,
|

စင်္ကာပူကရိုက်စားတခုသိထားရန်

မြန်မာတွေကိုပဲ ရွေးလုပ်သည် ဆိုတော့ အတော် ခံပြင်း ဒေါသ ထွက်သွားသည်။ အဲဒီလို ကလိန်ကကျစ်နည်းဖြင့် မသိနားမလည်သော သူတွေဆီက ခေါင်းပုံဖြတ် စီးပွားရှာတာတော့ အတော် ရုပ်ဆိုးလွန်းသည်။


From: jssjs@singnet.com.sg
To: xxxxxx@hotmail.com
Subject: RE: Application of YOUR NAME xxxx Post
Date: Mon, 3 Mar 2008 17:25:45 +0800

Hi

Thanks for your application. In this case, can we see u for an interview onWed 5/3/08 9.30 am? Please advice.

151 Chin Swee Road #14-09 Manhattan House.

Direction:- Take MRT down to Chinatown station and exit from D. U can go to OG taxi stand there and walk towards the direction of some HDB at Chin Swee Road . Go straight until u can see Seng Siong ….We are just behind Seng Siong. U can ask people around there ..:)

(If u have been here or applied with us before, please do not reapply again)

Appreciate that.

Regards..,

Vathi.

ဖြစ်ပုံက ဒီလိုပါ။ ကျွန်မအိမ်မှာ တည်းပြီး အလုပ်ရှာနေသည့် မိတ်ဆွေညီမလေး ဟိုတနေ့ က အင်တာဗျူးခေါ်သည့် အီးမေးလ် ရတော့ အတော်ပျော်သွားသည်။ ပထမဆုံး အင်တာဗျူးဆိုတော့ ပျော်ပေမပေါ့။ ခဏကြာတော့ သူနဲ့ အတူ အလုပ်ရှာနေသည့် သူ့ မောင်လေးပါ ဆင်တူ အင်တာဗျူးခေါ်သည့် အီးမေးလ် ရတော့ နဲနဲတော့ သံသယ ၀င်သွားသည်။ သိပ်မပျော်နေနဲ့  ဒါအေးဂျင့် ဖြစ်ဖို့ များတယ်လို့  သတိပေးရသည်။ နောက် နာရီဝက်လောက်ကြာတော့ သူတို့ နှင့် မရှေးမနှောင်းလာသည့် သူငယ်ချင်းပါ တနေရာထဲမှ ဆင်တူ အီးမေးလ် ရသည်ဟု ဖုန်းဆက်လာပြန်သည်။ သံသယက ပိုပို ကြီးလာပေမယ့် သူတို့  စိတ်ဓါတ်မကျအောင် သွားကြည့်လိုက်ပေါ့လို့  တိုက်တွန်းလိုက်ရသည်။

အိမ်က ညီမလေးက ကံဆိုးစွာ အရင်ဆုံး သွားရသည်။ သပ်သပ်ရပ်ရပ် ၀တ်ဆင်ပြီး သေချာ ပြင်ဆင်သွားသည်။ သွားခါနီး မြန်မာပြည်က အမေတောင် ဖုန်းဆက်ပြီး လှမ်းကန်တော့ကာ ဆုတောင်းပေးဖို့  မှာလိုက်သေးသည်။ သူ့ ခမျာ အမေအိုကြီး လုပ်ကျွေးချင်လို့  ထွက်လာတာ အလုပ်မြန်မြန် ရပါစေလို့  ကိုယ်တောင် ၀င်ဆုတောင်းပေးလိုက် သေးသည်။

နေ့ လည်ကျတော့ ဖုန်းဆက်လာသည်။ တကယ့် အင်တာဗျူး မဟုတ်။ ၀န်ထမ်းဆိုလို့  မိန်းမ နှစ်ယောက်သာ ရှိသည့် အခန်းကျဉ်းလေး။ ရောက်ရောက်ချင်း form ဖြည့်ခိုင်းပြီး သူတို့ ဆီမှာ အလုပ်နှစ်ခု ရှိကြောင်း ပြောပြီး ပိုက်ဆံ ၁၂ ဒေါ်လာ တောင်းသည်။ သူကလဲ ပထမဆုံး အတွေ့ အကြုံ အလုပ်ကလဲ လိုချင်တော့ ပိုက်ဆံပေးခဲ့သည်တဲ့။ မှားသွားလားလို့ မေးတော့ ကျွန်မ ဘာပြောရမှန်းမသိ။ အလုပ်လိုချင်သူတွေ အတွက် ၀န်ဆောင်ခ ယူ၍ လုပ်ပေးသော တရားဝင် ၀န်ဆောင်မှုလုပ်ငန်း (အေးဂျင့်) တွေ ရှိသော်လည်း ခုလို မရိုးသား အင်တာဗျူး အယောင်ဆောင်ပြီး ပိုက်ဆံတောင်းတာတော့ ခုမှ ကြားဖူးသည်။

