုင်ဖို့အတွက် မနက် ဘယ်အချိန်များထပြီး ဒီငါးတွေ၊ ကမာကောင် တွေကို သူဖမ်းခဲ့တာပါလိမ့်…
အဲဒီနှစ်အတွင်းမှာ သူဟာ အကြိမ်ကြိမ် ဆေးကုသခံဖို့ရောက်လာတတ်ပြီး ရောက်တိုင်းလည်း အိမ်မှာ ညအိပ် တည်းခိုတတ်ပါတယ်.. သူရောက်လာတဲ့အကြိမ်တိုင်းလည်း ငါး၊ ကမာ၊ ဒါမှမဟုတ် သူ့ခြံကထွက်တဲ့ အသီးအရွက် တစ်ခုခု စတာတွေ တစ်ခါမှ မပါတဲ့အခါဆိုတာ မရှိခဲ့ဖူးပါ.. လူကိုယ်တိုင် ရောက်မလာတဲ့ အချိန်တွေမှာလည်း စာတိုက်ကနေ လတ်ဆတ်တဲ့ ငါး ၊ကမာ၊ စသည်များနဲ့ သူ့ခြံထွက် ဟင်းနုနယ်ရွက်၊ ကိုက်လန်ရွက် အစရှိသည် တို့ကိုလည်း သန့်စင်စွာ ဆေးကြောပြီး သေသေချာချာ ထုပ်ပိုးကာ အထူးအမြန် ချောပို့စံနစ်နဲ့ မကြာခန ပို့ပေးတတ်ပါတယ်.. တကယ်တမ်းတော့ အဖိုးအိုနေတဲ့အရပ်နဲ့ စာတိုက်ရှိတဲ့နေရာဟာ၃မိုင် တိတိကွာဝေးပြီး အဲဒီကို ရောက်အောင် လမ်းလျှောက်လို့ သွားရပါတယ်.. ပြီးတော့လဲ ခုလို အမြန်ချောပို့ စနစ်နဲ့ ပို့တဲ့အတွက် ပို့ခငွေကို ပုံမှန်နှုန်းထက် ၂ဆတိတိ ပေးရမယ်ဆိုတာ ကျွန်မ သိပါတယ်.. သူလာတိုင်းလဲ ကျွန်မတို့အတွက် လက်ဆောင်တွေ ယူမလာဖို့ အမြဲတမ်း ပြောပေမဲ့လို့ ပြောတဲ့အချိန်မှာတော့ အဖိုးအိုဟာ ပြုံးပြုံးရယ်ရယ်နဲ့ နားထောင်နေတတ်ပြီး နောက်တစ်ကြိမ်မှာ ထုံးစံအတိုင်း လက်ဆောင်တွေ ပါလာတတ်မြဲ ဖြစ်ပါတယ်..
သူညအိပ်ပြီးလို့ ပြန်သွားတဲ့ မနက်ခင်းဆို အိမ်နီးနားချင်းတွေ ရောက်လာတတ်ပြီး ကျွန်မတို့ မိသားစုကို ၀ိုင်းပြောကြပါတယ်.. “ညတုန်းက ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ အဖိုးအိုကို မင်းတို့က ညအိပ် လက်ခံခဲ့တယ်ပေါ့.. သူ့ကြောင့် မင်းတို့ရဲ့ အခန်းကိုငှားသူတွေ မငှားချင်တော့ဘဲ လူတွေနည်းသွားမယ် ဆိုတာ မစဉ်းစားမိဘူးလား တဲ့” သူ့ကြောင့် အခန်းငှားသူတွေ လျှော့နည်းမယ်ဆိုတာ ဟုတ်ကောင်း ဟုတ်ပါလိမ့်မယ်.. ဒါပေမဲ့ သူတို့တွေသာ ဒီအဖိုးအိုနဲ့ တွေ့ခွင့်ရပြီး သူနဲ့သာ စကားပြောခွင့်ရလိုက်ကြရင် သူတို့ခံစားနေရတဲ့ ရောဂါ ဝေဒနာတွေကို ထိတ်လန့်တုန်လှုပ်တော့မှာ မဟုတ်ဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ အင်အားနဲ့ အသိတရားတွေ ရရှိလာမှာ သေချာပါတယ်.. ကျွန်မတို့ မိသားစု တစ်ခုလုံးကတော့ သူနဲ့သိကျွမ်း ခင်မင်ခွင့်ရလိုက်တာ အရမ်းကို ၀မ်းမြောက်ဝမ်းသာ ဖြစ်မိကြပါတယ်..
သူ့ဆီကနေ ကျွန်မတို့ ရလိုက်တဲ့ အသိတရားလေးက ဘယ်လောက် ဆိုးဝါးတဲ့ အခြေအနေ၊ အကြောင်းတရား တွေနဲ့ ကြုံတွေ့လာပါစေ လောကကြီးကို အပြစ်မတင်ဘဲ ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်တတ်တဲ့ သင်ခန်းစာ ကောင်းလေးပါ..ဒါဟာ လူတိုင်းလက်ခံကျင့်သုံးနိုင်ဖို
——————————————————————————————
လူတိုင်းဟာ အဖိုးအိုလို ပြည့်ဝတဲ့စိတ်နှလုံးနဲ့ ကောင်းမွန်တဲ့ အသိတရားများကို ပိုင်ဆိုင်ခွင့်ရကြမယ်ဆို သိပ်ကောင်းမှာပါဘဲရှင်.. လူတစ်ချို့ကတော့ မွေးရာပါ အရည်အချင်း တစ်ခုအနေနဲ့ ကောင်းမွန်တဲ့ အသိတရားများကို ပိုင်ဆိုင်ထားကြပေမဲ့ အချို့ လူတွေကျတော့ သူတစ်ပါးဆီက ပြန်လည်ဝေမျှလို့ ရရှိလာတဲ့ အသိတရားများကို လက်ခံ ယူတတ်ကြပါတယ်.. ဘယ်လိုဘဲ ဖြစ်ဖြစ် အဖိုးအိုမှာ ရှိနေတဲ့ ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ အသိတရား ကောင်းလေးတွေကို လူတိုင်း လက်ခံကျင့်သုံးလာမယ်ဆိုရင် ကမ္ဘာကြီးဟာ အခုထက်တော့ နေပျော်ချင်စရာ ကောင်းလာလိမ့်မယ်လို့ ယုံကြည်မိပါတယ်..
kiriko မှပေးပို့ ပါသည်..
,
Posted by
Burma Campaign Japan
|
0
comments
အက်ရာနဲ့ အိုးကလေး
တစ်ခါက ရေထမ်းသမား တစ်ဦးမှာ ရေအိုး နှစ်လုံးရှိသတဲ့။ ရေထမ်းသမားက အဲ့ဒီ ရေအိုး
နှစ်လုံးကို ထမ်းပိုး တစ်ဘက်တစ်ချက် ဆီမှာ ချိတ်ဆွဲပြီး ရေထမ်းထွက်လေ့ ရှိတယ်။
ရေအိုး တစ်လုံးမှာ အက်ရာရှိနေပြီး ရေတွေ စိမ့်ကျ ကျန်နေရစ်ခဲ့လို့ အဲ့ဒီ
အိုးကလေးက ဘယ်တော့မှ ရေအပြည့် သယ်မပေးနိုင်ရှာဘူး။ ကျန်တဲ့ အိုးတစ်လုံးကတော့
အပြစ် အနာအဆာ လုံးဝ ကင်းရှင်းနေတဲ့အတွက် ရေကို အိုးအပြည့် သယ်ပေးနိုင်တာပေါ့။
အလွန်ဝေးတဲ့ ခရီး အတိုင်း ရေထမ်းသမား ရေထမ်းပြီး ပြန်လာတိုင်း အက်ရာနဲ့
အိုးကလေးထဲက ရေဟာ အိုး တစ်ဝက်လောက်ပဲ ကျန်နေခဲ့ပြီး ကျန်တဲ့ တစ်ဝက်က အမြဲ
လမ်းမှာ ယိုစိမ့် ကျန်နေရစ်ခဲ့တယ်။ နေ့စဉ်နေ့တိုင်းမှာ ရေ တစ်ခေါက် သယ်တိုင်း
အိုးနှစ်လုံးစာ အပြည့် ဘယ်တော့မှ မရဘဲ ရေ တစ်အိုးနဲ့ တစ်ဝက်စာပဲ အမြဲ ရတာပေါ့။
ဒီလိုနဲ့ ရေထမ်းသမားက ရေ သယ်လာလိုက်တာ နှစ်နှစ်တောင် ကြာလို့ နေခဲ့ပြီ။
အကောင်းပကတိ အတိုင်း ရှိနေတဲ့ အိုးကတော့ အမြဲ ရေအပြည့် သယ်ပေးနိုင်တဲ့ အတွက်
သူ့ရဲ့ အပြစ်ကင်းမှု အပေါ် ဂုဏ်ယူဝမ်းမြောက် နေတယ်။ အက်ရာနဲ့ အိုးကလေး
ခမျာမှာတော့ သူ့ရဲ့ အပြစ် အနာအဆာကြောင့် ရေထမ်းသမား ပင်ပန်းရကြိုး မနပ်
ဖြစ်နေတာကို တွေးတွေးပြီး ရှက်လို့ မဆုံး၊ ဝမ်းနည်းလို့ မဆုံး ဖြစ်နေရတယ်။
ရေထမ်းသမားက ရေအပြည့် အမြဲ ဖြည့်ပြီး သယ်ခဲ့ပေမဲ့ သူက ရေကို တစ်ဝက်လောက်ပဲ
အိမ်အရောက် သယ်ပေးနိုင်ခဲ့တာကိုး။
အဲ့ဒီလို ခါးသီးတဲ့ ရှုံးနိမ့်မှု၊ သိမ်ငယ်မှုတွေကို နှစ်နှစ်လောက် ခါးစည်း
ခံခဲ့ပြီးတဲ့နောက်တော့ အက်ရာနဲ့ အိုးကလေး ဟာ ဆက်ပြီး သည်းမခံ နိုင်တော့ဘူး။
တစ်နေ့တော့ မြစ်ဘေးနားမှာ ရေခပ် နေတဲ့ ရေထမ်းသမားကို ဖွင့်ပြောလိုက်တယ်။
ကျွန်တော့်ရဲ့ အပြစ် အနာအဆာ အတွက် ခွင့်လွှတ် ပေးပါ ခင်ဗျာ။ ကျွန်တော့်မှာ
ရှိနေတဲ့ ဒီ အက်ရာ ကနေ ရေအမြဲ ယိုစိမ့်ပြီး ကျန်နေခဲ့လို့ သခင့်အတွက် ရေကို
အပြည့် ဘယ်တော့မှ ကျွန်တော် သယ်မပေးနိုင်ခဲ့ဘူး။ ကျွန်တော့်ရဲ့
ချို့ယွင်းချက်ကြောင့် သခင့် လုပ်အားတွေ ဆုံးရှုံးရသလို ပိုပြီးတော့လဲ
ပင်ပန်းနေရတယ်။တာဝန်ကို ကျေပွန်အောင် မထမ်းနိုင်တဲ့ ကျွန်တော့်
အားနည်းချက်ကြောင့် သခင် ပင်ပန်းရကျိုး မနပ် ဖြစ်ရတာ စိတ်မကောင်း ဖြစ်ရသလို
အဲ့ဒီအတွက်လဲ ကိုယ့်ကိုကိုယ် ရှက်လှပါတယ်ခင်ဗျာ။
အဲ့ဒီစကားကို ကြားတော့ ရေထမ်းသမားက အက်နေတဲ့ အိုးကလေး နားလည်အောင် အခုလို
ရှင်းပြပါတယ်။
မင်းရဲ့ တစ်ခြားဘက် အခြမ်းမှာ မရှိဘဲ မင်းဘက် အခြမ်းမှာပဲ ရှိနေတဲ့
ပန်းပင်တွေကို လမ်းတစ်လျှောက်မှာ သတိ မထားမိဘူးလား။ ငါက မင်းရဲ့ အားနည်းချက်ကို
သိတယ်။ ဒါကြောင့် မင်းဘက်အခြမ်းမှာ ပန်းမျိုးစေ့တွေကို ကျဲပြီး စိုက်ခဲ့တယ်။
အိမ်အပြန် လမ်းတစ်လျှောက်လုံး မင်းဆီက ကျတဲ့ ရေတွေက အဲ့ဒီ ပန်းမျိုးစေ့တွေကို
ရှင်သန်ကြီးထွား စေခဲ့တာပေါ့။ အခုဆို အဲ့ဒီ ပန်းပင်လေးတွေက အပွင့်တွေ
ပွင့်ပေးလို့ ငါ့ အိမ်အပြန်မှာ သူတို့ကို ခူးခဲ့ပြီး ပန်းအိုး ထိုးလို့ ရနေပြီ။
မင်းရဲ့ အက်ရာသာ မရှိခဲ့ရင် ငါ့အိမ်ကို အခုလို ကျက်သရေရှိပြီး လှပနေအောင်
ဘယ်လို အလှ ဆင်နိုင်မလဲ။
ကျွန်တော်တို့ အားလုံးမှာ အားနည်းချက် ကိုယ်စီ ရှိကြပါတယ်။ အက်ရာနဲ့ အိုးကလေး
လိုပဲပေါ့။ အဲ့ဒီ ချို့ယွင်းချက်၊ အားနည်းချက၊် အပြစ်အနာအဆာ တွေက
ကျွန်တော်တို့ရဲ့ ဘဝတွေကို အလွန်တရာ စိတ်ဝင်စားဖို့ ကောင်းအောင် ဖန်တီး ပေးသလို
ကိုယ့်ဘဝရဲ့ ဆုလာဘ်တွေလဲ ဖြစ်တယ်။ ဘယ်လို လူစားမျိုးပဲ ဖြစ်ဖြစ် ကျွန်တော်တို့က
ကောင်းကွက်လေးတွေကို မြင်တတ်ဖို့ လိုပါတယ်။ အဲ့ဒီ ချို့ယွင်းချက်၊ အားနည်းချက၊်
အပြစ်အနာအဆာ တွေကို မှန်မှန်ကန်ကန် အသုံးချနိုင်အောင် တည့်ပေးလိုက်နိုင်ရင်တော့
ဒါတွေဟာ စိတ်ပျက် အားငယ်စရာတွေ မဟုတ်တော့ဘဲ ဘဝရဲ့ ကောင်းချီးပေးမှုတွေ
ဖြစ်လာမှာပါ။

mail ထဲမှ ပြန်လည်မျှဝေခြင်းပါ ...
