,
|

မြန်မာနိုင်ငံမှမိန်ကလေးများ မလေးရှားကိုမသွားဖို့တားပေးကြပါ ။



ကျွန်တော် ၁၇ ရက် ၂ လ ၂၀၀၉ ခုနှစ် နေ့က လေယာဉ် လက်မှတ်ရောင်းသော ရုံး ကိုရောက်တော့ လက်မှတ်ရုံမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်း တစ်ဦးက'အစ်ကိုရေ မနေ့က ဂျိုးဟိုး က မိန်းကလေး အယောက် ၃၀ ရဲ့  မြန်မာပြည်ကို
ပြန်ရမဲ့ သတင်းကြားတော့ ပျော်ရမလို ဝမ်းနည်းရမလို ဖြစ်မိတာ အမှန်ပါပဲ ဒါပေမဲ့ အခုလို စီးပွားရေး ပျက်ကပ်ထဲမှာမြန်မာ အမျိုးသမီး ၃၀ ကို ဘေးလွှတ်ရာကို ပို့လိုက်ရတယ်လို့ပဲ သတ်မှတ်မိပါတယ်။အမျိုးသမီး ၃၀ ထဲမှာ ကျွန်တော် ထပ် အသက်ကြီးတဲ့လူ ပါသလို ကျွန်တော် ထပ် ငယ်တာလည်းပါ ပါတယ်။
တချို့ ဆိုရင် ၁၆၊ ၁၇ အရွယ်တွေတောင် ပါသေးတယ်လို့ ဆိုပါတယ်။ဘာကြောင့် ဒီစကားကို ပြောရသလည်း ဆိုတော့ မြန်မာပြည် ပြန်သွားရင် (သို့)ပြန်ပို့ခံရရင် ဘာပဲပြောပြော နံပါတ်(၁) အနေနဲ့ မိဘ ရင်ခွင်ထဲ နေထိုင်မှာတော့ မလွဲပါဘူး။ကျွန်တော် တို့ ငယ်စဉ်းထဲက ကျွေးမွေးပြုစုလာတဲ့ မိဘ ရင်ခွင်လောက် အေးမြတာရှိဦးမလားလို့ ဆိုချင်ပါတယ်။ဒုတိယ ရင်ဆိုင်ရမှာက မိမိထွက်ခွာ စဉ်းမှာ အဆင်မပြေလို့ ချေးဌား လာရတဲ့အတွက် အကြွေးရှင်တွေနဲ့ ရင်ဆိုင်ရတဲ့ အချက်ပါပဲ။ဒါကလည်း ပြေလည်အောင်ရှင်းလိုက်ရင် ဒါမှမဟုတ် မိဘ ညီအစ်ကို မောင်နှမ အားနဲ့ရှင်လိုက်ရှု အလွယ်တကူ ပြေလည်သွားမဲ့အရာတွေပါလို့ ကျွန်တော် ထင်ပါတယ်။စိတ်ဒုက္ခရောက်လည်း ခဏပါပဲ။ဒါပေမဲ့ မြန်မာပြည် ပြန်ရမှာ ဘာမှမပါပဲနဲ့ ရှက်စရာကြီးလို့ ပြောတဲ့လူတွေ တပုံတပင် ကြီးပါပဲ။အဲဒီလို ရှက်စရာ ဆိုတဲ့ အချက်တချက်နဲ့ အလုပ်အဆင်ပြေမှု့  ကိုစောင့်နေတဲ့ မြန်မာ အမျိုးသမီးတွေ မလေးရှား နိုင်ငံမှာအများကြီးပါပဲ။


