,
|

တရုတ်နဲ့ အမေရိကန် နိုင်ငံရေးကစားကွက်ထဲက စစ်အစိုးရ

အမေရိကန်က မြန်မာနိုင်ငံဆိုင်ရာမူဝါဒပြောင်းလဲရေး ပြန်လည်သုံးသပ်နေချိန်၊ တရုတ်နိုင်ငံကလည်း မြန်မာ-တရုတ် နယ်စပ်မတည်မငြိမ်ပြန်ဖြစ်မှာ စိုးရိမ်နေတဲ့အချိန်၊ ပြည်တွင်းမှာနိုင်ငံရေးလှုပ်ရှားမှု အင်အားစုများက ရွှေဝါရောင် တော်လှန်ရေးနှစ်ပတ်လည်အတွက် အရှိန်မြှင့်လုပ်ဆောင်နေချိန်စတဲ့ ပြည်တွင်းနိုင်ငံရေးရေချိန်မြင့်မားနေချိန်မှာ စစ်အစိုးရ ကတော့ လှပတဲ့နိုင်ငံရေး ကစားကွက်တစ်ခု လုပ်ပြလိုက်ပါတယ်။

အဲဒီလုပ်ကွက်ကတော့ စစ်အစိုးရအာဏာသိမ်းနှစ်ပတ်လည် ၁၈ ရက်နေ့မှာ အကျဉ်းသား(၇၀၀၀)ကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး နောက်တစ်ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အယူခံကို ပယ်မယ့်သဘော ဥပဒေကြောင်းအရ လုပ်ဆောင်ချက်တွေဖော်ပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သတင်းနဲ့အတူ ဆောင်းပါးရှင် အောင်ရှင်းက ကြားလေသွေးလည်းမဝေးတော့ပါ ခေါင်းစဉ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ဘာဖြစ်လို့လုပ်ရတယ်ဆိုတာ ကိုးကန့်ဖြစ်စဉ်ကို ကိုးကားပြီးအစိုးရရဲ့ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ထူးခြားတာက အခြားတိုင်းရင်းသားအဖွဲ့တွေလည်း စစ်အစိုးရအလိုကျ အသွင်ပြောင်းတာကို လက်ခံနေပြီကို ဖော်ပြခဲ့တာကြောင့် နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ " ၀ " အဖွဲ့နဲ့ KIO အဖွဲ့တွေ သဘောထားကို သိချင်နေကြ ပါတယ်။

စစ်အစိုးရက သတင်းစာဆောင်းပါးမှာ ကိုးကန့်အဖွဲ့အကွဲအပြဲကို တရားဝင်ငြင်းဆိုထားပေမဲ့ လေ့လာသူများကတော့ စစ်အစိုးရထောက်ခံမှုမရဘဲ ဦးပိုင်စုံချိန်အဖွဲ့ အာဏာသိမ်းတာမလုပ်နိုင်ဘူးလို့ ဆိုပါတယ်။

စစ်အစိုးရကတော့ ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးတွေ အများအပြားဖမ်းဆီးပြနေပြီး သူတို့ကိုးကန့် တိုင်းရင်းသားတွေကို ဖိနှိပ်သုတ်သင်ရတဲ့ အကြောင်းအရင်းကို ဖုံးကွယ်ဖို့ကြိုးစားနေပါတယ်။ မြန်မာကို တရုတ်နဲ့ အမေရိကန်လွန်ဆွဲတော့မလား စိတ်ဝင်စားဖို့ကောင်းပါတယ်။ အစိုးရသတင်း ထုတ်ပြန်ချက်တွေအရ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို မဖြစ်ဖြစ်အောင်လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ မှာဝင်လို့မရအောင် လုပ်မှာသေချာပါတယ်။

အမေ့အိမ်မှ..

0 comments:

Post a Comment