,
|

ကိုယ်ရေးအကျဉ်း

ကိုယ်ရေးအကျဉ်း..မွေးရပ်- ရန်ကုန် ၂၃.၆.၁၉၈၂ရက်နေ့ တွင်မွေးဖွားခဲ့ပြီး မွေးချင်း၃ယောက်အနက် ဒုတိယမြောက်ဖြစ်သည်။အ.ထ.က(၄)မင်္ဂလာတောင်ညွန့် တွင်ပညာသင်ကြားနေစဉ် ၁၉၉၆ ခုနှစ်သြဂုတ်လဆန်း၌ ကျောင်းသားများအားနိုင်ငံရေးစည်းရုံးလှုံ့ ဆော်မှူများပြုလုပ်နေမှုကို ဆရာ၊ဆရာမများမှသိရှိသွားပြီး ငြိမ်းချမ်းစွာပညာသင်ကြားရေးကိုနှောက်ယှက်မှုဖြင့်ကျောင်းမှထုတ်ပယ်ခြင်းကို ခံခဲ့ရသည်။၂၀၀၇ စက်တင်ဘာလတွင် ဖြစ်ပွါးသောရွှေဝါရောင်အရေးအခင်းတွင် အနုပညာရှင်များမှဦးဆောင်သည့်အဖွဲ့ မှသံဃာတော်များအား ဆွမ်းကပ်ခြင်းနှင့် အခြားပံ့ပိုးမှုများပြုလုပ်နေသည်ကို ကြားသိသဖြင့် သွားရောက်ကာလုပ်အားပေးအဖြစ်ဝင်ရောက်လုပ်ကိုင်ပေးခြင်း၊သံဃာတော်များစီတန်းဆန္ဒပြချိန်တွင်လည်းဘေးဘီဝဲယာမှအခြားပြည်သူ၊ပြည်သားများနှင့်အတူလက်တွဲကာသံဃာတော်များကိုကာကွယ်ပေးခြင်း၊ဓါတ်ပုံ၊ှဗီဒီယိုများရိုက်ကူးပြီးအင်တာနက်မှတဆင့်မြန်မာ့အရေးကို ကမ္ဘာမှသိရှိစေရန်တတ်အားသရွေ့ လုပ်ဆောင်ခဲ့ပါသည်။ထို့ နောက် နအဖ စစ်အစိုးရမှ ဆန္ဒပြသံဃာနှင့်ပြည်သူများကို လက်နက်နှင့်အာဏာအားကိုးဖြင့် မတရား ပစ်ခတ်သတ်ဖြတ်ခြင်း၊ဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်ခြင်းများကြောင့် ပြည်တွင်း၌ခေတ္တရှေင်တိမ်းနေခဲ့ရသည်။ထိုမှတဆင့် ပြည်ပသို့ ထွက်ခွါပြီး ပြည်တွင်း၊ပြည်ပ နိုင်ငံရေးသမားများ အကြား လျှို့ဝှက်ကြားခံဆက်သွယ်ရေးလူ အဖြစ်ဆက်လက်ဆောင်ရွက်ခဲ့သည်။၂၀၀၈ ခုနှစ်တွင်ပြည်တွင်းသို့ တိတ်တဆိတ်ပြန်လည်ဝင်ရောက်ကာဧပြီလအတွင်း၌ဆန္ဒခံယူပွဲဆန့် ကျင်ရေးလှုံ့ ဆော်မှုများပြုလုပ်ခဲ့သည်။

0 comments:

Post a Comment