,
|

မိခင်ကျေးဇူးဆပ်နေသလော.....မိခင်ကိုသတ်နေသလော.......

ဒီဆောင်းပါးလေးကို mail ထဲမှာတွေ့ ရသဖြင့်ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါတယ်..တစ်စုံတစ်ယောက်အားထိခိုက်စေလိုခြင်းမရှိပါ..လူအများ မျှဝေခံစားနိုင်စေရန်သာရည်ရွယ်ပါသည်...

မိတ်ဆွေတို့ရေ........
မိဘကျေးဇူးဆိုတာ မြတ်စွာဘုရားပင်လျှင် နို့တစ်လုံးဖိုးသာကျေအောင်
ဆပ်နိုင်ခဲ့ပါတယ်.......မိဘကျေး
ဇူးဘယ်လောက်ကြီးမားတယ်ဆိုတာတော့လူတိုင်းသိမှာပါ........အထူးသဖြင့်
ဗုဒ္ဓဘာသာဝင်တိုင်းလဲ သိကြမှာပါ... ဒါကိုတော့
အထူးတလည်မပြောတော့ပါဘူး.......

အခု ပြောချင်တာက ဗုဒ္ဓဘာသာဝင် နာမည်ကြီးဗေဒင်ဆရာတစ်ယောက် ၊
အခုတော်တော်လဲနာမည်ကျော်ရေပန်းစားနေပြီး နှစ်စဉ် အဆင့်မြင့်ရောင်စုံ
လက်ဆောင်ဗေဒင်စာအုပ်လှလှလေးတွေထုတ်ဝေရောင်းချနေတယ် ၊
အင်္ဂလိပ်စကားလုံးတွေကိုလဲ အလျဉ်းမသင့်သင့်အောင်ထည့်ရေးတတ်တယ်လို့ပြောရင်
လူတိုင်းရိပ်မိမှာပါ......နာမည်တော့မဖော်ပြတော့ပါဘူး.....
အဲဒီ ဗေဒင်ဆရာမှာ ဇနီး ၊ သား နဲ့ သမီးရှိတယ်.....ဇနီးကလဲ အမြဲလိုလို
လှလှပပ ၀တ်စားဆင်ယင်နေထိုင်တတ်တယ်.... သားကတော့ ခမ်းနားကြီးကျယ်လှတဲ့
ပညာတွေသင်ယူဖို့ ရေမြေရပ်ခြားကို သွားပါတယ်.... သမီးကတော့
မြန်မာနိုင်ငံရဲ့ ရခဲလှစွာသော တက္ကသိုလ် မှာ ပညာသင်ရင်း
ကြင်ယာရှာနေပါတယ်(စာရေးသူ၏ သေချာသောသတင်းဖြစ်ပါတယ်....လျှာရိုးမရှိတိုင်း
လျှောက်ပြောနေခြင်းမဟုတ်ပါ)......အဲဒီလိုအရာရာ ပြည့်စုံချမ်းသာနေတဲ့
မိသားစုမှာ ငွေရေးကြေးရေးကလဲ ဘာမှပြောနေဖို့လိုမယ်မထင်ပါဘူး...
အတိုင်းထက်အလွန်ပေါ့.......မြန်မာနိုင်ငံမှာ "ဒါဘာကားပဲဟေ့"လို့
အမည်မတပ်နိုင်တဲ့ ကားကောင်းကြီး ၃ စီးလဲ ပိုင်သေးတယ်...
ဒါပေမယ့် အဲဒီမိသားစုမှာ ဘယ်သူမှမယုံနိုင်တဲ့ ၊
ဘယ်ဗုဒ္ဓဘာသာဝင်မျှလုပ်ဖို့မပြောနဲ့...စိတ်နဲ့တင်မတွေးဆနိုင်တဲ့
လူမဆန်တဲ့လုပ်ရပ်ကို တစ်မိသားစုလုံး လုပ်နေကြတယ်...... အဲဒီမိသားစုမှာ
အသက် ၉၄ နှစ်ခန့်ရှိတဲ့ မိခင်အိုကြီးရှိတယ်... မိခင်အိုဆိုတာလဲ
ပေါ့သေးသေးမထင်လိုက်ပါနဲ့.....ယခင်အရွယ်ကောင်းစဉ်တုန်းက
အင်္ဂလိပ်စာအထက်တန်းပြဆရာမပါ.....
ယခုထက်တိုင်သတိကောင်းတုန်း..အင်္ဂလိပ်စကားကို သွက်သွက်လက်လက်
မှန်ကန်မြန်ဆန်စွာ ပြောနိုင်နေတုန်းပါ....အသက်ကြီးလို့ မျက်စေ့ကတော့
တော်တော်မကောင်းတော့ပါဘူး.... ထိုကျေးဇူးရှင်မိခင်ကြီးကို
ကျေးဇူးဆပ်သည့်အနေနှင့်လားမသိ...ကားဂိုဒေါင်အပေါ်ထပ်က
ကော်ဇောအစုတ်အပြတ်ခင်းထားတဲ့ အခန်းဟုပင်သတ်မှတ်ရခက်တဲ့ နေရာမှာ
တစ်ယောက်တည်းနေခိုင်းတယ်တဲ့.....မိတ်ဆွေစဉ်းစားကြည့်...အသက် ၉၄
နှစ်အမေအိုကြီးနေတဲ့နေရာကို သားလုပ်တဲ့သူက
တစ်လနေမှတစ်ခါမလာဘူး.....နေခိုင်းတော့လဲ အိမ်ဖော်တွေနဲ့တူတူ...စားရတဲ့
ထမင်းကျတော့လဲ အိမ်ဖော်တွေနဲ့တန်းတူ ဆန်ကြမ်း..... ဟင်းကျတော့လဲ တစ်လမှ
ငါးရက်ပေးတယ်တဲ့....ကြားလို့မှကောင်းကြရဲ့လား...ပေးရင်လဲ တစ်နေ့လုံးအတွက်
ဘဲဥတစ်ခြမ်း.... အမေအိုကြီးက အဲဒီဘဲဥတစ်ခြမ်းကို မနက်လေးပုံတစ်ပုံ ၊
ညလေးပုံတစ်ပုံ ခွဲစားရတယ်....အသားဟင်း ၊
ဟင်းရွက်ကြော်နဲ့စားရဖို့နေနေသာသာ...တစ်လကိုဟင်း ၅ ကြိမ်ပေးဖို့ပင်
ဝန်လေးနေကြတယ်....ဒီ ၉၄ နှစ်ရှိတဲ့ အဖွားအိုကြီးက
ဘယ်လောက်စားနိုင်မှာလဲ....တစ်ခါတစ်ခါ အကြွင်းအကျန်
ဟင်းသိုးဟင်းကျန်တွေကို အိမ်ဖော်တွေကိုချကျွေးမှ
အမေအိုကြီးကစားခွင့်ရတယ်.... ဟင်းရတဲ့ ၅ ရက်ကလွဲလို့ ကျန်တဲ့ရက်တွေမှာ
အမေအိုကြီးကသူ့ပိုက်ဆံနဲ့သူ ဟင်းဝယ်စားရတယ်...အသက်ကကြီးပြီဆိုတော့
ထမင်းဆိုင်က ဟင်းတွေဘယ်စားနိုင်မလဲ..... ဟင်းဝယ်စားတဲ့ပိုက်ဆံကိုလဲ
သူတို့ပေးတယ်မထင်လိုက်နဲ့.... သူတို့ခွေးကျင့်ခွေးကြံကြံနေတာကို
မကြည့်နိုင်တဲ့ ဆွေမျိုးတွေကန်တော့ထားတဲ့ပိုက်ဆံတွေပါ....အမေအိုကြီးက
အိမ်ဖော်တွေနဲ့တူတူနေရလို့ အိမ်ဖော်တွေက
ပြုစုတယ်မထင်ကြပါနဲ့...အိမ်ဖော်တွေစားဖို့ဆန်ကြမ်းကို Rice Cooker
နဲ့ချက်ပေးရတယ်...မျက်စေ့မမြင်ရတဲ့ကြားထဲ
အိမ်ဖော်တွေစားဖို့အတွက်ပါချက်ရတယ်ဆိုတော့.....