,
Posted by
Burma Campaign Japan
|
2
comments
ထူးခြားတဲ့ မြန်မာအမျိုးသမီးများ
အားနွဲ့သူ မိန်းမသား
အမျိုးသမီး ထုတ်ဝေသူ များရဲ့ စာအုပ် ရောင်းပွဲ တစ်ခု ကျင်းပမယ် ဆိုတဲ့ သတင်း တစ်ပုဒ် ဂျာနယ်တွေ ထဲမှာ ဖတ်လိုက်မိတယ်။ ဒီသုံးလေး နှစ်အတွင်းမှာ အမျိုးသမီး ထုတ်ဝေသူ တွေ ကြိုးစား ပမ်းစား လှုပ်ရှားတက်ကြွ နေကြတာ ကိုလည်း သတိပြုမိတယ်။ အင်မတန်မှကို အားရ၀မ်းသာ ဖြစ်ရပါတယ်။ နယူးစ်ဝိခ် မဂ္ဂဇင်း ထုတ်ဝေသူ ကမ္ဘာကျော် သူဌေးမကြီး “ကက်သရင်း ဂရေဟမ်” လိုပဲ အောင်မြင်မှုတွေ ရကြပါစေလို့ စိတ်ထဲမှာ အောက်မေ့ နေမိပါတယ်။
ထူးခြားတဲ့ မြန်မာအမျိုးသမီး
မြန်မာ အမျိုးသမီးများဟာ အာရှတိုက် တစ်ခုလုံးမှာရှိကြတဲ့ တခြား ဘယ်နိုင်ငံက အမျိုးသမီးများနဲ့မှ မတူတဲ့ ထူးခြားသူတွေ ဖြစ်ပါတယ်။ အာရှနိုင်ငံ အားလုံးလိုလိုမှာ အမျိုးသမီးများဟာ လူရာသွင်း မခံကြရပါဘူး။ ဒုတိယ တန်းစား လူသတ္တ၀ါများ အဖြစ် အနှိမ်ခံနေရာကချည့် နောက်ဖေးခန်းနဲ့ မီးဖိုချောင်မှာပဲ နေခွင့် ရကြပါတယ်။ တချို့ နိုင်ငံများဆိုရင် မိန်းမများကို “ကလေး မွေးတဲ့စက်” လောက်ပဲ သဘောထားပြီး ကလေးမမွေး နိုင်ရင် ယောက်ျားက နောက်မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက် ယူလေတော့ မယားနေရာက အဆင့် လျောကျပြီး မီးဖိုချောင်ထဲမှာပဲ အခိုင်းအစေ အဖြစ်နေကြ ရပါတော့တယ်။ တချို့နိုင်ငံမှာဆို သမီးမိန်းကလေးမွေးလာ မွေးပြီးပြီးခြင်း သတ်လိုက်တဲ့ ခေတ်ကာလတွေတောင် ရှိခဲ့ပါတယ်။ မသတ်လို့ အသက်ရှင်နေရလည်း ၉ နှစ် ၁၀နှစ်သမီး ရောက်တာနဲ့ ဂေရှားမယ် အဖြစ် ရောင်းစားခံရတဲ့ နိုင်ငံမျိုး ရှိသလို၊ ယောက်ျား ရှာပေးစားပြီး ယောက်ျားအိမ်မှာ အခိုင်းအစေအဖြစ် နေရတဲ့ နိုင်ငံမျိုးတွေလည်းရှိပါတယ်။
သော့ကိုင်အမျိုးသမီး
မြန်မာ အမျိုးသမီးများကတော့ ရှေးပဝေသဏီ ကတည်းက အိမ်ထောင်စုရဲ့ အရေးပါတဲ့ “သော့ကိုင်” နေရာကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ယောက်ျားက ရသမျှ ငွေကို မိန်းမလက်ထဲ ထည့်လိုက်တာပါ။ မိန်းမကပဲ တစ်အိမ်ထောင်လုံးရဲ့ စားဝတ်နေရေး၊ သာရေးနာရေး၊ ရပ်ရေးရွာရေး အဖုံဖုံကို သင့်သလို စီမံခန့်ခွဲ သွားကြရပါတယ်။ တချို့ အမျိုးသမီးများ ကျတော့ ယောက်ျားတွေနဲ့ “ဒိုးတူပေါင်ဖက်” စီးပွားရှာတဲ့ အလုပ်တွေ လုပ်ကြပါတယ်။ မြို့ဖြစ်စေ၊ တောဖြစ်စေ ဈေးသည် မှန်သမျှ ဟင်းရွက်ကန်စွန်းက အစ အထည်အလိပ် အလယ်၊ ရွှေထည် စိန်ထည်အဆုံး အမျိုးသမီးများချည်း ဖြစ်ပါတယ်။ ဒီနေ့ ခေတ်တိုင်လည်း ဈေးသည် အများစုဟာ အမျိုးသမီးတွေပါပဲ။ ဒါတင်မကသေးပါဘူး။ ရှေးပဒေသရာဇ်ခေတ်တွေမှာ ကတည်းက အာရှနိုင်ငံတွေ သာမက ဥရောပနိုင်ငံတွေမှာပါ အမျိုးသမီးတွေ ပညာသင်ကြား ခွင့်မရလို့ ဘယ်မိန်းမမှ စာမတတ်ကြပါဘူး။ မြန်မာနိုင်ငံမှာတော့ ရပ်တိုင်း ရွာတိုင်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ သားသမီးတွေ လွှတ်ပြီး “သြကာသနဲ့ နမက္ကာရ” ကစပြီး “နောဧကနောနဲ့ န၀ဒွေး”အထိ သင်ကြားတဲ့ ဓလေ့ စရိုက်ရှိတာကြောင့် တောခေါင်ခေါင်က အမယ်ကြီးအိုတွေတောင် နှစ်စောင်တွဲ စာအုပ်လောက်ကတော့ ဖတ်တတ်တာ ချည်းပါပဲ။
အယူအဆမှားတာတွေ
အဲဒီ ရှေးအစဉ်အလာတွေ အတိုင်း ဒီခေတ် အမျိုးသမီးများ စီးပွားရေး လုပ်ငန်းတွေကို စွမ်းစွမ်းတမံ ရှေ့တန်းက ဆောင် ရွက်နေကြ တာများ ကြားသိ မြင်တွေ့ရတိုင်း ၀မ်းသာ ဂုဏ်ယူ နေမိပါတယ်။ ဒါပေမယ့်လို့ နှစ်ပေါင်းနှစ်ဆယ် အစိတ်လောက် ကောလိပ်ကျောင်းသား အရွယ် လူငယ်၊ လုံမငယ်တွေကို အင်္ဂလိပ်စကား သင်ကြားတဲ့ ဆရာ လုပ်လာခဲ့ရာမှာ တချို့တချို့သော ရှေးရိုး အစဉ်အလာ ဟောင်းများရဲ့ ဖိစီးမှုအောက်က ယောက်ျားလေး တွေရော မိန်းကလေး တွေပါ မလွတ် မကျွတ်နိုင်ကြ သေးတာတွေကို တွေ့မြင်ရပါတယ်။ အဲဒါကတော့ “ယောက်ျားဆိုတာ အိမ်ဦးနတ်”ဆိုတဲ့ အစဉ်အလာနဲ့ “ဗိုင်းကောင်းကျောက်ဖိ” ဆိုတဲ့ အယူအဆ အမှားများ ဖြစ်တယ်။
အိမ်ဦးနတ်
အယူအဆဟာ ဟိုရှေး ကျောက်ခေတ် ကာလ ယောက်ျားတွေ တောလိုက် မုဆိုးလုပ်ပြီး ရှာဖွေ ကျွေးမွေးတာကို တစ်အိမ်ထောင်လုံး မျှော်ကိုး စားသောက် နေရတဲ့ ခေတ်နဲ့တော့ ကိုက်ညီမှာပါ။ ဒီခေတ်လို အိမ်မှာ ရှိသမျှ အဖေရော အမေရော၊ သားသမီးတွေပါ အိမ်ရှိ လူကုန်ထွက် အလုပ်လုပ်တဲ့ ခေတ်နဲ့တော့ မအပ်စပ်တော့ပါဘူး။ နေကုန် နေခန်း အားလုံးပဲ ပင်ပင်ပန်းပန်း အလုပ် လုပ်ခဲ့ကြ ရတာ မဟုတ်လား။ အိမ်ရဲ့ နိစ္စဓူဝ တာဝန် မှန်သမျှကိုလည်း အိမ်သား အားလုံး ခွဲဝေ တာဝန် ယူကြရမှာပေါ့။ ဒါမှ မိသားစု အချင်းချင်း ချစ်ခင်ကြင်နာရာ ရောက်မှာပါ။ ဒါပေမယ့်လို့ အိမ်ထောင်စု တော်တော်များများမှာ အဲဒီလို သဘောထားပြီး ကျင့်သုံး လုပ်ဆောင်တာ တော်တော် နည်းပါးတာ တွေ့ရပါတယ်။ ခေတ်ပညာတတ် တွေသာ ဖြစ်ပေမယ့် ရှေးရိုး အယူအဆ များကိုတော့ မစွန့်နိုင်ကြပါဘူး။
မိန်းမတစ်ယောက်ရဲ့အလုပ်
မိသားစုတစ်ခုကိုပဲ နမူနာ ထားပြောပါမယ်။ မနက် စောစော ငါးနာရီ လောက်ဆို အိမ်ရှင်မက အိပ်ရာထရပါပြီ။ စောရင်သာ စောမယ်။ နောက်ကျလို့တော့ မဖြစ်ပါဘူး။ မျက်နှာလေး ကမန်းကတန်း သစ်ပြီး ဈေးကို ပြေးရပါတယ်။ ဈေးက ပြန်ရောက်တာနဲ့ ယောက်ျားနဲ့ သားသမီးများ အိပ်ရာက နိုးရင် စားသောက်ဖို့ မနက်စာ ပြင်ရပါတယ်။ အဲဒီ အချိန်အထိ ယောက်ျားက အိပ်ရာ မထသေးပါဘူး။ မိန်းမကတော့ မနက်စာပြင်ပြီးတာနဲ့ မီးမွှေးရ၊ ထမင်းအိုး တည်ရ လုပ်ပါတယ်။ မီးမွှေးရင်းပဲ မနက်စာကို အမြန် ပြီးစေလိုက်ရပါတယ်။ ထမင်းအိုးတည် ပြီးတာနဲ့ ဟင်းအိုးဆက်ပြင် ရပါတယ်။ ဒါမှ ကလေးတွေ ကျောင်းသွား အမီ၊ လူကြီးတွေ ရုံးသွား အမီ ထမင်းချိုင့် အသင့် ဖြစ်နိုင်တာပါ။ မိန်းမ ထမင်းအိုးငှဲ့ပြီး ဟင်းအိုး မီးဖိုပေါ် ရောက်ချိန်ကျမှ ယောက်ျားက အိပ်ရာထပါတယ်။ မျက်နှာသစ် ပြီးတာနဲ့ လက်ဖက် ရည်စားပွဲမှာ ထိုင်ပြီး စားသောက်ပါမယ်။ ပြီးတော့ အိမ်ရှေ့ခန်းမှာ ဂျာနယ် ထိုင်ဖတ်ရင်ဖတ်၊ တီဗီထိုင် ကြည့်ရင် ကြည့်ပေါ့။ မိန်းမက ရေမိုးချိုးပြီးလို့ ထမင်းချိုင့်ပြင်သံကြားမှ သူက ရေထ ချိုးပါတယ်။ နောက်ဆုံး မိန်းမ အသင့်တည်တဲ့ ထမင်းချိုင့်လေး ဆွဲပြီး ရုံးသွားပါတယ်။ မိန်းမ ဈေးသွားနေခိုက်မှာ ရေနွေးအိုးလေး ဖြစ်စေ၊ ထမင်းအိုးလေး ဖြစ်စေ တည်ထားပေးတဲ့ ယောက်ျား ဘယ်နှစ်ယောက်များ တွေ့ဖူးပါသလဲ။
ဘာသိဘာသာ ယောက်ျားသား