လိမ်တာ ဖြစ်ဖို့ များတယ်လို့  ပြောလို့ မှ မဆုံးသေး၊ ခုတင် အင်တာဗျူးက ပြန်လာရုံ ရှိသေး အရင်နေ့ က အီးမေးလ် အတိုင်း စာသား တထပ်ထဲနှင့် နောက်တကြိမ် ရောက်လာပြန်သည်။ ပထမတော့ ဒုတိယအကြိမ် အင်တာဗျူးခေါ်သည် အထင်နှင့် ပျော်နေကြသည်။ သူ့ မောင်လေး အီးမေးလ်ကို စစ်လိုက်တော့ သူ့ အတိုင်း အီးမေးလ် တခု ထပ်ရပြန်သည်။ လောဘတက်ပြီး ပို့ ပြီးသားလူလား၊ လာပြီးသားလူလား မသိပဲနှင့် အသဲအသန် ပို့ နေခြင်းပင်။

နောက်တနေ့  သူ့ မောင်လေးက လိမ်တာ သေချာအောင် သွားလေ့လာသည်။ သူ့ အမတုန်းက လိုပဲ သူတို့ မှာ အလုပ် နှစ်နေရာ ရှိသည်ဟု လိမ်ပြန်သည်။ မောင်နှမမှန်း မသိ။ ဒီတခါတော့ ကောင်လေးက ဟန်မပျက် form ဖြည့်ပြီး ပိုက်ဆံ ၁၂ ဒေါ်လာ တောင်းသော အခါ မပါလာကြောင်းပြောပြီး မပေးခဲ့။ ဒီတော့ ပိုက်ဆံ မပေးရင် သူတို့  အလုပ်ရှာ မပေးနို်င်လို့  ခပ်တင်းတင်း ပြန်ပြောသည်တဲ့။ ကောင်လေးနဲ့  အ၀င်အထွက် လာသမျှ မြန်မာတွေ ချည်းပဲ ဆိုပဲ။

မနေ့ ညက ဒီအကြောင်းကို အလုပ်ရှာနေသည့် အသိအမကြီး တယောက်အား ပြောပြ သတိပေးတော့ လွန်ခဲ့တဲ့နှစ်လလောက်က သူ့ သူငယ်ချင်းတယောက်လဲ အဲဒီလို ခံခဲ့ရသည်တဲ့။ company နာမည်က အတူတူ။ သတင်းစာထဲမှာ ဟုတ်တိပတ်တိ တလက်မ ပတ်လည်လောက်နှင့် ကြေငြာတာလဲ အတူတူ။ သူ့ တုန်းက ဒေါ်လာ ၂၀ ပေးခဲ့ရသည်တဲ့။ မြန်မာတွေကိုသာ ရွေးလိမ်သည်။ အလုပ်လဲ တကယ်ရှာမပေးပါတဲ့။

ခုတလော မြန်မာပြည်က အလုပ်လာရှာ သူတွေ လှိမ့်ဝင်လာတော့ သူတို့ လို လိမ်စားနေသူတွေ အတွက်တော့ အကွက်။ တယောက်ကို ၁၂ ဒေါ်လာ။ တနေ့  အယောက် ၂၀ ဆို ဒေါ်လာ ၂၄၀။ တလဆို ဒေါ်လာ ၄၈၀၀။ အင်း… အတော်ကို အကြံပက်စက်ပါပေ့။
နေရာက China Town ပတ်ဝန်းကျင်မှာ လှည့်ပတ် ကျက်စားနေသည်။ မဟုတ်တာ လုပ်သူဆိုတော့ တနေရာထဲမှာ အခြေမကျရဲ။

တကယ်လို့  အသိတွေထဲမှာ အလုပ်ရှာနေသူများ ရှိခဲ့ရင် လက်တို့  သတိပေးဖို့  ဒီpostလေးကို ရေးလိုက်ရတာပါ။ မြန်မာတွေကို လူလည်ကျ စီးပွားရှာနေသူတွေ အတွက် သင်ခန်းစာပေးဖို့  ရည်ရွယ်ချက်နဲ့ ပါ။ အလုပ်ရှာနေသော မြန်မာ အပေါင်း လိမ်ညာသူတွေနဲ့  ကင်းဝေးပြီး ကောင်းမွန်သောအလုပ် အမြန်ဆုံး ရကြပါစေလို့ ….။


0 comments:

Post a Comment