,
|

နာအာဖာနှင့်အင်တာဗျူး

မေး နာအာဖာ
ရဲ့ အရှည်ကောက် အဓိပ္ပါယ် ကို သိပါရစေ။
ဖြေ နွားအဖွဲ
့ပါ။ အခု အမည်ပြောင်းဖို့ စဉ်းစားနေပါတယ်။
မေး ဘာကြောင့်ပါလဲ။
ဖြေ နွားတွေက
သူတို့ နဲ့  နှိုင်းလို့ နစ်နာတယ် ဆိုပြီး ကန့်ကွက်ထားလို့ ပါ။
မေး ဘာ
နာမည်ပြောင်းဖို့ စဉ်းစားနေပါသလဲ။
ဖြေ ဘယ်တော့မှ
မစဉ်းစားပါဘူး။ အမိန့် စောင့်နေတာပါ။ အမိန့် ရရင် အကုန်လုပ်ပါတယ်။ ဘုန်းကြီးတွေ ရိုက်ဆို ရိုက်ပါတယ်။ လူတွေကို
သတ် ဆိုရင် သတ်ပါတယ်။ အဆင့်လိုက် အမိန့်စောင့် လိုက်နာဆောင်ရွက်ရပါတယ်။ ဘိုရှုပ်ရူးကြီး ကအစ ဂျိုင်ဂျိုင့် အမိန့်ကို
လိုက်နာရပါတယ်။ အမိန့်အရ အမည်သစ်က ပတအဖ ဖြစ်ဖို့ များပါတယ်။
မေး အဓိပ္ပါယ်က
ဖြေ ပိ(
တ်) တာအဖွဲ့ ပါ။
မေး ဘာကြောင်
့ဒီနာမည်ကို ရွေးပါသလဲ။
ဖြေ အာဏာ
စရကတည်းက အားလုံး ပိတ်ပင်နိုင်ဖို့  ကြိုးစားခဲ့ရပါတယ်။ နိုင်ငံရေးသမားတွေ၊ ကျောင်းသားတွေ၊ ဘုန်းကြီးတွေ၊ ပြည်သူတွေ
အားလုံးကို အဖက်ဖက်က ပိတ်ပင် တားဆီးပါတယ်။ ကားတင်သွင်းတာကို ပိတ်ပင် တားဆီးပါတယ်။ တယ်လီဖုန်းတွေကို ပိတ်ပင်
တားဆီးပါတယ်။ အင်တာနက်ကို ပိတ်ပင် တားဆီးပါတယ်။ စာအုပ်ထုတ်ဝေတာကို ပိတ်ပင် တားဆီးပါတယ်။
ဆောင်းပါးတွေ၊ ကဗျာတွေကို ပိတ်ပင် တားဆီးပါတယ်။ လမ်းတွေကို ပိတ်ပင် တားဆီးပါတယ်။
ရုပ်ရှင်တွေကို ပိတ်ပင် တားဆီးပါတယ်။ အငြိမ့် ဇာတ်သဘင်တွေကို ပိတ်ပင် တားဆီးပါတယ်။
တရားပွဲတွေကို ပိတ်ပင် တားဆီးပါတယ်။ ဘုန်းကြီးဆွမ်းကပ်တာကို ပိတ်ပင် တားဆီးပါတယ်။
ထောင်ဝင်စာကို ပိတ်ပင် တားဆီးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးသားပြောဆိုတာတွေကို ပိတ်ပင် တားဆီးပါတယ်။
ဒီလို အဖက်ဖက်က ပိတ်ပင် တားဆီးတာတွေကို နေ့မအားညမနား ကြိုးစား ညစ်ပတ်ခဲ့ရတာပါ။ ဒါကြောင့် ပိ(တ်) တာကြီးများအဖွဲ့  လို့
အမည်ပြောင်းမှာပါ။ ဒါဆိုရင် ဘယ် သတ္တ၀ါကမှ သူတို့နဲ့ နှိုင်းလို့ နစ်နာတယ် ဆိုပြီး ကန့်ကွက်စရာ မရှိတော့ဘူး။
မေး နာအာဖာ