ညနေကျတော့လည်း မိန်းမကသာ ရုံးဆင်းတာနဲ့ သုတ်သုတ် သုတ်သုတ်နဲ့ အိမ်ပြန်တာ။ အိမ်ပြန်တာတောင် ဖြောင့်ဖြောင့် ပြန်တာ မဟုတ်ဘူး။ ရုံးနားဝန်းကျင်မှာ ရောင်းလေ့ ရှိတဲ့ ဈေးသည်တွေဆီက ၀ယ်ရ ခြမ်းရ သေးတာ။ ဒါမှမဟုတ်လည်း ကလေးကျောင်း ကြိုတာ ဖြစ်ဖြစ် လုပ်ရသေးတာ။ အိမ်ပြန် ရောက်တာနဲ့ ရုံးက ပါလာတဲ့ ခြင်းကလေးချပြီး ချက်ရေး ပြုတ်ရေး လုပ်ရတော့တာပါ။ ယောက်ျား တွေကတော့ အိမ်ကို တန်းတန်းမတ်မတ် ပြန်ခဲပါတယ်။ မိတ်ဆွေတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်တာ၊ အရက်ဆိုင် ၀င်တာ၊ ဒါမှမဟုတ် ဘောလုံးပွဲ သွားတာဆိုတာ မျိုးတွေ လုပ်လေ့ ရှိပြီး နေ၀င်မိုးချုပ်မှပဲ အိမ်ရောက်ကြတာ များပါတယ်။ အိမ်ရောက်ရင် ရေမိုးချိုးပြီး မိန်းမ အသင့် ပြင်ထားတဲ့ ထမင်းဝိုင်း ၀င်ထိုင်။ ပြီးတော့ တီဗီရှေ့ရောက်၊ ဒါမှမဟုတ် စာတစ်အုပ်နဲ့ ဘာသိဘာသာ နေလိုက်ပါတော့တယ်။ မိန်းမဖြစ်သူကတော့ တစ်အိမ်လုံး စားသောက်ထားတာတွေ ရှင်းလင်း ဆေးကြောပြီးမှ ရေမိုးချိုး ရပါတယ်။ ရေချိုးပြီးလို့ တီဗီရှေ့ အေးအေးဆေးဆေး ထိုင်ရပြီ မထင်နဲ့။ ကျောင်းသားတွေ ကျောင်းဝတ်ဖို့၊ ရုံးသမားတွေ ရုံးဝတ်ဖို့ မီးပူ တိုက်ရသေးတာ။ မီးပူ တိုက်ရင်း ကလေးတွေ စာသင်ဖို့ လိုရင် သင်ရပါသေးတယ်။
လင်ယောက်ျားအခွင့်အရေးလား
အိမ်မှုကိစ္စများကို ယောက်ျားတွေ မလုပ်ရဘူးလို့ ဘယ်ကျောင်း ဘယ်တက္ကသိုလ်ကမှ သင်မပေးလိုက်ပါဘူး။ ဒါပေမယ့် ယောက်ျားများ ကတော့ ဒါကိုပဲ“လင်ယောက်ျား အခွင့်အရေး” အဖြစ် ကုလသမဂ္ဂက ပြဋ္ဌာန်း ပေးထားတယ်လို့ ယူဆ ထားကြတယ် ထင်ပါရဲ့။ ဘယ်တော့မှ ကူလုပ်တယ် မရှိကြပါဘူး။ မိန်းမ နထိုင်မကောင်းဖြစ်တဲ့ အခါမျိုးမှာ မိန်းမရဲ့ အ၀တ်အစား လျှော်ပေးတဲ့ ယောက်ျား ဘယ်နှစ်ယောက် တွေ့ဖူးပါသလဲ။ အိမ်ကို ကြမ်းမှန်မှန် တိုက်ပေးတဲ့ ယောက်ျားမျိုးကော ရှိပါရဲ့လား။ ရှိတယ်ဆိုလည်း တစ်ယောက်စ နှစ်ယောက်စ ဖြစ်ပါလိမ့်မယ်။ အများစုကတော့ အိမ်ဦးနတ်ဆိုပြီး အိမ်ရှေ့ခန်းမှာ မိန့်မိန့်ကြီး ထိုင်နေကြတာ ချည်းပါပဲ။ အိမ်ဦးနတ်ဆိုတာ အိမ်ထောင်စု အတွက် အဓိကငွေရှာသူ (Bread Winner) ဖြစ်တယ်ဆိုရင် မိန်းမတွေက ငွေရှာပေးနေရင် မိန်းမတွေကိုလည်း အိမ်ဦးနတ်လို့ မသတ်မှတ် သင့်ဘူးလား။
မိအေးနှစ်ခါနာ
အခုတော့ မိန်းမတွေဟာ အလုပ်တွေ ဘယ်လောက် လုပ်လုပ်၊ ငွေတွေ ဘယ်လောက် ရှာရှာ၊ အိမ်ဦးခန်းမှာ မိန့်မိန့်ကြီး ထိုင်နိုင်ဖို့ ဝေးစွ၊ အိမ်သာထဲတောင် စိတ်ဖြောင့်ဖြောင့် ၀င်နိုင် ရှာကြတာ မဟုတ်ပါဘူး။ အိမ်ရှင်မ၊ အိမ်ရှင်မလို့သာ ခေါ်နေကြတာ တကယ်တော့ ဒီခေတ်မိန်းမ များဟာ အိမ်သာကိုတောင် ပိုင်စိုးနိုင်ခြင်း မရှိပါဘူး။ စကားလုံး ကြမ်းတာကို ခွင့်လွှတ်ကြပါ။ ဒီခေတ် မိန်းမသားများဟာ တကယ်တော့ “ဂုဏ်ထူးဆောင် အိမ်ဖော်မကြီး”တွေ သာသာပါပဲ။ အိမ်အကူတို့၊ အိမ်ဖော်တို့ကမှ စားပြီးသောက်ပြီး လခ အသားတင် ရကြသေးတယ်။ အိမ်ရှင်မခေါ် အိမ်ဖော်တွေကတော့ လခတစ်ပြားမှ မရတဲ့ စေတနာ့ ၀န်ထမ်းမို့ “ဂုဏ်ထူးဆောင် အိမ်ဖော်မကြီး”လို့ ခေါ်လိုက်တာပါ။ သူတို့ ခမျာမှာ အိမ်ဖော်အလုပ် မှန်သမျှ သိမ်းကြုံး လုပ်ရတဲ့ အတွက် ပိုက်ဆံ မရရုံသာမက ကိုယ်ကတောင် ပိုက်ဆံ ရှာပြီး ပေးရပါသေးတယ်။ တကယ့်ကို မိအေး နှစ်ခါနာဘ၀ပါ။ ဒီဘ၀က လွတ်မြောက်ဖို့ အတွက်ဆိုရင် ယောက်ျားတွေရဲ့ အတွေးအခေါ်တွေကို ပြုပြင်ရုံ တစ်ခုတည်းနဲ့ မရပါဘူး။ မိန်းမတွေပါ ပြုပြင်ဖို့ လိုပါတယ်။ တချို့ အမျိုးသမီးများက မိအေးနှစ်ခါနာ ဖြစ်ရတာဟာ ကံမကောင်း အကြောင်း မလှလို့ မိန်းမ ဖြစ်လာရခြင်းရဲ့ မရှောင် လွှဲနိုင်တဲ့ အဖြစ်ပဲလို့ သဘောပိုက်ပြီး “ဂုဏ်ထူးဆောင် အိမ်ဖော်မကြီး” အဖြစ်နေရတဲ့ ဘ၀ကိုပဲ ကျေကျေနပ်နပ် လက်ခံနေကြပါတော့တယ်။ အမျိုးသမီးတွေ ကိုယ်တိုင်က လက်ခံနေသရွေ့တော့ ဘယ်လိုမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ မိအေးနှစ်ခါနာ မဖြစ်ချင်ရင် အမျိုးသမီးတွေ ကိုယ်တိုင် အတွေးအခေါ်တွေ ပြောင်းလဲပစ်ဖို့ လိုပါတယ်။
ယောက်ျားကောင်းရရေး
ဒီလို အမျိုးသမီး မိအေးနှစ်ခါ ဖြစ်ရတဲ့ အကြောင်း များစွာထဲမှာ ရှေးအစဉ် အဆက်က လက်ကိုင်ပြုခဲ့ကြတဲ့ “ဗိုင်းကောင်းကျောက်ဖိ” အယူအဆလည်း အဓိကနေရာက ပါမယ် ထင်ပါတယ်။ ရှေးပဝေသဏီကတော့ အထက်မှာ ရေးခဲ့သလိုပဲ အမျိုးသမီးတွေ အိမ်ပြင် ထွက်ပြီး ပိုက်ဆံရှာဖို့ မလိုကြဘူးလေ။ ဒီတော့ အိမ်မှာပဲ နေပြီး “အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ” နေကြရတာပေါ့။ အဲဒီခေတ် အခါကတော့ မိန်းမတိုင်း အဖို့ အရေးကြီးဆုံး လိုအပ်ချက်ဟာ တစ်သက်လုံး မှီခို အားကိုးနိုင်တဲ့ “ယောက်ျားကောင်း” ရရှိရေး ဖြစ်တယ်။ ဒီတော့ ယောက်ျားများ အကြိုက် အချက်အပြုတ်၊ အချုပ်အလုပ်၊ ဇာထိုးပန်းထိုးစတဲ့ အိမ်တွင်းမှု အလုပ်တွေ ကျွမ်းကျင် တတ်မြောက်ပြီး “စီးတဲ့ရေ ဆည်တဲ့ကန်သင်း” လုပ်နိုင်ဖို့ လိုပါတယ်။သမီး မိန်းကလေးများကို အဲဒီ အရည်အချင်းတွေနဲ့ ပြည့်စုံအောင် မိခင်များက ရင်အုပ်မကွာ ထားပြီး သင်ကြားပေးကြပါတယ်။ အဲဒီလို အိမ်တွင်းမှု ပညာတွေသာမက သွားတာ လာတာ နေတာ ထိုင်တာ ပြောတာ ဆိုတာက အစ လူတကာ ချီးမွမ်းလောက်အောင်ဖြစ်ဖို့ သွန်သင် ဆုံးမကြပါတယ်။ “ခြေတစ်လှမ်း ကုဋေတစ်သန်း” တို့၊ “ဗိုင်းကောင်း ကျောက်ဖိ”တို့၊ “ယောက်ျားတို့ ဘုန်းလက်ရုံး၊ မိန်းမတို့ ဘုန်းဆံထုံး” တို့ဆိုတဲ့ စကားတွေဟာ အဲဒီခေတ်အခါက အမေတိုင်းရဲ့ လက်သုံးစကား ဖြစ်ပါတယ်။
ပြားပြားဝပ်စိတ်ဓာတ်
အခုတောင် တချို့အမေများက အဲဒီ အတိုင်း သမီးများကို သွန်သင်ဆုံးမတာတွေ ရှိနေပါသေးတယ်။ အဲဒီတော့ ဘာဖြစ် လာသလဲ ဆိုတော့ မန္တလေးကို အလုပ်ပြောင်းရတာ ကိုတစ်ယောက်တည်း မသွားရဲတဲ့ တက္ကသိုလ် ဆရာမ၊ စစ်တွေကို ပြောင်းရလို့ ဆိုပြီး အလုပ်က ထွက်လိုက်တဲ့ ဆရာဝန်မ၊ ရေလမ်းမို့ စိတ်မချလို့ ဆိုပြီး အမေက မလွှတ်လို့ တစ်ကျောင်းလုံး သန်လျင် အပျော်ခရီးထွက်တာ မလိုက်ရတဲ့ တက္ကသိုလ် ကျောင်းသူ ဆိုတာမျိုးတွေ ကျောင်းဆရာလုပ်နေတုန်းက အများကြီး တွေ့ခဲ့ရပါတယ်။ ယဉ်ကျေး နူးညံ့ သိမ်မွေ့တာ ကောင်းပါတယ်။ ဒါပေမယ့် သိမ်မွေ့လွန်ပြီး လူတော မတိုးရဲတာကတော့ မကောင်းပါဘူး။ ဒီခေတ်ကြီးက မိန်းကလေးတွေလည်း ဘတ်စ်ကားတိုးစီးပြီး ကျောင်းသွား အလုပ်သွားလုပ်ကြရတာ မဟုတ်လား။ ခြေတစ်လှမ်း ကုဋေတစ်သန်း လုပ်နေလို့ ဘယ်ဖြစ်မှာလဲ။ ဗိုင်းကောင်းစေဖို့ ကျောက်ဖိတာဆိုပေမယ့် အဖိလွန်ရင်တော့ ပြားသွားပါလိမ့်မယ်။ ပြားပြားဝပ် စိတ်ဓာတ်မျိုးနဲ့ ကမ္ဘာကို ရင်ဘောင်တန်းဖို့ ဘယ်လိုလုပ် ဖြစ်မှာလဲ။
ကမ္ဘာတစ်ဝက်ရွက်ထားသူ
