,
|

မလေးရှား UNHCR မှ မြန်မာလူမျိုးများအား ခွဲခြားဆက်ဆံနေမှုအပေါ် ဗြိတိန်အခြေစိုက် Burma Democratic Concern (BDC) မှ ကန့်ကွက် ရှုတ်ချကြောင်း ကြေငြာ

ဗြိတိန်အခြေစိုက် Burma Democratic Concern (BDC) မှ မလေးရှားနိုင်ငံရှိ UNHCR ရုံးကို လူ့အခွင့်အ ရေးကို လေးစားလိုက်နာရန် နှင့် မြန်မာနိုင်ငံမှ ခိုလှုံခွင့်ရရန်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအပေါ် ခွဲ ခြားဆက် ဆံနေမှုများမလုပ်ရန်တောင်းဆိုသော ကြေငြာချက်ကို မေလ ၅ ရက်နေ့ ၂၀၁၀ နေ့စွဲဖြင့်ထုတ် ပြန်ခဲ့သည်။

ကြေငြာချက်တွင် မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသား များဖြင့် ဖွဲ့စည်းထားသည်။ မြန်မာဒုက္ခသည်များမှာ စစ်အာဏာရှင်များ၏ ဖိနှိပ်မှုကြောင့်သာ ထွက်ပြေးလာခဲ့ ရခြင်းဖြစ်ပြီး သူတို့သည် ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသူများဖြစ်ကြ သည်။ စစ်အာဏာရှင်များသည် လူမျိုးမရွေး၊ ဘာသာမရွေး ဆန့်ကျင်လာနိုင်မည့်သူများအပါအ၀င် အပြစ်မဲ့ ပြည်သူများကိုပါ အင်အားသုံး ဖိနှိပ်ညှင်းပမ်းနေသည်ဟု ဖော်ပြထားသည်။

မလေးရှားနိုင်ငံသည် ၁၉၅၁ ဒုက္ခသည်များဆိုင်ရာစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းမရှိသောနိုင်ငံဖြစ်၍ ဒုက္ခ သည်များမှာ ထိန်းသိမ်းခံရခြင်းနှင့်နေရပ်ပြန်ပို့ခြင်းများကို ကြုံနေရသည်။

ဘီဒီစီ (BDC) အနေနှင့် UNHCR အဖွဲ့ကြီး၏ ဒုက္ခသည်များအရေးနှင့်ပတ်သတ်၍ မနားမနေကြိုးပမ်းဆောင်ရွက် နေမှုအပေါ် လေးစားမိကြောင်း၊ ဒါပေမယ့် မလေးရှားနိုင်ငံရှိ UNHCR အရာရှိတစ်စု၏ ဗမာလူမျိုးများမှာ လူများ စုဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေဖြစ်လို့ စစ်အာဏာရှင်များက မနှိပ်ကွပ်ဖူးဟု နားလည်မှုလွဲနေကြောင်းဖော်ပြထား သည်။

အကျိုးအကြောင်းဆီလျှော်မှုမရှိသော ထင်မြင်ချက်များဖြင့် မလေးရှားနိုင်ငံ UNHCR မှ အရာရှိတစ်ချို့၏ မြန်မာဒုက္ခ သည်များအပေါ် ခွဲခြားဆက်ဆံနေခြင်းမှာ လုံးဝမှားယွင်းပါသည်။

“ မလေးရှားနိုင်ငံရှိ UNHCR အရာရှိတစ်ချို့ မြန်မာနိုင်ငံသားဒုက္ခသည်များအပေါ် အထင်အမြင်မှားမှုကို သိရ၍ ကျနော့်အနေနဲ့ အလွန်ပင်အံ့အားသင့်ရပါတယ်။ ဒီဒုက္ခသည်ဖြစ်ထိုက်သူများဟာ ရက်စက်ကြမ်းကြုတ်သော အာဏာရှင်လက်အောက်မှာ မတရားမှုကို ခံစားခဲ့ရပါတယ်။ UNHCR လို ကမ္ဘာ့ဂုဏ်သိက္ခာအရှိဆုံးအဖွဲ့ကြီး၏ မတရားခွဲခြားဆက်ဆံမှုကို မခံစားထိုက်တော့ပါဘူး။ UNHCR အကြီးအကဲ အန်တိုနီယိုဂူတား ( Anto’nio Guterres ) အနေနဲ့ UNHCR ၏ ဂုဏ်သတင်းမထိခိုက်သွားအောင် ဒီကိစ္စကို အပူတပြင်းအရေးယူဆောင်ရွက် သင့်ပါတယ်။ ” ဟု Burma Democratic Concern (BDC) မှ ဒါရိုက်တာ ဦးမျိုးသိန်း မှ ပြောပါသည်။

Burma Democratic Concern (BDC) သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး နှင့် စစ်မှန်သော တရားဥပဒေ ပေါ်ထွန်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော အဖွဲ့တစ်ခုဖြစ်သည်။ ဘီဒီစီ အဖွဲ့ဝင်များသည် ဒီမိုကရေစီ ရေး လူ့အခွင့်အရေး နှင့် ကျောင်းသား အခွင့်အရေးအတွက် လှုပ်ရှားနေသူများဖြစ်သည်။

http://www.bdcburma.org/NewsDetails.asp?id=624

ဘာသာပြန်ဆိုသူ။ အလင်းဆက်
၅ မေလ ၂၀၁၀

0 comments:

Post a Comment