သူတို့ကိုလည်း အပြစ်မပြောပါဘူး။ကျွန်တော် တို့ မြန်မာနိုင်ငံမှာ အဆင်မပြေတာ ယောက်ျားလေးတွေအနေနဲ့ အဆင်မပြေရင် တွေ့တဲ့သူငယ်ချင်း အိမ်မှာအိပ်လို့ရတယ်။စားလို့ရတယ်။နေလို့ရပါတယ်။အလုပ်အဆင်ပြေတဲ့ အထိ တွေ့တဲ့နေရာ သင့်တော်တဲ့နေရာတွေမှာ သွားလာလှုပ်ရှားနေလို့ရပါတယ်။
အမျိုးသမီးတွေ အနေနဲ့ကြတော့ နေလို့ရမလား။ယောက်ျားလေးတွေက အလုပ်အဆင်မပြေရင် အလုပ်ကပြေးဖို့ (အိုဗာစတေး)ဖြစ်ပြီး အလုပ်မှာ ဒေါင်ကျကျ ပြားကျကျ နေလို့ရသလို မိန်းကလေးတွေရော နေလို့ရမလား။

ဟိုတလောက သူငယ်ချင်းတစ်ယောက် ဂျိုးဟိုး က ပြန်လာတော့ ဂျိုးဟိုး ကားဂိတ် မှာ အမျိုးသမီး နှစ်ယောက်တွေ့တယ်။အဲဒီ အမျိုးသမီးလေးတွေက ကျွန်တော်တို့ စကားပြောတာတွေ့တော့ ကျွန်တော် တို့ကို မြန်မာလူမျိုးလားလို့ စကားစပါတယ်။အဲဒါနဲ့ ကျွန်တော်လည်း ဟုတ်ပါတယ် ပြောတော့ ကျမ တို့ ကို ကူညီပါ။ကျမတို့ကို အေးဂျင့် က အခန်းထဲမှာ ချုပ်ထားတာ၊အဲဒါနဲ့ ကျမတို့ ထွက်ပြေးလားတယ်တဲ့။ဘယ်သွားမလို့လည်ဆိုတော့ ကေအယ် (kl)တဲ့ဗျာ။ ကွာလာလမ်းပူ ဆိုတာ မြို့ ကြီး ၊အဲဒီမှာ ဘယ်သူရှိလည်းဆိုတော့ ကျမ တို့ ရက်ကွပ် ထဲက အသိရှိတယ်။သူနဲ့လည်း အဆက်သွယ်ရှိတယ်။သူလာကြိုမယ်ဆိုလို့ ကျမ တို့ထွက်လာကြတာတဲ့။ဒါနဲ့ ရက်ကွပ်ထဲက သူငယ်ချင်း ဆိုတဲ့ သူကိုဆက်သွယ်တော့ သူဆင်းမလာရဲဘူးတဲ့။ဖြစ်နိုင်ရင် ကေအယ် (kl ) ကို ခေါ်ခဲ့ပါတဲ့။ကျွန်တော် တို့လည်း ရှိတဲ့ ပိုက်ဆံနဲ့ အဲဒီ အမျိုးသမီး နှစ်ယောက်ကို လမ်းစရိတ် ခံပြီး ကေအယ် (kl) ကို ခေါ်လာခဲ့ပါတယ်။

