,
|

တစ်မျိုးပြီး တစ်မျိုး ရိုးမသွားနိုင်တဲ့ စစ်အုပ်စုရဲ့ နိုင်ငံရေးမျက်လှည့်

Type your summary here.
17/09/2009
ဧရာဝတီသတင်းဌာမှ----ဘာသာပြန်ဆိုဖေါ်ပြခြင်း

မြန်မာပြည်မှာ ရွှေဝါရောင်တော်လှန်ရေးလို့ လူသိများတဲ့ 2007 ခုနှစ် စစ်တင်ဘာ သံဃာ့တော်လှန်ရေးကြီး ပေါ်ပေါက်ခဲ့ပြီး ယခုလို နှစ်နှစ်ပြည့် နှစ်ပတ်လည်နားနီးလာချိန်မှာ မြန်မာပြည်တစ်ဝှန်းလုံးမှာရှိကြတဲ့ ဘုန်းကြီးကျောင်းတွေအနီးနားမှာ လုံခြုံရေး တင်းကြပ်စွာချထားတာတွေ သံဃာတော်များကို အနီးကပ်စောင်ကြည့်နေတာတွေ စစ်အစိုးရချုပ်ကိုင်တဲ့ မီဒီယာတွေကနေတဆင့် နည်းမျိုးစုံဝါဒဖြန့် ရေးသားထုတ်လွှင့်နေတာမျိုးတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပါတယ်။

တစ်ချိန်တည်းမှာပဲ ဘာသာရေးအရ တူသူ ၊ မတူ ကွဲပြားသူတွေများကြား အချင်းချင်း စည်းလုံးညီညွတ်မှုပျက်ပြားအောင်၊ အဓိကရုဏ်းပုံစံမျိုး ပေါက်ပေါက်လာအောင် ရည်ရွယ်ပြီး ပြည်သူတွေအချင်းချင်းအကြားမှာ နားလည်မှုလွဲမှာအောင် အတွေးအမြင်တွေရှုပ်ထွေးအောင် လုပ်ဆောင်ဖန်တီးနေတာမျိုးတွေကိုလည်း ကြားသိတွေ့မြင်နေကြရပါတယ်။ ဥပမာအားဖြင့် များမကြာသေးမှီ ကာလများအတွင်းကပဲ ရန်ကုန်နဲ့ အခြားမြို့ကြီးများမှာ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာတို့အကြား မတူကွဲပြားတဲ့အယူဝါဒများကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တစ်ခုအဖြစ်ပုံဖော်ပြီး ပုံနှိပ်ထားတဲ့ စာရွက်စာတမ်းများကို ပြည်သူတွေအကြား သတိပေးတဲ့ပုံစံအနေနဲ့ ဖြန့်ဝေခဲ့ကြတယ်လို့သိရပါတယ်။
၎င်းပုံနှိပ်စာတွေအထဲမှာပဲ ဗုဒ္ဓစာပေတွေကို ရေးသားတဲ့နေရာမှာ ထင်ရှားကြတဲ့ ဆရာ ပါရဂူ ၊ ဆရာအေးမောင်၊ ချစ်နိုင်၊ အရှင်သောမဗုဒ္ဓိ၊ ယခင်ရုပ်ရှင်မင်းသားဟောင်း ကျော်ဟိန်း တို့လိုပုဂ္ဂိုလ်တွေကိုလည်း ဗုဒ္ဓဘာသာဝင်အချင်းချင်းအကြား အမြင်သဘောထားတွေ ရှုပ်ထွေးအောင် သွေးထိုးလှုံ့ဆော်ပေးနေကြသူများအဖြစ် စွပ်စွဲထားတာတွေကို တွေ့ရပါတယ်။
အဆိုပါ ပုံနှိပ်စာရွက်များရဲ့ အဓိက ပြစ်မှတ်တစ်ခုအနေနဲ့ကတော့ ယခင်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ အရှင်ဉာဏအကြောင်းတွေကို ဖော်ပြထားတာပဲဖြစ်ပါတယ်။ အရှင်ဉာဏဟာ ထေရ၀ါဒဗုဒ္ဓဘာသာမှ ဆန့်ကျင်ဖက်ဖြစ်တဲ့ အတွေးခေါ်တွေကို ရှုမြင်ကြံဆသူအဖြစ် လူသိများပါတယ်။ သူဟာ 1980 ခုနှစ်ကတည်းကစပြီး သူအဆို ပစ္စုပ္ပန္န မျက်မှောက်ဝါဒကို ထောက်ခံပြောဆိုလာခဲ့သူဖြစ်ပါတယ်။ မြန်မာပြည်မှာ အခြားသံဃာတော်နဲ့မတူပဲ တမူထူးခြားစေတဲ့ အသွင်တစ်ခုကတော့ မိုးပြာရောင်လို့ခေါ်တဲ့ အပြာရောင်သင်္ကန်းကို ၀တ်ရုံလေ့ရှိတာပဲဖြစ်ပါတယ်။
အရှင်ဉာဏဟာ 1983 ခုနှစ်မှာတစ်ကြိမ် ဗုဒ္ဓဘာသာကို အများအကြည်ညိုပျက်အောင် လုပ်ဆောင်မှုဆိုတဲ့ စွပ်စွဲချက်နှင့် ပထမအကြိမ်အဖြစ် ထောင်ဒဏ် သုံးနှစ်ပြစ်ဒဏ်စီရင်ချမှတ်ခံခဲရပြီးတော့ ဒုတိယအကြိမ်အဖြစ် 1991 ခုနှစ်မှာ နောက်ထပ်တစ်ကြိမ် ထောင်ဒဏ် ဆယ်နှစ်ကျခံခဲ့ရဖူးသူလည်းဖြစ်ပါတယ်။ 1998 ခုနှစ်မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်က လွတ်မြောက်လာခဲ့ပါတယ်။
ယခုလို စာရွက်စာတန်းဖြန့်ဝေမှုကိစ္စနှင့်ပတ်သက်ပြီး ဒီကိစ္စရဲ့နောက်ကွယ်မှာ စစ်တပ်လုံခြုံရေး နှင့် စစ်ထောက်လှန်းရေးကသော်လည်းကောင်း ဒါမှမဟုတ် စစ်အစိုးရက ကျောထောက် နောက်ခံပေးထားတဲ့ ကြံဖွတ်တို့လို စွမ်းအားရှင်တို့လို အဖွဲ့စည်းမျိုးကသော်လည်းကောင်း ရဟန်းသံဃာတော်တွေအချင်းချင်း မညီညီညွတ်အောင် စိတ်ဝမ်းကွဲအောင် တမင်ရည်ရွယ်ပြီး လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ အများပြည်သူတွေက ယုံကြည်ထားကြကြောင်းကို ရန်ကုန်ရှိ ဂျာနယ်လစ် လောကသားတွေက ပြောဆိုနေကြပါတယ်။




ကိုဝဏ္ဏရေ..ဆက်ဖတ်မယ်နော်...


Type the rest of your post here.
ဆက်ဖတ်ရန်

0 comments:

Post a Comment