,
|

မြန်မာ Teleport သို့

မြန်မာ Teleport သို့

Gtalk ပေါ်မှာလ...
သူ့အလုံးလေး စိမ်းနေလို့....
ပျော်လို့သာရေးနေမိ...၊
ကိုယ်ရေးတာ သူ့ဆီမရောက်..
သူရေးတာ ကိုယ့်ဆီမရောက်..

တောက်....
ဘာလို့ ပြန်မရေးတာလဲ....
Hello..Hello..Hello..လို့ အထပ်ထပ်ခေါ်..
ဘာလုပ်နေတာလဲလို့ အကြိမ်ကြိမ်မေး..
ငါ့ကို ဘာကောင်ထင်နေလဲ..လို့တွေး..
ကောက်ကြ ၊ ကွေးကြ..
ပြတ်ကြ ၊ စဲကြ (ဆဲကြ)..
လုပ်ရက်ပါ့..Teleport ရယ်...။

မာရဇ္ဇ သီချင်း...
“ သံသယနဲ့ ချစ်နေမဲ့ အစား ခုထဲက မုန်းလိုက်ပါ..” ဆိုသလို...
Teleport ရယ်...
“ ဖြတ်တောက်ပြီး ပေးနေမဲ့အစား တခါတည်းသာ ဖြတ်လိုက်ပါတော့...” လို့ပြောရမလိုလို...

အဖေ....အမေလေ.သားကိုခေါ်င်းခေါက်တယ်..လို့လဲ...
တိုင်စရာ လူမရှိ...။
Teleport က မြန်မာမှာ အိမ်ဦးနတ်လေ..။
အကြိမ်ကြိမ် ဦးထပ်ကာပြောရရင်တော့....

“ လိမ်တယ်...ညာတယ်..Teleport ရယ်..
ယုံအောင်ဖြီးတတ်တယ်..။
Connection ကိုကောင်းအောင်ဆိုပြီး
သူလေ....ရက်ရွေ့တယ်...။ ။”


( ဘယ်လိုမှ သဘောမထားပါနဲ့ Teleport ရေ..။ပျော်စရာလေးရေးမိတာပါ...။sorry နော် Teleport ရေ..။ )
ခင်မင်ပျော်ရွှင်စွာဖြင့်...

(အရာရာတိုင်းအပေါ် သင်ပြုမူဆောင်ရွက်ဆောင်သမျှကိစ္စတိုင်းသည် သင့်၏ ကိုယ်ကျင့်
တရားပင်ဖြစ်သည်။)
အကိုတော်ဒီမိုဝေယံမှ ပြန်လည်ဝေငှပါသည်..

0 comments:

Post a Comment