,
|

အနီးဆုံးမျဉ်းပြိုင်

အနီးဆုံးမျဉ်းပြိုင်

တွေးတွေးမတွေးတွေး
ငါ့အတွေးမှာ
မင်းပုံရိပ်တွေ ၀င်ရောက်လာတယ်

စိုးမိုးနိုင်လွန်းတဲ့မင်း
ငါ့ဝေဒနာဟာ ကမ္ဘာကြီးနဲ့ယှဉ်ရင် ပြားပြားလေးပါ

ရာဇ၀င်တွင်စေမဲ့ အချစ်မျိုးလိုချင်တာလား
ဖြူစင်တဲ့အချစ်မျိုးနဲ့ ပေးဆပ်နေတာပါ

မင်းပြောတဲ့ အနီးဆုံးမျဉ်းပြိုင်လား
မင်းဒီအတိုင်းဆက်သွားပါ
ငါလမ်းကြောင်းပြောင်းလိုက်ပါ့မယ်
novemberpearl

0 comments:

Post a Comment