ရဲ့ နိုင်ငံတော်နဲ့ ပြည်သူအပေါ်ထားရှိတဲ့ မူဝါဒ သဘောထားရှိရင် သိပါရစေ။
ဖြေ နိုင်ငံတော်ကို
စစ်တပ်က တောင်ကုန်းတကုန်းကို တက်သိမ်းထားသလို သဘောထားပါတယ်။ တနိုင်ငံလုံးကို ကျူပင်ခုတ် ကျူငုတ်
မကျန်အောင် ရှင်းထုပ် ရောင်းစားပစ်ရမှာပါ။သစ်ပင်တွေ မြစ်တွေ၊ မြေတွေ အားလုံး ပြုတ်သုန်းတဲ့အထိ ရောင်းစားဖို့  အစီအစဉ် ရှိပါတယ်။
မေး ပြည်သူတွေကို
ရော၊
ဖြေ ပြည်သူတွေအားလုံးက
ရန်သူတွေပါ။ သူတို့ အားလုံး ဖြည်းဖြည်းခြင်း သတ်ဖြတ်သွားဖို့ လမ်းညွန်ချက် ရှိပါတယ်။
pmrsufESm - 2 rlydkif - ,ae@jrefrm
မေး ဘယ်လိုပုံစံနဲ
့သတ်ဖြတ်မှာပါလဲ။
ဖြေ တချို
့ကို တုတ်နဲ့ ရိုက်၊ တချို့ ကိုသေနတ်နဲ့ ပစ်၊ တချို့ကို ဖမ်းဆီးပြီး သေတဲ့အထိ နှိပ်စက်၊ အများစုကတော့ အလုပ်အကိုင်မရှိ
စားမရာမရှိ လို့ ငတ်ပြီး သေရမှာပါ။ ဒီအတွက် ဆေးရုံရောက်လာတဲ့ လူနာတွေကိုတော့ ရနိင်သမျှ ပိုတ်ဆံတောင်းပြီးမှ သေခွင့် ပေးမှာပါ။
ကြံ့ဖွတ်တွေနဲ့  စွမ်းအားရှင်တွေကတော့ ထူးခြား ဆန်းကြယ်တဲ့ သေနည်းတွေနဲ့  အသေဆိုး သေရပါလိမ့်မယ်။ မသေခင်မှာလဲ
ရဟန်းပြည်သူတွေရဲ့ သောကအပူတွေ လောင်မြိုက်တာကို ခံရပါလိမ့်မယ်။
မေး တနိုင်ငံလုံး
ပျက်သုန်းပြီးရင် ဘာ အစီအစဉ် ရှိပါသလဲ။
ဖြေ ငွေကြေးတတ်နိုင်သူတွေကတော့
တခြားနိုင်ငံတွေမှာ အခြေချ ကြဖို့ စီစဉ်ပြီးသားပါ။ ဘိုယုတ်ကြီးတွေကတော့ အခု ကြတ်ပြေး
နေပြည်တော်မှာ မြေကျင်းတွေ တူးနေပါတယ်။ အ၀ီဇိထက် နက်ပါလိမ့်မယ်။ ငရဲမင်းက ငရဲကြီးရှစ်ထပ်အောက်ဆုံးထပ်မှာတောင်
ဘိုယုတ်ကြီးတွေကို လက်မခံနိင်ဘူးလို့ အကြောင်းပြန်ပြီးသား ပါ။ သူတို့က ပြီးပြီးခြင်း အောက်ဆင်းဖို့ စီစဉ်နေပါတယ်။ အနက်ဆုံး
ငရဲပြည်သစ်မှာ ဘိုယုတ်ကြီးတွေ အာဏာသိမ်းလို့ မရအောင် ငရဲသားတွေကိုလည်း အင်အားဖြည့်တင်းထားပါတယ်။ သူတို့ နဲ့ ထိုက်တန်တဲ့
အပြင်းထန်ဆုံး ငရဲခန်းတွေကိုလည်း ပြင်ဆင်ပြီးသားပါ။
မေး နအဖ
ရဲ့ နိုင်ငံတော် တာဝန်ယူစဉ် အတွင်း ထူးခြားတဲ့ အောင်မြင်မှုတွေရှိရင် သိပါရစေ။
ဖြေ ဟုတ်ကဲ့။
