,
|

အတောက်ပဆုံးကြယ်သို့ 

အတောက်ပဆုံးကြယ်သို့ 

ကိုသက်ရေ
လျှပ်စစ်ငှက်လေးတကောင်က
အမှောင်ညမှာ ကြယ်စင်တစင်း ကိုမွေးလိုက်ပြီလို့ ပြောတယ်။
ကြောက်ရွံမှု ကင်းတဲ့ခရီးကို
သူနဲ့ အတူလိုက်ခဲ့ပါလို့  ကြယ်စင်က ဆိုတဲ့အခါမှာ
ငါငိုမိတယ်။

သူရဲကောင်းမြစ်ကို
မင်းဖြတ်ကူးနေတုံး
ဒို့ မကြာခင်ပြန်ဆုံကြမှာပဲ လို့ ငါထင်မိတယ်။

မင်းဟာ အမှောင်ကမ္ဘာထဲက
အတောက်ပ ဆုံးကြယ် အဖြစ်ငါမြင်ခွင့်ရပြီကော။
ငရဲနံရံတွေဖြို့ ချ ဖို့ နည်းလမ်းကို မင်းပြခဲ့ပြီကော ။

မင်းဟာ လွတ်မြောက်ရေးရဲ့ သားကောင်း
ငါဒို့ လက်တွေကိုဆန့် တန်းကြ။
ငါဒို့ ဦးခေါင်းတွေကိုမော့လိုက်ကြ လို့ 
လင်းလက်တဲ့အရောင်တွေ က
အချက်ပြလို့ ။

မိုးသီးဇွန် ( ၁၇-၁၀-၂၀၀၆)

0 comments:

Post a Comment