ကမ္ဘာကြီးရဲ့ လူဦးရေ ထက်ဝက်ဟာ အမျိုးသမီးတွေ ဖြစ်တယ်။ အမျိုးသမီးတွေရဲ့ လုပ်အား မပါဘဲနဲ့ ကမ္ဘာကြီးဟာ ပုံမှန် လည်ပတ် မနေနိုင်ပါဘူး။ “အားနွဲ့တဲ့ မိန်းမ သား” ဆိုတဲ့ စိတ်ဓာတ်ကို အမျိုးသမီးများကိုယ်တိုင်က ဖျောက်ပစ်ဖို့ လိုပါ တယ်။ အမျိုးသမီးတွေလည်း လပေါ်တက်နေတဲ့ ခေတ်မှာ မိန်းမဆိုတာ ယောက်ျားတွေရဲ့ အလုပ်အကျွေး မဟုတ်တော့ပါဘူး။ ဒါကြောင့် အိမ်ဖော်တစ်ယောက်လို ယောက်ျားတွေ အလိုကျ ပြုစုပေးဖို့ မလိုပါဘူး။ “မောင်တစ်ထမ်း မယ်တစ်ရွက်” ဆိုတဲ့ ရှေးမြန်မာ စကားအတိုင်း တာဝန် မှန်သမျှ ယောက်ျား မိန်းမအတူ ခွဲဝေ ထမ်းဆောင်ကြရမှာပါ။ ယောက်ျားတွေကလည်း “အိမ်ဦး နတ်ကြီး” နေရာက နေပြီး ”ပေါ်ကြော့” နေချင်တဲ့ စိတ်ဓာတ်ကို ဖျောက်ပစ်ဖို့ လိုပါတယ်။ အမျိုးသမီးတွေဟာ ကမ္ဘာတစ်ဝက်ကို ထမ်းရွက်ထားသူတွေ ဖြစ်တယ်ဆိုတဲ့ အချက်ကို မေ့မထားကြဖို့ လိုကြောင်း သတိပေး နှိုးဆော်လိုက်ပါတယ်။

ပေးပို့ လာသူ ညီမငယ်အား ကျေးဇူးတင်စွာဖြင့်
,
Posted by
Burma Campaign Japan
|
0
comments
ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏
ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
***************
အရှင်ဓမ္မပီယ (ဓမ္မာစရိယ)
သက်တော် (၂၄)နှစ်
ဝါတော် (၄)၀ါ
ကလောင်အမည် – သကျသွေး
(၁၈.၉.၂၀၀၃ ခုနှစ်တွင် ပျံလွန်တော်မူသည်။)
သက်တော် (၂၄)နှစ်
ဝါတော် (၄)၀ါ
ကလောင်အမည် – သကျသွေး
(၁၈.၉.၂၀၀၃ ခုနှစ်တွင် ပျံလွန်တော်မူသည်။)
------------------------------ -
ကျောင်းဝန်းထောင့်ရှိ အုတ်ဂူဖြူဖြူလေးကို တွေ့လိုက်ရတော့ သူသည် ကြောက်လန့်စိတ် အလျဉ်းဖြစ်မသွားခဲ့ပါ။ တကယ်ဆို နေ၀င်ခါစ သည်အချိန်လေးသည် ကြောက်လန့်စိတ်ဖြစ်ဖို့ အကောင်းဆုံးဖြစ်သည်။
သို့ သော် သူကြောက်လန့် စိတ် ဖြစ်မသွားခဲ့ပါ။
ဂူမျက်နှာပြင်တွင် တွေ့လိုက်ရသော စာကြောင်းလေးများက ကြောက်လန့်စိတ်နေရာကို အစားထိုးဝင်သွားလေလားမသိ။ ပြီးတော့ အုတ်ဂူဖြူဖြူပေါ်တွင် “ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏” ဟူသော စာသားလေးကိုလည်း တွေ့ လိုက်ရပါသည်။ သူသည် ကြောက်လန့် စိတ်ထက် စိတ်ဝင်စားသည့်စိတ်က ပိုများသွားသည်။
သူသည် သည်မြို့ကလေးသို့ ညတရားဟောဖို့ နေ့လည်(၃)နာရီခွဲလောက်ကမှ ရောက်လာခဲ့ခြင်းဖြစ်သည်။ ပြီးတော့ သည်မြို့ ကလေးသည် သူ့ အတွက် ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းလည်း ဖြစ်သည်။။
တရားပွဲက ည(၇)နာရီမှ စမှဆိုတော့ အချိန်ရသေးသည်နှင့် ကျောင်းအောက်သို့ဆင်းခဲ့သည်။ လမ်းလျှောက်ရင်းဖြင့် သည်နေရာကလေးသို့ သူရောက်လာခဲ့ခြင်းဖြစ်သည်။
အသက်၂၄နှစ်ဆိုတာ လောကမှာနေလို့ အကောင်းဆုံးအရွယ်လေး။ ဘာဖြစ်လို့ပါလိမ့်။ ပြီးတော့ စာရေးတဲ့ဦးဇင်းလေးတဲ့။ ပြီးတော့ စာရေးသည်ဆိုတော့ သူ့အတွက်ပို၍ စိတ်ဝင်စားစရာဖြစ်သွားသည်။ ကို ‘သကျသွေး’ ဆိုသည့်ကလောင်နာမည်လေးကို မဂ္ဂဇင်းတချို့တွင် တစ်ပုဒ်စ၊ နှစ်ပုဒ်စတော့ တွေ့ဖူးသည်၊ များများတော့မတွေ့ဖူး။ သူမဖတ်ဖြစ်သည့် မဂ္ဂဇင်းများတွင် ရေးနေတာလည်းဖြစ်နိုင်သည်။
သူ့အသက်နှင့်တွက်လျှင် ဆယ်စုနှစ်တစ်စုငယ်သော ဦးဇင်းလေး။ စာပေလောကအတွက် ကလောင်တစ်ချောင်း ဆုံးရှုံးသွားသလို သာသနာအတွက်လည်း ရဟန်းတစ်ပါး ဆုံးရှုံးသွားခြင်းဖြစ်သည်။
ပျံလွန်တော်မူသည့် နေ့စွဲကိုကြည့်တော့ ဘာမျှမကြာသေး။ တစ်နှစ်ကျော်မျှသာ ရှိသေးသည်။ အုတ်ဂူလေးပင် သစ်သစ်လွင်လွင်ရှိနေဆဲ။ သူသည် ၂၄နှစ်အရွယ်တုန်းက စာတွေရေးနေခဲ့သည်။ ပြီးတော့ ဓမ္မာစရိယတန်းအတွက် စာတွေလည်းကျက်နေခဲ့သည်။ အုတ်ဂူထဲက ဦးဇင်းလေးလည်း သည်အတိုင်းသာ ဖြစ်နေလိမ့်မည်။
သူသည် ညနေခင်းများစွာကို ပုံစံမျိုးစုံဖြင့် ဖြတ်သန်းခဲ့ဖူးပါသည်။ အပြုံးနှင့်လည်း ဖြတ်သန်းဖူးသည်။ အမုန်းနှင့်လည်း ဖြတ်သန်းဖူးသည်။ အလွမ်းနှင့်လည်း ဖြတ်သန်းဖူးသည်။ အမောနှင့်လည်း ဖြတ်သန်းဖူးသည်။၊ အပျော် နှင့်လည်း ဖြတ်သန်းဖူးသည်။ ကြောက်လန့် စိတ်နှင့်လည်း ဖြတ်သန်းဖူးသည်။ သည်ညနေခင်းလေးကတော့ ကြောက်စိတ်နှင့် ဖြတ်သန်းနေတာ မဟုတ်တာတော့ သေချာပါသည်။
သူသည် ပင့်သက်ကိုရှိုက်ရင်း အုတ်ဂူနားဆီသို့ တိုးသွားမိသည်။ အုတ်ဂူလေးကို လက်နှင့်ထိလိုက်တော့ ကြမ်းရှရှ အင်္ဂတေသားသည် သူ၏နှလုံးသားကို လာ၍ထိသယောင်၊ ထိလက်စလက်ကို ချက်ချင်းမရုပ်မိ။
ဘာဖြစ်လို့ ပျံလွန်တော်မူသွားပါလိမ့်…….. တစ်ခုခုများဖြစ်ခဲ့လို့လား…။
သူတွေးနေဆဲမှာပင် သူ့နောက်မှ ခြေသံသဲ့သဲ့ ကြားရသည်။ လှည့်ကြည့်လိုက်တော့ သည်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်၊ သက်တော်(၈၀)ခန့်ရှိပြီ ဖြစ်သော ဆရာတော်သည် တောင်ဝှေးကို အားပြုထားသည်။ မျက်မှန်ထူထူ၊ သင်္ကန်းအညိုရောင်ရင့်ရင့်နှင့် ဇရာ၏လက္ခဏာကို ပြနေသော်လည်း ဆရာတော်တစ်ပါးအဖြစ် ပို၍သပ္ပာယဖြစ်နေပါသည်။
ဆရာတော် သူ့ အနားရောက်လာတော့ လက်အုပ်ချီပြီး အရိုအသေပေးလိုက်သည်။
‘ဦးဇင်းလေးက အုတ်ဂူလေးကို ကြည့်ပြီး စိတ်ဝင်စားနေပုံရတယ်’
‘မှန်ပါဘုရား’
‘ဒီအကြောင်းတွေကို တပည့်တောာ် ဘယ်သူ့မှလည်း ပြောပြ မနေချင်တော့ပါဘူး။ ပြောမပြမိအောင်လည်း သတိထားပါတယ်။ ဦးဇင်းလေးကတော့ စားလည်းရေး တရားလည်းဟောတော့ အများနဲ့ဆက်ဆံနေရတာဆိုတော့ နည်းနည်းလောက်တော့ ပြောပြချင်တယ်။ ပြီးတော့သူက ဦးဇင်းလေးလိုပဲ စာရေးတယ်၊ စာရေးဆရာသိပ်ဖြစ်ချင်တာ၊ မဂ္ဂဇင်းတွေမှာ ဆယ့်လေးငါးပုဒ်တော့ ပါဖူးတယ်’
‘ပြောပါဘုရား၊ ပြီးတော့ ဂူလေးကိုကြည့်ပြီး တပည့်တော်ကိုယ်တိုင်လည်း စိတ်ဝင်စားနေပါတယ်ဘုရား’
‘ဒီဦးဇင်းလေးက ဒီမြို့ကပဲ၊ မိဘတွေကလည်း အတော်အသင့်ချမ်းသာကြပါတယ်။ တပည့်တော်ပဲ အခြေခံစာတွေသင်ပေး၊ တပည့်တော်ပဲ မန္တလေးကစာသင်တိုက်ကို ကိုယ်တိုင်ပို့ပေးခဲ့ရတာ၊ ဟိုတစ်နှစ်ကပဲ ဓမ္မာစရိယတန်းမှာ သီလက္ခန်တစ်ကျမ်းအောင်လို့ဆိုပြီး သင်္ကန်းတစ်စုံ ဆုချလိုက်ရသေးတယ်။ လိုရင်းပြောရရင်တော့ ဦးဇင်းလေးရယ်၊ သူနေတဲ့စာသင်တိုက်မှာ ဦးဇင်းတစ်ပါးက သရီးရိုင်ဖယ်ဆိုတဲ့ သင်္ကန်းတစ်စုံပျောက်တယ်တဲ့၊ ပျောက်တဲ့ဦးဇင်းက တပည့်တော်ရဲ့တပည့်ဦးဇင်းလေးကို စွပ်စွဲတယ်ပေါ့လေ။ နောက်ဆုံးဘယ်အထိဖြစ်လာသလဲဆိုတော့  ကျန်တဲ့ဦးဇင်းတွေကပါ ယုံလာပြီး စကားတွေဘာတွေ မပြောကြတော့ဘူးတဲ့၊ ပိုဆိုးတာကတော့ ဆွမ်းအတူမစားကြတော့တာပဲ၊ သူများပစ္စည်းခိုးရင် ပါရာဇိကကံကျတာဆိုတော့ ပါရာဇိကကျတဲ့ ဦးဇင်းနဲ့ ဆွမ်းအတူမစားချင်ကြတဲ့ သဘောပေါ့လေ။