ဒီလိုဒဏ်တွေကိုခံရလို့ အမေအိုကြီးမှာလဲ
တဖြည်းဖြည်းပိန်လာပါတယ်....ဒီအကြောင်းတွေကိုသိတဲ့ဆွေမျိုးတွေကတော့....
တစ်လတစ်ခါ အမေအိုကြီးအတွက် အသားဟင်း ၊ အခြောက်အခြမ်း ၊
သုံးဖို့ငွေပေးကြတယ်လို့ကြားရပါတယ်.....
အမျိုးတွေကပေးလို့ဒီလိုလုပ်နေလေသလားတော့မသိ ၊ ဒါပေမယ့်... ဒီလိုလုပ်ရပ်က
ရိုင်းရိုင်းပြောရရင် သူတောင်းစား ၊ ခွေး ၊ တိရစ္ဆာန်တွေတောင်လုပ်မယ့်
လုပ်ရပ်မဟုတ်ပါဘူး.....ဘယ်လောက်ပဲဆင်းရဲမွဲတေပါစေ ၊
မိဘကိုဒီလိုလုပ်ကြမှာမဟုတ်ပါဘူး....ကံကြီးထိုက်မှာမကြောက်ကြဘူးလားမသိဘူး.....

စာရေးသူ ရေးထားတာကိုတော်တော်နဲ့ယုံကြမှာမဟုတ်ပါဘူး...... စာရေးသူတောင်
မယုံနိုင်လောက်အောင် ရွံရှာစက်ဆုပ်မုန်းတီးခဲ့ရပါတယ်......
ဒီအကြောင်းကို လူအများသိအောင် ဒီ Mail ကို Forward လုပ်ကြပါ....
ဒီဗေဒင်ဆရာကိုလဲ ဘယ်သူလဲသိရင် ဝေးဝေးကရှောင်ကြပေါ့.......
"မိဘကျေးဇူးသိသူတိုင်း မိဘကျေးဇူးဆပ်နိုင်ကြပါစေ" ဟုဆုတောင်းရင်း.............

1 comments:

  • phyoe   November 8, 2009 at 7:46 PM

    dun believe. It's too much.

Post a Comment