ကားဈေးနှုန်း၊ တယ်လီဖုန်းဈေးနှုန်းတွေကို ဘယ်နိုင်ငံမှ ယှဉ်မရအောင် အမြင့်ဆုံး မြှင့်တင်နိုင်ခဲ့ပါတယ်။ လျှပ်စစ်မီးဆိုရင်
ညဘက် တနိုင်ငံလုံး မမြင်ရအောင် ဖြတ်တောက်နိုင်ခဲ့ပါပြီ။ ပြည်တွင်းကုန်ဈေးနှုန်းဆိုရင် အမေရိကန်၊ ဂျပန်၊ စင်ကာပူ စတ့နဲိုင်ငံတွေထက်
ပိုမြင့်အောင် ကြိုးစား အားထုတ်ခဲ့ရပါတယ်။ ပြီးတော့ နိုင်ငံတွင်း သူတောင်းစားနဲ့  ပြည့်တန်ဆာ ဦးရေ ကို ဘယ်ခေတ် ဘယ်အခါကနဲ့မှ
မတူအောင် မြှင့်တင်နိုင်ခဲ့ပါတယ်။
ပြည်တွင်း ပြည့်တန်ဆာဦးရေ ဆိုရင် ပိုလျှံလို့ နိုင်ငံခြားအထိ တင်ပို့ ရပါတယ်။ အခုဆိုရင် တပ်တွင်းပြည့်တန်ဆာ၊ တပ်တွင်းသူတောင်းစား
တွေတောင် ရှိနေပါပြီ။ သူတောင်းစားတွေကိုတော့ ပြည်ပတင်ပို့ရာမှာ အခက်အခဲ ရှိတဲ့အတွက် ပြည်တွင်းမှာ တိုးပွားစေပြီး သူတို့ကို
အမြတ်ခွန်ကောက်ဖို့ လမ်းညွှန်ထားပြီးသား ပါ။ သူတောင်းစားတွေ ငွေတောင်းရာမှာ တိုးတက်ကောက်ခံနိုင်ဖို့  သူတို့ကို ထိရောက်တဲ့
မွမ်းမံသင်တန်းတွေပေးဖို့ လိုအပ်ပါတယ်။ ဒါလည်း စီစဉ်ပြီးသားပါ။
မေး သူတောင်းစား
မွမ်းမံသင်တန်းအကြောင်း သိပါရစေ။
ဖြေ သူတောင်းစားတွေကို
ငွေကြေးအမြောက်အမြားတောင်းရာမှာ ကျွမ်းကျင်တဲ့ ဘိုယုတ်ခြီးတွေက အထူးမွမ်းမံသင်တန်း ပေးပါလိမ့်မယ်။
မေး ရရှိလာတဲ့အမြတ်ခွန်တွေကို
ဘယ်နေရာမှာ သုံးပါမလဲ။
ဖြေ မတော်တော့တဲ့တပ်အတွက်
ရုရှားနဲ့တရုပ်ကနေ စွန့်ပစ်လက်နက်အဟောင်းအစုတ်တွေ ၀ယ်မှာပါ။
မေး ဘာဖြစ်လို
့ လက်နက်အကောင်းတွေမ၀ယ်ပဲ စွန့်ပစ်လက်နက်အဟောင်းအစုတ်တွေ ၀ယ်တာပါလဲ။
ဖြေ လက်နက်အကောင်းတွေဝယ်ရင်
ဘိုယုတ်ခြီးတွေ ကော်မရှင်ရတာ အလွန်နည်းလို့ ပါ။ ပြီးတော့ လက်နက်မဲ့ပြည်သူတွေကို
ချေမှုန်းသတ်ဖြတ်ရာမှာ လက်နက်အကောင်းတွေ မလိုဘူး။ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေကို ၀ါးရင်းတုတ်တွေပေးရင် ရပြီလို့ အထက်က
ညွှန်ကြားချက် ရှိပါတယ်။ ဒါဟာလည်း အထက် အခြီးအခဲတွေရဲ့ အမြော်အမြင်ကြီးမှုပါ ပဲ။

0 comments:

Post a Comment