အားလုံးက ၀ိုင်းကြဉ်ထားတော့ ဦးဇင်းလေးလည်း တော်တော်လေး အထီးကျန်လာပုံရတယ်။ နောက်တော့ သူကျောင်းထိုင်ဆရာတော်ကို သွားလျှောက်ပြလိုက်တယ်။ ဆရာတော်က ချက်ချင်းသံဃာကုန်ခေါ်ပြီး သြ၀ါဒပေးတယ်။ တပ်အပ်မမြင်ဘဲနဲ့ မစွပ်စွဲဖို့ပေါ့လေ။ သံဃာကြားထဲမှာ ဦးဇင်းလေးက လူးလှိမ့်ငိုနေတယ်တဲ့။ သူမဟုတ်တဲ့အကြောင်းလည်း ကျိန်ပြီးပြောတယ်တဲ့။ နောက်ဆုံးတော့ သူ့ဇာတိဖြစ်တဲ့ ဘုန်းကြီးရဲ့ဒီကျောင်းကိုပြန်ေ ရာက်လာတော့တာပဲ။ သူရောက်တဲ့အချိန်က တပည့်တော် ဆွမ်းစားနေတဲ့အချိန် ၁၁နာရီလောက် ရှိပြီ။ ဒါနဲ့ တပည့်တော်ကလည်း “ဦးဇင်း တစ်ခါတည်း ၀င်ဘုဉ်းပေးလိုက်” လို့ ပြောလိုက်တယ်။ ဒါပေမယ့် သူကဘာပြန်ပြောသလဲဆိုတော့ “ဆရာတော်လည်းတပည့်တော်ကို ယုံမှာမဟုတ်ပါဘူး။ တပည့်တော်ကို တစ်ပါးတည်းပဲပြင်ပေးပါတဲ့”။ တပည့်တော်ကလည်း “ဟဲ့...ဦးဇင်း၊ ဘာတွေပြောနေတာလဲ၊ လာ...တစ်ခါတည်း ဒီမှာ ၀င်ဘုဉ်းပေး။” လို့ ထပ်ပြောပေမယ့် သူက အကြောက်အကန်ငြင်းနေတာနဲ့ နောက်ဆုံးတော့ သူစိတ်ချမ်းသာပါစေဆိုပြီး ပြင်ကျွေးခိုင်းလိုက်တယ်။ နောက်ရက်တွေမှာလည်း အဲဒီအတိုင်းပဲ တစ်ပါးတည်းပဲ စားတယ်။ ဘယ်သူနဲ့မှလည်း စကားမပြောဘူး။ ပြီးတော့ ကျောင်းထောင့်က မန်ကျည်းပင်အောက်မှာ အမြဲသွားသွား တရားထိုင်တယ်။ ဒီကိုရောက်ပြီး ၁၅ရက်မြောက်တဲ့နေ့မှာပဲ ဦးဇင်းလေးရယ် ပြောရမှာတောင် စကားမထွက်ရက်ပါဘူး။ အဲဒီ သူတရားထိုင်တဲ့မန်ကျည်းပင်မှာပဲ ကြိုးဆွဲချ ပျံလွန်တော်မူသွားတယ်။’
‘အို’ သူ့နှုတ်မှ အသံထွက်သည်အထိ အံ့သြသွားပါသည်။ ဆရာတော်က စကားဆက်သည်။
‘ပျံလွန်တော်မူတော့ သင်္ကန်းကြားထဲမှာ စာရွက်ကလေးတစ်ရွက် တွေ့ရတယ်။ ဘာရေးထားသလဲဆိုတော့ “ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏။” တဲ့။ တပည့်တော်တို့လည်း သူဘာတွေဖြစ်လာခဲ့တယ်ဆိုတာလည်း မသိရဘူး၊ တစ်မြို့လုံးကလည်း စိတ်မကောင်းကြဘူး။ သူ့အမေဆိုတာကတော့ ပြောမနေပါနဲ့တော့။ အခုဆိုပျံလွန်တော်မူသွားတာ တစ်နှစ်ကျော်ပြီဆိုပါတော့’
‘အဲဒီဦးဇင်းလေးက သင်္ကန်းကို တကယ်ကောယူမိလို့လားဘုရား’
‘အဲဒါပြောမလို့ပဲ….. ပျံလွန်တော်မူပြီး သုံးလလောက်ကြာတော့ သူနဲ့တော်တော်ခင်တဲ့ သူ့ရဲ့သူငယ်ချင်း ဦးဇင်းတစ်ပါးရောက်လာတယ်။ ရောက်လာတဲ့....သူ့ သူငယ်ချင်း ဦးဇင်းဆီက စကားကြားရတော့မှ အားလုံးစိတ်မကောင်းဖြစ်ကြရတယ်။ သင်္ကန်းပျောက်တဲ့ဦးဇင်းလေးက သင်္ကန်းပျောက်သွားတာတော့ တကယ်ပျောက်သွားတာပဲ။ ဖြစ်ပုံက အဲဒီဦးဇင်းလေးက ဆွမ်းခံကြွနေတုန်း သူ့ရဲ့ ဦးလေးဘုန်းကြီးက တောကရောက်လာတယ်တဲ့။ မန္တလေးကို ပစ္စည်းလာဝယ်တာတဲ့၊ သေတ္တာပေါ်မှာ သရီးရိုင်ဖယ်သင်္ကန်းကို တွေ့သွားပြီး သဘောကျတာနဲ့ တူလည်းဖြစ်၊ တပည့်လည်းဖြစ်နေတာနဲ့ မပြောပဲ ယူသွားလိုက်တယ်။ ဘူတာကို ချက်ချင်းဆင်းရတာဆိုတော့ ယူသွားတဲ့အကြောင်း ဘယ်သူ့မှလည်း ပြောချိန်မရတော့ဘူး ထင်တယ်။ အဖြစ်မှန်ကို ဘယ်သူမှမသိကြတော့ ပြဿနာဖြစ်ကြတော့တာပဲ။
နောက် တပည့်တော် တပည့်ဦးဇင်းလေး ပျံလွန်တော်မူပြီး နှစ်လလောက်နေမှ သင်္ကန်းပျောက်တဲ့ ဦးဇင်းလေးက သူ့ရွာပြန်မှ ဦးလေးဘုန်းကြီးက သူသင်္ကန်းယူသွားတဲ့ အကြောင်းပြောပြတာတဲ့၊ အဖြစ်မှန်ကို သိရတဲ့အချိန်မှာ အားလုံးကလွန်ကုန်ပြီ။
တစ်ထွာလောက်ရှိတဲ့ လျှာတစ်ချောင်းဟာ သိပ်ကြောက်ဖို့ကောင်းတယ်။ ဘာမဟုတ်တဲ့ စကားတစ်ခွန်းဟာ အသက်တစ်ချောင်းအထိ ဆုံးရှုံးသွားရတယ်။
တပည့်တော် အသက် ရှစ်ဆယ်နီးနေပါပြီ။ တော်ရုံတန်ရုံကိစ္စကို အသက်အရွယ်အရ တရားနဲ့ ဖြေလို့ ရပါတယ်။ ဒီဦးဇင်းလေးကိစ္စကျတော့ ငယ်ငယ်လေးကတည်းက ကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့ ရတဲ့ တပည့်ရင်းလေး ဖြစ်နေတော့ သံယောဇဉ်လည်း တော်တော်ဖြစ်မိပါတယ်။ အဲဒါကြောင့် စိတ်ထဲမှာ ဣနြေ္ဒမရတော့ ဖြစ်မိတယ်။ နောက်ဆုံးတော့ သဗ္ဗေသတ္တာ ကမ္မဿကာ သူ့ဝဋ်ရှိလို့ ခံရတာပဲလေလို့ နှလုံးသွင်းလိုက်ရတယ် ဦးဇင်းလေးရယ်’
ဆရာတော်က ဆက်တိုက်ပြောလိုက်ရလို့ ထင်သည်။ သည်မှာပင် စကားကို ရပ်ထားသည်။ စကားက သည်မှာတင် မဆုံးသင့်သေးပါ။ သည့်အတွက် သူကပဲ စကားစလိုက်ရသည်။
“ဆရာတော်ဘုရား။ ဘုရားတပည့်တော် အထင်တော့ ဦးဇင်းလေးအနေနဲ့  ဒီနည်းနဲ့ မဖြေရှင်းဘဲ တခြားနည်းတစ်ခုခုနဲ့  ဖြေရှင်းဖို့ ကောင်းတယ်ဘုရား။ ဖြေရှင်းနည်း မှားသွားတယ် ထင်တယ်ဘုရား။”
”အင်း...ဒါပေမယ့် ဦးဇင်းလေးရယ်...၀ဇီရဗုဒ္ဓိဋီကာမှာ ဂါထာလေးတစ်ပုဒ်ရှိတယ်။
ယေဘုယျေန ဟိ သတ္တာနံ၊ ၀ိနာသေ ပစ္စုပဋ္ဌိတေ။
အနယောနယ ရူပေန၊ ဗုဒ္ဓိမာဂမ္မတိဌတိ။ တဲ့
အဓိပ္ပါယ်ကတော့ “သတ္တ၀ါတွေဟာ ပျက်စီးဖို့ အချိန်တန်လာရင် နည်းဆိုးနည်းမှားဟာ နည်းမှန်ဟန်ဆောင်ပြီး စိတ်မှာ ထင်လာတတ်တယ်” တဲ့။ တကယ်တော့...လူဟာ ပျက်စီးဖို့ အချိန်တန်လာရင် ဘာနဲ့ မှ ကာကွယ်လို့  မရတော့ပါဘူး။ ကဲ...ကဲ....ဦးဇင်းလေးလည်း တရားဟောရဦးမယ်။ ကြွတော့...ကြွတော့။”
“မှန်ပါဘုရား”
သူ ဆရာတော်ကိုလက်အုပ်ချီပြီး အရိုအသေပေးရင်း နားနေဆောင်သို့ပြန်ခဲ့သည်။ လှမ်းရသည့် ခြေလှမ်းတွေက သိပ်မသွက်ချင်၊ လေးတွဲ့ဖင့်နှေးနေသည်။ ဆရာတော်ကတော့ သူ့တပည့် ဦးဇင်းလေး လဲလျောင်းရာ အုတ်ဂူလေးနားမှာပဲ ရပ်ကျန်ခဲ့သည်။
တစ်ထွာလောက်ရှိသော လျှာတစ်ချောင်းကို သူတော်တော်ကြောက်သွားပါသည်။ ပြီးတော့မုန်းချင်စိတ်လည်း ပေါက်သွားပါသည်။
မြတ်စွာဘုရားလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ အရှင်သာရိပုတ္တရာလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဆရာတော်အရှင်ဇနကာဘိဝံသလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ မင်းကွန်းဆရာတော်ဘုရားကြီးလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ နပိုလီယန်လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဟစ်တလာလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ မာသာထရီဇာ လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဘင်လာဒင်လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။
ထိုလျှာတစ်ချောင်းသည် မကြာခင်ပြာဖြစ်ရဦးမည်။ ပြာမဖြစ်ခင်တော့ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုအနေနှင့် အကောင်းအဆိုးတွေဖန်တီးနေဦးမည်။ ထိုလျှာတစ်ချောင်းကြောင့်ပင် သူကျင်လည်ရာဝန်းကျင်တွင်ရှိသော သတ္တ၀ါတို့သည် အမြင့်သို့ လည်း ရောက်သွားနိုင်သည်။ အနိမ့်သို့ လည်း ရောက်သွားနိုင်သည်။ အမှောင်ထဲသို့လည်း ရောက်သွားနိုင်သည်။ အလင်းထဲသို့လည်း ရောက်သွားနိုင်သည်။ လျှာတစ်ချောင်းသည် အဖြူအမည်း ကို ကောင်းကောင်းဖန်တီးနိုင်ပါသည်။
လျှာတစ်ချောင်သည် ပြာဖြစ်သွားလျှင်ကော ဇာတ်သိမ်းသွားပြီဟု ဆိုနိုင်ပါမည်လား။
ဗုဒ္ဓဘာသာ၏ အဘိဓမ္မာသဘောတရားအရ ကံ, ကံ၏အကျိုးဆိုတာ ရှိသည်ပဲလေ။ ကံ, ကံ၏အကျိုးအရ အသက်ထင်ရှားရှိစဉ် ပြုမူပြောဆိုခဲ့သော အမူအရာတို့ သည် ကမ္မသတ္တိတစ်ခုအနေနှင့် ဟိုဘက်ဘ၀အထိ ပါသွားပါလိမ့်မည်။ ပြာဖြစ်သွားလျှင်တော့ ဘာမှ အယူခံခွင့်မရှိတော့။ သတ္တိအားလျော်စွာ သုဂတိ၊ ဒုဂ္ဂတိ တစ်ခုခုက အသင့်ကြိုနေပါလိမ့်မည်။
