,
|

သံဃာ့မေတ္တာ မိစ္စာမျိုးဆက်

အာဏာမက်ခါ

ကိုယ်ကျိုးရှာ၍

လွန်စွာရက်စက်

ဆိုးသွမ်းချက်ကြောင့်

တိုင်းပျက်ပြည်ကြွေ

အခက်ပွေသည်


ရွှေမြေမြန်တိုင်း

ကြမ္မာရိုင်းကာ

မုန်းတိုင်းကြီးလည်း ကျခဲ့ပြီ။

တိုင်းပြည်ဆင်းရဲ


ဒကာမွဲသည့်


ကြပ်တည်းဘဝ


လွတ်မြောက်ရအောင်


ရွှေဝါရောင်ဟု


ကံဆောင်ဆန္ဒ


ထုတ်ဖော်ပြသည်


သံဃာမေတ္တာ


ဂရုဏာကို


ရင်မှာလေးစား


ဦးထိပ်ထားလော့


၂နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေးကြီးအတွက် ဂုဏ်ပြုရေးဖွဲ့ပါသည်။...။


ကိုစိုး(နာဂါစကီ)


ပေးပို့လာသူ ကိုစိုး(နာဂါစကီ)အား ကျေးဇူးတင်ပါသည်။

0 comments:

Post a Comment