,
|

လူငယ်အကြိုက် နေ့ကလပ်များ ရန်ကုန်တွင် ပြန်ခေတ်စား

15/10/2009
ရန်ကုန်မြို့ အပန်းဖြေဥယျာဉ်များတွင် လူငယ်များ အကြိုက်တွေ့စေသည့် နေ့ပိုင်းကလပ်များ ပြန်လည်ခေတ်စားလာပြီး ဝင်ရောက်ရန် အသက်ကန့်သတ်ထားချက်မရှိခြင်းကြောင့် အရွယ်မရောက်သေးသူ ကျောင်းသူကျောင်းသား လူငယ်အချို့ သွားရောက်ပျော်ပါးနေကြကြောင်း သိရသည်။ ဗဟန်းမြို့နယ် အလယ်တန်းကျောင်းဆရာတဦးက “အဲဒီကိုသွားနိုင်တဲ့ ကျောင်းနေအရွယ် ကလေးတွေက ရပ်ကွက်လူကြီးတို့၊ အထက်အာဏာပိုင်လူကြီးတို့ရဲ့ သားသမီးတွေ၊ တူ တူမတွေပဲ များတယ်။ သာမန်အရပ်သား သားသမီးတွေက သွားနိုင်မှာလဲ။ကလေးတွေက သွားခွင့်ရရင်တော့ သွားနေမှာပဲ။ ဒီအသက်အရွယ်တွေ ဝင်ခွင့်မပေးဘူးဆိုရင် တင်းတင်းကျပ်ကျပ် တားမြစ်လိုက်ပေါ့” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ကိုဝဏ္ဏ blog မှတဆင့်ပြန်လည်ဖေါ်ပြပေးပါသည်..

0 comments:

Post a Comment