လမ်းခရီး မှာ စကားပြောဖြစ်တော့ နှစ်ဦး စလုံးက အမျိုးကောင်း သမီးတွေပါ။ ကျွန်တော်တို့သာ အမျိုးသားချင်း မကူညီဘူးဆိုရင် အဲဒီ အမျိုးသမီး နှစိယောက်က မတွေးရဲစရာပါ။နောက်ပြီး ကျွန်တော် တို့ သူ့အပေါ်မှာ ယုတ်မာခဲ့ရင်ရော သူတို့ဘယ်လိုနေမလဲ။ဒါပေမဲ့ ကျွန်တော်တို့ သူတို့ကို သူ့ သူငယ်ချင်းနေတဲ့ နေရာအထိ လိုက်ပို့ပေးခဲ့ပါတယ်။ဂျိုးဟိုး က ပြန်လာတဲ့ သူငယ်ချင်း တစ်ဦးက ပြောပါတယ်။ပြီးတော့ ဂျိုးဟိုး မှာလည်း အလုပ်လက်မဲ့ အမျိုးသမီးတွေ အများကြီးပါပဲ။တချို့ ဆိုရင် အရမ်းဒုက္ခရောက်နေကြတယ်။အလုပ်မရှိတော့ စားစရာ မရှိ၊စားစရာမရှိတော့ ဟိုဒင်း.........ဟိုဟာတွေ လုပ်ကုန်ကြတယ်။မြန်မာဆိုင် ဖွင့်ထားတဲ့ အမျိုးသမီး တစ်ဦးက တချို့ ဆိုရင် RM 10/20နှင့်တောင် အဲဒီကိစ္စတွေ ကျူးလွန် ကြတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ပေါ့ဗျာ .......ဘယ်သူမပြု မိမိမှု့ ပေါ့ဗျာ။မလေးရှားနိုင်ငံ စီးပွားရေးကျတာနဲ့ ကျွန်တော်တို့ အမျိုးသားတွေ မြန်မာ အမျိုးသမီးတွေ ဒုက္ခရောက်ရတာကတော့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ခံစားရမှာပဲ။ကျွန်တော် တို့ အစိုးရ ကမှ တာဝန် မယူနိုင်တာ။ဘယ်သူယူမှာလဲ။ကျွန်တော်တို့ မြန်မာ အမျိုးသမီးတွေ ဒီနိုင်ငံမှာ ကယ်မဲ့သူ မဲ့ပြီး၊ဒုက္ခတွေရောက်နေကြတယ်။ကျွန်တော် ဆန္ဒကတော့ဗျာ မြန်မာအမျိုးသမီးတွေကို ပြန်စေချင်တယ်ဗျာ.........ဒီနိုင်ငံ ဒုက္ခရောက်နေပေမဲ့ အတူတူ ကိုယ့်နိုင်ငံ ကိုယ်ပြန်ပြီး မိဘရင်ခွင်အောက်မှာ နေထိုင်တာက ပိုပြီး အေးချမ်းကောင်းမွန်တယ်လို့ ဆန္ဒပြုလိုက်ပါရစေ။

(လမ်းသစ် ဂျာနယ်မှ ကိုအောင်အောင် ရေးသော စာဖြစ်ပါသည်။သူ့ ကိုယ်စား ကိုယ့်မြန်မာ အမျိုးသမီးများ မလေးရှား စီးပွားပျက်နေတဲ့ အချိန် ကျေးဇူးပြုပြီး မလေးရှားကို မလားဖို့ တိုက်တွန်းပါတယ်)

ဒီစာကိုတွေ့ပြီးဒါနဲ့ ခင်ဗျား တိုရဲ့  အိမ်နီးနားချင်းမှ မိန်းကလေးများ သူငယ်ချင်းများ အားလုံး ကို လက်ဆင့်ကမ်းပြောပေးကြပါလို့ မလေးရှား ကို မလာဖို့ တိုက်တွန်း ပေးကြပါဗျာ.....အေးဂျင့် တွေ ပြောရင်လည်း မယုံပါနဲ့....
အလင်းစေတမန်မှpostဖြစ်ပါသည်..
အကိုတော်ဒီမိုဝေယံမှတဆင့်ဖြန့် ဝေခြင်းအားတင်ပြအပ်ပါသည်...

2 comments:

  • ko shwe thway   October 22, 2009 at 7:25 PM

    မလေးရှားမှ မဟုတ်ပါဘူးဗျာ......စင်ကာပူမှာလည်း ကျွန်တော်တို့မြန်မာတွေ ဒုက္ခရောက်နေကြတာပါပဲ (ကျွန်တော်ကိုယ်တိုင်ပေါ့).... စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတွေကို မထွက်လာကြပါနဲ့ဗျာ.....မြန်မာပြည်က အေးဂျင့်တွေကလည်း ပိုက်ဆံရပြီးရော မလုပ်ကြပါနဲ့၊ ကိုယ့်လူမျိုး၊ ကိုယ့်သွေးသားအချင်းချင်းဗျာ....
    အညတရ (စင်ကာပူ)

  • pAuL kHAi   March 14, 2010 at 11:41 AM

    ထွက်မလာ စေချင်ပေမယ့်လည်း အိမ်မှာ အလကားနေရင်း ငတ်နေရမှာလဲ ရှိသေးတယ် ကွာ ဘယ်လိုပြောရမှန်းတောင်မသိဘူး

Post a Comment