ပြာမဖြစ်ခင် လျှာတစ်ချောင်းကို အမှီပြုပြီး တမလွန်၏ သုဂတိ ဒုဂ္ဂတိကို ကောင်းကောင်းဖန်တီးနိုင်ခွင့် ရှိနေသေးသည်။ ပြာဖြစ်သွားလျှင်တော့ ဖန်တီးနိုင်ခွင့် ရွေးချယ်နိုင်ခွင့် မရှိတော့ပါ။
ဘာပဲပြောပြော ည(၇)နာရီ ထိုးလျှင်ပင် သူလျှာတစ်ချောင်းကို အသုံးပြုရပါဦးမည်။ သည်တော့လည်း သူ၏လျှာတစ်ချောင်းကို ကျေးဇူးတင်လိုက်ရပြန်ပါသည်။
ရဝေနွယ်-အင်းမ
မော်လမြိုင်ကျွန်းမြို့ နယ်
ပရိယတ္တိသာသနာနုဂ္ဂဟအသင်း
ရွှေရတုအထိမ်းအမှတ်မဂ္ဂဇင်း (၁၃၁၆-၁၃၆၆)
သို့ သော် သူကြောက်လန့် စိတ် ဖြစ်မသွားခဲ့ပါ။
ဂူမျက်နှာပြင်တွင် တွေ့လိုက်ရသော စာကြောင်းလေးများက ကြောက်လန့်စိတ်နေရာကို အစားထိုးဝင်သွားလေလားမသိ။ ပြီးတော့ အုတ်ဂူဖြူဖြူပေါ်တွင် “ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏” ဟူသော စာသားလေးကိုလည်း တွေ့ လိုက်ရပါသည်။ သူသည် ကြောက်လန့် စိတ်ထက် စိတ်ဝင်စားသည့်စိတ်က ပိုများသွားသည်။
သူသည် သည်မြို့ကလေးသို့ ညတရားဟောဖို့ နေ့လည်(၃)နာရီခွဲလောက်ကမှ ရောက်လာခဲ့ခြင်းဖြစ်သည်။ ပြီးတော့ သည်မြို့ ကလေးသည် သူ့ အတွက် ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းလည်း ဖြစ်သည်။။
တရားပွဲက ည(၇)နာရီမှ စမှဆိုတော့ အချိန်ရသေးသည်နှင့် ကျောင်းအောက်သို့ဆင်းခဲ့သည်။ လမ်းလျှောက်ရင်းဖြင့် သည်နေရာကလေးသို့ သူရောက်လာခဲ့ခြင်းဖြစ်သည်။
အသက်၂၄နှစ်ဆိုတာ လောကမှာနေလို့ အကောင်းဆုံးအရွယ်လေး။ ဘာဖြစ်လို့ပါလိမ့်။ ပြီးတော့ စာရေးတဲ့ဦးဇင်းလေးတဲ့။ ပြီးတော့ စာရေးသည်ဆိုတော့ သူ့အတွက်ပို၍ စိတ်ဝင်စားစရာဖြစ်သွားသည်။ ကို ‘သကျသွေး’ ဆိုသည့်ကလောင်နာမည်လေးကို မဂ္ဂဇင်းတချို့တွင် တစ်ပုဒ်စ၊ နှစ်ပုဒ်စတော့ တွေ့ဖူးသည်၊ များများတော့မတွေ့ဖူး။ သူမဖတ်ဖြစ်သည့် မဂ္ဂဇင်းများတွင် ရေးနေတာလည်းဖြစ်နိုင်သည်။
သူ့အသက်နှင့်တွက်လျှင် ဆယ်စုနှစ်တစ်စုငယ်သော ဦးဇင်းလေး။ စာပေလောကအတွက် ကလောင်တစ်ချောင်း ဆုံးရှုံးသွားသလို သာသနာအတွက်လည်း ရဟန်းတစ်ပါး ဆုံးရှုံးသွားခြင်းဖြစ်သည်။
ပျံလွန်တော်မူသည့် နေ့စွဲကိုကြည့်တော့ ဘာမျှမကြာသေး။ တစ်နှစ်ကျော်မျှသာ ရှိသေးသည်။ အုတ်ဂူလေးပင် သစ်သစ်လွင်လွင်ရှိနေဆဲ။ သူသည် ၂၄နှစ်အရွယ်တုန်းက စာတွေရေးနေခဲ့သည်။ ပြီးတော့ ဓမ္မာစရိယတန်းအတွက် စာတွေလည်းကျက်နေခဲ့သည်။ အုတ်ဂူထဲက ဦးဇင်းလေးလည်း သည်အတိုင်းသာ ဖြစ်နေလိမ့်မည်။
သူသည် ညနေခင်းများစွာကို ပုံစံမျိုးစုံဖြင့် ဖြတ်သန်းခဲ့ဖူးပါသည်။ အပြုံးနှင့်လည်း ဖြတ်သန်းဖူးသည်။ အမုန်းနှင့်လည်း ဖြတ်သန်းဖူးသည်။ အလွမ်းနှင့်လည်း ဖြတ်သန်းဖူးသည်။ အမောနှင့်လည်း ဖြတ်သန်းဖူးသည်။၊ အပျော် နှင့်လည်း ဖြတ်သန်းဖူးသည်။ ကြောက်လန့် စိတ်နှင့်လည်း ဖြတ်သန်းဖူးသည်။ သည်ညနေခင်းလေးကတော့ ကြောက်စိတ်နှင့် ဖြတ်သန်းနေတာ မဟုတ်တာတော့ သေချာပါသည်။
သူသည် ပင့်သက်ကိုရှိုက်ရင်း အုတ်ဂူနားဆီသို့ တိုးသွားမိသည်။ အုတ်ဂူလေးကို လက်နှင့်ထိလိုက်တော့ ကြမ်းရှရှ အင်္ဂတေသားသည် သူ၏နှလုံးသားကို လာ၍ထိသယောင်၊ ထိလက်စလက်ကို ချက်ချင်းမရုပ်မိ။
ဘာဖြစ်လို့ ပျံလွန်တော်မူသွားပါလိမ့်…….. တစ်ခုခုများဖြစ်ခဲ့လို့လား…။
သူတွေးနေဆဲမှာပင် သူ့နောက်မှ ခြေသံသဲ့သဲ့ ကြားရသည်။ လှည့်ကြည့်လိုက်တော့ သည်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်၊ သက်တော်(၈၀)ခန့်ရှိပြီ ဖြစ်သော ဆရာတော်သည် တောင်ဝှေးကို အားပြုထားသည်။ မျက်မှန်ထူထူ၊ သင်္ကန်းအညိုရောင်ရင့်ရင့်နှင့် ဇရာ၏လက္ခဏာကို ပြနေသော်လည်း ဆရာတော်တစ်ပါးအဖြစ် ပို၍သပ္ပာယဖြစ်နေပါသည်။
ဆရာတော် သူ့ အနားရောက်လာတော့ လက်အုပ်ချီပြီး အရိုအသေပေးလိုက်သည်။
‘ဦးဇင်းလေးက အုတ်ဂူလေးကို ကြည့်ပြီး စိတ်ဝင်စားနေပုံရတယ်’
‘မှန်ပါဘုရား’
‘ဒီအကြောင်းတွေကို တပည့်တောာ် ဘယ်သူ့မှလည်း ပြောပြ မနေချင်တော့ပါဘူး။ ပြောမပြမိအောင်လည်း သတိထားပါတယ်။ ဦးဇင်းလေးကတော့ စားလည်းရေး တရားလည်းဟောတော့ အများနဲ့ဆက်ဆံနေရတာဆိုတော့ နည်းနည်းလောက်တော့ ပြောပြချင်တယ်။ ပြီးတော့သူက ဦးဇင်းလေးလိုပဲ စာရေးတယ်၊ စာရေးဆရာသိပ်ဖြစ်ချင်တာ၊ မဂ္ဂဇင်းတွေမှာ ဆယ့်လေးငါးပုဒ်တော့ ပါဖူးတယ်’
‘ပြောပါဘုရား၊ ပြီးတော့ ဂူလေးကိုကြည့်ပြီး တပည့်တော်ကိုယ်တိုင်လည်း စိတ်ဝင်စားနေပါတယ်ဘုရား’
‘ဒီဦးဇင်းလေးက ဒီမြို့ကပဲ၊ မိဘတွေကလည်း အတော်အသင့်ချမ်းသာကြပါတယ်။ တပည့်တော်ပဲ အခြေခံစာတွေသင်ပေး၊ တပည့်တော်ပဲ မန္တလေးကစာသင်တိုက်ကို ကိုယ်တိုင်ပို့ပေးခဲ့ရတာ၊ ဟိုတစ်နှစ်ကပဲ ဓမ္မာစရိယတန်းမှာ သီလက္ခန်တစ်ကျမ်းအောင်လို့ဆိုပြီ
အားလုံးက ၀ိုင်းကြဉ်ထားတော့ ဦးဇင်းလေးလည်း တော်တော်လေး အထီးကျန်လာပုံရတယ်။ နောက်တော့ သူကျောင်းထိုင်ဆရာတော်ကို သွားလျှောက်ပြလိုက်တယ်။ ဆရာတော်က ချက်ချင်းသံဃာကုန်ခေါ်ပြီး သြ၀ါဒပေးတယ်။ တပ်အပ်မမြင်ဘဲနဲ့ မစွပ်စွဲဖို့ပေါ့လေ။ သံဃာကြားထဲမှာ ဦးဇင်းလေးက လူးလှိမ့်ငိုနေတယ်တဲ့။ သူမဟုတ်တဲ့အကြောင်းလည်း ကျိန်ပြီးပြောတယ်တဲ့။ နောက်ဆုံးတော့ သူ့ဇာတိဖြစ်တဲ့ ဘုန်းကြီးရဲ့ဒီကျောင်းကိုပြန်ေ
‘အို’ သူ့နှုတ်မှ အသံထွက်သည်အထိ အံ့သြသွားပါသည်။ ဆရာတော်က စကားဆက်သည်။
‘ပျံလွန်တော်မူတော့ သင်္ကန်းကြားထဲမှာ စာရွက်ကလေးတစ်ရွက် တွေ့ရတယ်။ ဘာရေးထားသလဲဆိုတော့ “ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏။” တဲ့။ တပည့်တော်တို့လည်း သူဘာတွေဖြစ်လာခဲ့တယ်ဆိုတာလည်း မသိရဘူး၊ တစ်မြို့လုံးကလည်း စိတ်မကောင်းကြဘူး။ သူ့အမေဆိုတာကတော့ ပြောမနေပါနဲ့တော့။ အခုဆိုပျံလွန်တော်မူသွားတာ တစ်နှစ်ကျော်ပြီဆိုပါတော့’
‘အဲဒီဦးဇင်းလေးက သင်္ကန်းကို တကယ်ကောယူမိလို့လားဘုရား’
‘အဲဒါပြောမလို့ပဲ….. ပျံလွန်တော်မူပြီး သုံးလလောက်ကြာတော့ သူနဲ့တော်တော်ခင်တဲ့ သူ့ရဲ့သူငယ်ချင်း ဦးဇင်းတစ်ပါးရောက်လာတယ်။ ရောက်လာတဲ့....သူ့ သူငယ်ချင်း ဦးဇင်းဆီက စကားကြားရတော့မှ အားလုံးစိတ်မကောင်းဖြစ်ကြရတယ်။ သင်္ကန်းပျောက်တဲ့ဦးဇင်းလေးက သင်္ကန်းပျောက်သွားတာတော့ တကယ်ပျောက်သွားတာပဲ။ ဖြစ်ပုံက အဲဒီဦးဇင်းလေးက ဆွမ်းခံကြွနေတုန်း သူ့ရဲ့ ဦးလေးဘုန်းကြီးက တောကရောက်လာတယ်တဲ့။ မန္တလေးကို ပစ္စည်းလာဝယ်တာတဲ့၊ သေတ္တာပေါ်မှာ သရီးရိုင်ဖယ်သင်္ကန်းကို တွေ့သွားပြီး သဘောကျတာနဲ့ တူလည်းဖြစ်၊ တပည့်လည်းဖြစ်နေတာနဲ့ မပြောပဲ ယူသွားလိုက်တယ်။ ဘူတာကို ချက်ချင်းဆင်းရတာဆိုတော့ ယူသွားတဲ့အကြောင်း ဘယ်သူ့မှလည်း ပြောချိန်မရတော့ဘူး ထင်တယ်။ အဖြစ်မှန်ကို ဘယ်သူမှမသိကြတော့ ပြဿနာဖြစ်ကြတော့တာပဲ။
နောက် တပည့်တော် တပည့်ဦးဇင်းလေး ပျံလွန်တော်မူပြီး နှစ်လလောက်နေမှ သင်္ကန်းပျောက်တဲ့ ဦးဇင်းလေးက သူ့ရွာပြန်မှ ဦးလေးဘုန်းကြီးက သူသင်္ကန်းယူသွားတဲ့ အကြောင်းပြောပြတာတဲ့၊ အဖြစ်မှန်ကို သိရတဲ့အချိန်မှာ အားလုံးကလွန်ကုန်ပြီ။
တစ်ထွာလောက်ရှိတဲ့ လျှာတစ်ချောင်းဟာ သိပ်ကြောက်ဖို့ကောင်းတယ်။ ဘာမဟုတ်တဲ့ စကားတစ်ခွန်းဟာ အသက်တစ်ချောင်းအထိ ဆုံးရှုံးသွားရတယ်။
တပည့်တော် အသက် ရှစ်ဆယ်နီးနေပါပြီ။ တော်ရုံတန်ရုံကိစ္စကို အသက်အရွယ်အရ တရားနဲ့ ဖြေလို့ ရပါတယ်။ ဒီဦးဇင်းလေးကိစ္စကျတော့ ငယ်ငယ်လေးကတည်းက ကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ
ဆရာတော်က ဆက်တိုက်ပြောလိုက်ရလို့ ထင်သည်။ သည်မှာပင် စကားကို ရပ်ထားသည်။ စကားက သည်မှာတင် မဆုံးသင့်သေးပါ။ သည့်အတွက် သူကပဲ စကားစလိုက်ရသည်။
“ဆရာတော်ဘုရား။ ဘုရားတပည့်တော် အထင်တော့ ဦးဇင်းလေးအနေနဲ့  ဒီနည်းနဲ့ မဖြေရှင်းဘဲ တခြားနည်းတစ်ခုခုနဲ့  ဖြေရှင်းဖို့ ကောင်းတယ်ဘုရား။ ဖြေရှင်းနည်း မှားသွားတယ် ထင်တယ်ဘုရား။”
”အင်း...ဒါပေမယ့် ဦးဇင်းလေးရယ်...၀ဇီရဗုဒ္ဓိဋီကာမ
ယေဘုယျေန ဟိ သတ္တာနံ၊ ၀ိနာသေ ပစ္စုပဋ္ဌိတေ။
အနယောနယ ရူပေန၊ ဗုဒ္ဓိမာဂမ္မတိဌတိ။ တဲ့
အဓိပ္ပါယ်ကတော့ “သတ္တ၀ါတွေဟာ ပျက်စီးဖို့ အချိန်တန်လာရင် နည်းဆိုးနည်းမှားဟာ နည်းမှန်ဟန်ဆောင်ပြီး စိတ်မှာ ထင်လာတတ်တယ်” တဲ့။ တကယ်တော့...လူဟာ ပျက်စီးဖို့ အချိန်တန်လာရင် ဘာနဲ့ မှ ကာကွယ်လို့  မရတော့ပါဘူး။ ကဲ...ကဲ....ဦးဇင်းလေးလည်း တရားဟောရဦးမယ်။ ကြွတော့...ကြွတော့။”
“မှန်ပါဘုရား”
သူ ဆရာတော်ကိုလက်အုပ်ချီပြီး အရိုအသေပေးရင်း နားနေဆောင်သို့ပြန်ခဲ့သည်။ လှမ်းရသည့် ခြေလှမ်းတွေက သိပ်မသွက်ချင်၊ လေးတွဲ့ဖင့်နှေးနေသည်။ ဆရာတော်ကတော့ သူ့တပည့် ဦးဇင်းလေး လဲလျောင်းရာ အုတ်ဂူလေးနားမှာပဲ ရပ်ကျန်ခဲ့သည်။
တစ်ထွာလောက်ရှိသော လျှာတစ်ချောင်းကို သူတော်တော်ကြောက်သွားပါသည်။ ပြီးတော့မုန်းချင်စိတ်လည်း ပေါက်သွားပါသည်။
မြတ်စွာဘုရားလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ အရှင်သာရိပုတ္တရာလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဆရာတော်အရှင်ဇနကာဘိဝံသလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ မင်းကွန်းဆရာတော်ဘုရားကြီးလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ နပိုလီယန်လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဟစ်တလာလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ မာသာထရီဇာ လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဘင်လာဒင်လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။
ထိုလျှာတစ်ချောင်းသည် မကြာခင်ပြာဖြစ်ရဦးမည်။ ပြာမဖြစ်ခင်တော့ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုအနေနှင့် အကောင်းအဆိုးတွေဖန်တီးနေဦးမည်။ ထိုလျှာတစ်ချောင်းကြောင့်ပင် သူကျင်လည်ရာဝန်းကျင်တွင်ရှိသော သတ္တ၀ါတို့သည် အမြင့်သို့ လည်း ရောက်သွားနိုင်သည်။ အနိမ့်သို့ လည်း ရောက်သွားနိုင်သည်။ အမှောင်ထဲသို့လည်း ရောက်သွားနိုင်သည်။ အလင်းထဲသို့လည်း ရောက်သွားနိုင်သည်။ လျှာတစ်ချောင်းသည် အဖြူအမည်း ကို ကောင်းကောင်းဖန်တီးနိုင်ပါသည်။
လျှာတစ်ချောင်သည် ပြာဖြစ်သွားလျှင်ကော ဇာတ်သိမ်းသွားပြီဟု ဆိုနိုင်ပါမည်လား။
ဗုဒ္ဓဘာသာ၏ အဘိဓမ္မာသဘောတရားအရ ကံ, ကံ၏အကျိုးဆိုတာ ရှိသည်ပဲလေ။ ကံ, ကံ၏အကျိုးအရ အသက်ထင်ရှားရှိစဉ် ပြုမူပြောဆိုခဲ့သော အမူအရာတို့ သည် ကမ္မသတ္တိတစ်ခုအနေနှင့် ဟိုဘက်ဘ၀အထိ ပါသွားပါလိမ့်မည်။ ပြာဖြစ်သွားလျှင်တော့ ဘာမှ အယူခံခွင့်မရှိတော့။ သတ္တိအားလျော်စွာ သုဂတိ၊ ဒုဂ္ဂတိ တစ်ခုခုက အသင့်ကြိုနေပါလိမ့်မည်။
ပြာမဖြစ်ခင် လျှာတစ်ချောင်းကို အမှီပြုပြီး တမလွန်၏ သုဂတိ ဒုဂ္ဂတိကို ကောင်းကောင်းဖန်တီးနိုင်ခွင့် ရှိနေသေးသည်။ ပြာဖြစ်သွားလျှင်တော့ ဖန်တီးနိုင်ခွင့် ရွေးချယ်နိုင်ခွင့် မရှိတော့ပါ။
ဘာပဲပြောပြော ည(၇)နာရီ ထိုးလျှင်ပင် သူလျှာတစ်ချောင်းကို အသုံးပြုရပါဦးမည်။ သည်တော့လည်း သူ၏လျှာတစ်ချောင်းကို ကျေးဇူးတင်လိုက်ရပြန်ပါသည်။
ရဝေနွယ်-အင်းမ
မော်လမြိုင်ကျွန်းမြို့ နယ်
ပရိယတ္တိသာသနာနုဂ္ဂဟအသင်း
ရွှေရတုအထိမ်းအမှတ်မဂ္ဂဇင်း (၁၃၁၆-၁၃၆၆)
(“အမြဲစီးဆင်းနေသော မြစ်တစ်ဆင်း အကြောင်း” စာအုပ်မှ ကူးယူဖော်ပြပါသည်။)
,
Posted by
Burma Campaign Japan
|
0
comments
၁၆ရက်နေ့ က မေမြို့ (ပြင်ဦးလွင်မြို့ )တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့
၁၆ရက်နေ့ ညနေ၅နာရီခွဲ ဝန်းကျင်ခန့် က ပြင်ဦးလွင်မြို့ တွင် မမိုးသည်းထန်စွာရွာသွန်းခဲ့ပြီးလေပြင်းမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့်သစ်ပင်တော်တော်များများလည်း လဲပြိုခဲ့ပါတယ်။မိုးရွာသွန်းချိန်ဟာ ၁နာရီခွဲခန့် ကြာမြင့်ပြီး မိုးသည်းထန်စွာရွာသွန်းနေချိန်တွင်လေတိုက်နှုံးကလည်း တနာရီကို မိုင်၄၀ ခန့် ရှိကြောင်းနှင့် ယနေ့ မနက်ပိုင်းတွင်တော့ နေသာနေကြောင်း ပြင်ဦးလွင်မြို့ ခံလူတစ်ဦးထံမှ သတင်းရရှိပါသည်။
,
Posted by
Burma Campaign Japan
|
0
comments
ဖိုးလပြည့်ရဲ့ ၁၉ နှစ်မြောက်မွေးနေ့ ပွဲ အကြိုသတင်း
မေလ ၂၂ ရက်နေ့ တွင် ဖိုးလပြည့်၏ ၁၉ နှစ်မြောက် မွေးနေ့ ပွဲကို ရန်ကုန်မြို့ 
ကုန်းမြင့်သာတွင်ခြိမ့်ခြိမ့်သည်းကျင်းပမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
အဆိုပါမွေးနေ့ ပွဲတွင်Okkar Oo Thar Plus Three ဝိုင်းနှင့် ဖိုးလပြည့်ကိုယ်တိုင် သီချင်းသုံးပုဒ် သီဆိုမည်ဖြစ်ပြီး လူရှေ့ တွင် အရှက်မကွဲစေရန်အတွက် ကြိုတင် အသံသွင်းမှုပြုလုပ်ထားကြောင်း၊ရန်ကုန်တစ်မြို့ လုံး မီးဖြတ်ခံထားရသော်လည်း ဖိုးလပြည့် သီးချင်းလာတိုက်သည့်နေ့ ၊သီးချင်းလာသွင်းသည့်အချိန်တွင် ထိုရပ်ကွက်အား မီးပေးထားကြောင်းသိရပါသည်။ရွှေတောင်ကြားရှိ ဥက္ကာဦးသာ
၏နေအိမ်တွင်ပြုလုပ်ထားသောစတူဒီယိုတွင်အသံသွင်းခြင်း၊သီချင်းတိုက်ခြင်း
များပြုလုပ်နေကြခြင်းဖြစ်ပါတယ်။

မေလကုန်တွင် ဂျိုးဖြူရေ ပြတ်လပ်ဖွယ်ရှိကြောင်း
ရန်ကုန်မြို့ တွင် ယခုလက်ရှိပေးဝေနေသော ဂျိုးဖြူရေမှာ မေလကုန်တွင်ပြတ်လပ်ဖွယ်ရာရှိကြောင်းနှင့် ယခုလက်ရှိလည်း ညောင်နှစ်ပင်မှရေကိုပါ ခွဲဝေ၍ဖြန့် ဖြူးပေးနေရကြောင်း ရန်ကုန်မြို့ တော်စည်ပင်မှဝန်ထမ်းတစ်ဦးမှ ပြောကြားသွားပါသည်..
,
Posted by
Burma Campaign Japan
|
0
comments
လနှင့်သောကြာကြယ် နီးကပ်စွာတည်ရှိမှုကို မြန်မာနိုင်ငံမှ မြင်တွေ့ခဲ့ရ
မေလ ၁၆ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော လနှင့်သောကြာကြယ် နီးကပ်စွာတည်ရှိမှုကို အရှေ့တောင်အာရှနိုင်ငံအချို့နှ
"မေလ ၁၆ ရက်နေ့ ည ၆ နာရီခွဲလောက်မှာ တွေ့လိုက်ရတာပါ။ လနဲ့သောကြာကြယ်နီးကပ်နေတာကို မိနစ်အတော်ကြာကြာ မြင်တွေ့ခဲ့ရပါတယ်။ ဒါမျိုးမမြင်ဖူးတော့ အနီးနားမှာရှိတဲ့သူတွေတော်တော်
မြန်မာနိုင်ငံနည်းတူ အိန္ဒိယနိုင်ငံတွင်လည်း မြင်တွေ့ခဲ့ရကြောင်းသိရပြီး အိန္ဒိယစံတော်ချိန်ညနေ ၃ နာရီ ၃၀ မိနစ်မှ ညနေ ၅ နာရီကျော်အထိ မြင်တွေ့ခဲ့ရသည်ဟု သိရသည်။ ယင်းဖြစ်စဉ်သည် ကမ္ဘာနှင့် သောကြာဂြိုဟ်တို့ကြားသို့ လရောက်ရှိ သွားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ထို့အပြင် အိန္ဒိယနိုင်ငံအနေဖြင့် အလားတူဖြစ်စဉ်မျိုးကို ၂၀၀၇ခုနှစ် ဇွန်လ ၁၈ ရက်နေ့က မြင်တွေ့ခဲ့ရဖူးပြီး လာမည့် ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ထပ်မံမြင်တွေ့ရဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်းသိရသည်။
mail ထဲမှ သတင်းတစ်ပုဒ်အား ပြန်လည်မျှဝေပေးခြင်း
,
Posted by
Burma Campaign Japan
|
0
comments
ယနေ့ ရန်ကုန်မြို့ တွင် မိုးအနည်းငယ်ရွာသွန်းကြောင်း
ယနေ့ နံနက် ၁၀ နာရီ ဝန်းကျင်ခန့် က ရန်ကုန်မြို့ တွင် မိုးအနည်းငယ်ရွာသွန်းခဲ့ပြီး ရွာသွန်းချိန်မှာ သိပ်မကြာမြင့်ပေမယ့် သည်းသည်းမည်းမည်းရွာသွန်းပြီး မိုးပါခြိမ်းကြောင်း၊ရွာသွန်းပြီးချိန်တွင်မိုးအုံ့ နေပေမယ့် မိုးရွာသွန်းသည့်အတွက် အပူချိန်မှာလည်း သိသိသာသာ လျှော့ကျမသွားခဲ့ကြောင်း ရန်ကုန်မြို့ ရှိ မြို့ ခံလူများမှ သတင်းပေးပို့ ပါသည်။
,
Posted by
Burma Campaign Japan
|
2
comments
လိုအပ်ချက်၃ခု
လိုအပ်ချက် ၃ခု
တခါက အိမ်ရှင်မတဦးသည် အိမ်ရှေ့တွင် မုတ်ဆိတ်ဖြူနှင့်အဘိုးအိုသုံးဦးထိုင်နေသည်ကိုတွေ့လိုက်မိသည်။
ထိုအဘိုးအိုများကိုသူမသိပေ။"
အဘိုးတို့ကိုကျွန်မမသိဘူး။ဒါပေမဲ့အဘိုးတို့ဆာနေလောက်မယ်ထင်တယ်။
အိမ်ထဲဝင်ပြီး တခုခု သုံးဆောင်ပါဦးလား" ဟု သူမ လောကွတ်ပြုသည်။
"အိမ်ရှင်ယောက်ျားရှိနေလား" အဘိုးအိုက မေးသည်။
"မရှိဘူး...အပြင်သွားလိုက်တယ်"
"ဒါဆို အဘိုးတို့ အိမ်ထဲကို ၀င်လို့မရသေးဘူး"
ညနေ လင်ယောက်ျား ပြန်လာသောအခါ အိမ်ရှင်မက အကြောင်းစုံကို ပြောပြလိုက်သည်။
"ကိုယ်အိမ်ရောက်နေပြီပဲ...သူတို့ ကိုပြနိုသွားဖိတ်လိုက်ပါဦး"
အိမ်ရှင်မက အဘိုးအို သုံးဦးအား အိမ်ထဲဝင်ခဲ့ဖို့ ဖိတ်ခေါ်ပြန်သည်။
"အဘိုးတို့ သုံးယောက်စလုံး အိမ်တအိမ်ထဲကို ပြိုင်တူဝင်လို့ မရဘူး"
"ဘာဖြစ်လို့လဲ...အဘိုး" အိမ်ရှင်မက တအံတသြနှင့် မေးသည်။
"သူ့နာမည်က ဓနဥစ္စာတဲ့" အဘိုးအိုတဦးက အခြားတဦးကို ထိုးပြပြီးပြောသည်။ ဆက်၍
"သူကတော့ အောင်မြင်ခြင်း၊ အဘိုးက ချစ်ခြင်းမေတ္တာ၊ အိမ်ထဲကို ဘယ်သူအရင်
ဝင်ရမလဲဆိုတာ တူမလေးယောက်ျားနဲ့ အရင် သွားတိုင်ပင်ကြည့်လိုက်ဦး"
အိမ်ရှင်မမှာ အိမ်ထဲဝင်ပြီး လင်ယောက်ျားကို အကြောင်းစုံ ပြောပြပြန်သည်။
"အော်.. ဒီလိုကိုး... ဒါဆိုရင် ဓနဥစ္စာကို အရင်ဆုံးဖိတ်လိုက်ရအောင်"
"ဘာဖြစ်လို့ အောင်မြင်ခြင်းကို အရင်မဖိတ်တာလဲ" အိမ်ရှင်မက အတွန့်တက်သည်။
"ချစ်ခြင်းမေတ္တာကို အရင်ဆုံး ဖိတ်လိုက်ရင် မကောင်းဘူးလား"
ထောင့်တနေရာတွင် ထိုင်ပြီး သူတို့ပြောသော စကားကို နားထောင်နေသည့်ချွေးမဖြစ်သူက အကြံပြုသည်။
"အင်း....ကောင်းတယ်။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်" ချွေးမ၏ အကြံကို
သူတို့ထောက်ခံလိုက်ကြသည်။ "ချစ်ခြင်းမေတ္တာကို အရင်ဖိတ်ပါတယ်။ အိမ်ထဲကိုကြွပါ" အိမ်ရှင်မက

ဖိတ်ခေါ်လိုက်သည်။ ချစ်ခြင်းမေတ္တာဟုသော အဘိုးအိုကအိမ်ထဲဝင်သည်နှင့် ကျန်အဘိုးအို နှစ်ဦးက
လိုက်ဝင်လာသည်။
" သုံးယောက်လုံး ပြိုင်တူဝင်လို့ မရဘူးဆို ကျွန်မက သူ့ကိုပဲ
အရင်ဖိတ်လိုက်တာ။ အဘိုးတို့က ဘာလို့ လိုက်ဝင်လာရသလဲ"
"တကယ်လို့ တူမက ဥစ္စာဓန သို့မဟုတ် အောင်မြင်မူကို အရင်ဖိတ်ရင်
ကျန်တဲ့နှစ်ဦးက လိုက်ဝင်လို့မရဘူး။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်ဆိုရင်
သူဘယ်ကိုသွားသွား ကျန်တဲ့နှစ်ဦးက လိုက်ကိုလိုက်ရတယ်။ ဘယ်နေရာမှာဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာဆိုတာ ရှိရင် ဥစ္စာဓနနဲ့ အောင်မြင်မူ ဆိုတာလည်း ရှိမှာပဲ"
အဘိုးအို တဦးက ရှင်းပြသည်။

mail ထဲမှဆောင်းပါးတစ်ပုဒ်အား ပြန်လည်ဝေငှခြင်းပါ...
,
Posted by
Burma Campaign Japan
|
2
comments
“စစ်အာဏာရှင်အုပ်စု သုတ်သင်ရေးစစ်ပွဲစမယ်’’
“စစ်အာဏာရှင်အုပ်စု သုတ်သင်ရေးစစ်ပွဲစမယ်’’
မောင်ကျောင်းသား
* ငါတို့ကိုများ အကြမ်းဖက်သမားတဲ့
ထားလိုက်ပါတော့
ကျောင်းသားတွေဘ၀ကနေ သေနတ်ကိုင်လာကြတာ
ဒီလိုတွေ ဘာကြောင့်ဖြစ်လာခဲ့တာလဲ…..။
* ငါတို့ ကြမ်းတမ်းချင်ကြမ်းတမ်းလာလိမ့်မယ်
ရိုင်းစိုင်းချင်ရိုင်းစိုင်းလာလိမ့်မယ်
ငါတို့အစွန်းရောက်ချင်ရောက်မယ်
ဒါပေမယ့် ငါတို့ မဖောက်ပြန်ဘူး
ငါတို့ တော်လှန်ရေုးကို ကျောခိုင်းမသွားဘူး
ငါတို့ဟာ တော်လှန်ရေးကိုပြ လုပ်စားနေသူတွေမဟုတ်ဘူး
ငါတို့ဟာ ဗမာပြည်ပြည်သူတွေအတွက်
စစ်အာဏာရှင်စနစ်ကျဆုံးရေး ကြွေးကြော်သံနဲ့
နာနာကျည်းကျည်း
ထိထိရောက်ရောက်
ပြတ်ပြတ်သားသား တိုက်ပွဲဝင်နေသူတွေပဲ ဖြစ်တယ်…..။
* စစ်အာဏာရှင်တွေက ရန်ငါစည်းပြတ်တယ်
ရဟန်း…ကျောင်းသား…မိန်းမ…ကလေး
လူပုဂ္ဂိုလ်မရွေး
ကြမ်းဖို့
ဖမ်းဖို့
သတ်ဖို့ဝန်မလေးဘူး
အချိန်မရွေုးဘူး…နေရာမရွေးဘူး…
ငါတို့ပြည်သူတွေ နှစ်ပေါင်းများစွာ အကြမ်းဖက်ခံလာရပြီးသား
ဗမာပြည်ကြီးက ပြည်တွင်းစစ်ဖြစ်နေတာပါ….
ထပ်ပြောမယ်…ဗမာပြည်က ပြည်တွင်းစစ်ဖြစ်နေတာ…။
* ငါတို့ပြည်သူတွေ
ထမင်းဝအောင်မစားနိုင်ကြဘူး
ကလေးတွေကျောင်းမထားနိုင်ဘူး
ဆေးကုဖို့ပိုက်ဆံမရှိဘူး
လိုင်းကားမလုံလောက်ဘူး
လျှပ်စစ်မီးမရဘူး
သောက်စရာရေတောင် ရှားပါးလာပြီ…
သံလမ်းကြေး…မီးကင်းကြေး ဘာကြေးညာကြေးတွေလဲများ
လုပ်အားပေးဆိုပြီးခေါ်မှာလဲကြောက်ရ
ပေါ်တာဆွဲမှာလဲကြောက်ရ
ကလေးတွေ စစ်သားစုဆောင်းခံရမှာလဲကြောက်ရ
စစ်တပ်က မတရားဖမ်းဆီးရင်လဲခံရ
မုဒိန်းကျင့်ရင်လဲခံရ
ဓါးပြတိုက်သလို လုယက်တာမှန်သမျှလဲခံရ
ပြည်သူတွေဘ၀က
မြေဇာပင် မဖြစ်ခင်ထဲက ဖွတ်ဖွတ်ညက်ညက်ကြေနေပါပြီ……..။
* ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုရင်း
ရက်ရက်စက်စက်ပစ်သတ်ခံ ကျဆုံးခဲ့ရသူတွေရဲ့ဝိဥာဉ်တွေ……
စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေထဲက
ညှင်းပန်းနှိပ်စက်မှုမျိုးစုံကြောင့် ကျဆုံးခဲ့ရသူတွေရဲ့ဝိဥာဉ်တွေ……..
တောတောင်တွေထဲမှာ ဒုက္ခမျိုးစုံခံရင်း
ပင်ပန်းဆင်းရဲမှုများစွာနဲ့ သေဆုံး ၊ ကျဆုံးခဲ့ရသူတွေရဲ့ ၀ိဥာဉ်တွေ……
မိသားစုတွေနဲ့ သေကွဲ ရှင်ကွဲ လမ်းခွဲခဲ့ရတဲ့ဘ၀တွေ………
မျက်ရည်တွေ……..
ငြီးတွားသံတွေ……….
ကြိမ်းဝါးသံတွေ……….
အရာအားလုံးက ငါတို့ပြုပြင်ပြောင်းလဲဖို့
နည်းလမ်းစုံသုံးတိုက်ပွဲဝင်ဖို့ တောင်းဆိုနေကြတယ်…။
* စစ်ရေးအရ တန်းတူဖြစ်အောင်မလုပ်နိုင်ရင်
တွေ့ဆုံဆွေးနွေးရေးဆိုတာတောင် ဖြစ်လာမှာမဟုတ်ဘူး
အနိဋ္ဌာရုံတွေကွယ်ပျောက်ဖို့
စစ်ကိုစစ်နဲ့ပဲအဆုံးသတ်နိုင်မယ်
စစ်ပွဲရှိရင် ဘေးထွက်ဆိုးကျိုးရှိမယ်
သေနတ်ပစ်တမ်း…
လိုက်တမ်းပုန်းတမ်း ကစားနေကြတာမဟုတ်ဘူး…
အပြစ်ရှိတဲ့ ပြည်သူယောင်ဆောင်နေသူတွေရော
အပြစ်မဲ့ ပြည်သူတွေရော
အနည်းနဲ့အများတော့ ထိခိုက်မှာပဲ
စစ်ပွဲကြာလေ တိုင်းပြည်နtာလေပဲ
အကြောက်တရားတွေနဲ့ စစ်ကျွန်ဘ၀မှာနေမလား
ရရာလက်နက်ကိုင်စွဲ အဆုံးသတ်စစ်ပွဲဆင်နွှဲမလား
(ခေတ်သမိုင်းကိုက တောင်းဆိုနေပြီ)
ပြတ်သားတဲ့သူတွေ့ ငါတို့လက်တွဲမယ်
သွေးကြောင်ရင် (ရိုးရိုးသားသား) ဘေးရှောင်နေလိုက်
မဝေဖန်နဲ့
ရန်သူ့အကြိုက်လိုက်မပြောနဲ့
မဟာမိတ်မူမဖျက်နဲ့
ငါတို့အတွက် စစ်အာဏာရှင်တွေနဲ့ ဒေါက်တိုင်သုတ်သင်ရေးစစ်ပွဲ
နေရာတိုင်းမှာရှိမယ်………..။