,
|

နအဖစစ်အစိုးရ၏ မြန်မာ ပြည်တွင်း မြင်ကွင်းကြေးမုံ

-နိုင်ငံတကာသတင်းဆိုသည်မှ China Central Television (CCTV)
ကိုဆိုလိုခြင်းဖြစ်သည်။

-စစ်သားများပင်ဖြစ်လင့်ကစား နိုင်ငံတော်အကြီးအကဲများ သည်
လယ်ယာလုပ်ငန်းမှအစ ပိဋိကတ်သုံးပုံး အဆုံး ကျွမ်းကျင်နှံ့စပ် ကြရာ
ဝိနည်းတော်နှင့်အညီ နေထိုင်နိုင်ရန် ရဟန်းများအားညွှန်ကြားနိုင်သည်။

-ကျောင်းအုပ် ဆရာမကြီး နှင့်ဆရာ၊ ဆရာမ များသည် ပညာရေး ၏အရးပါ ပုံကို
မသိကြချေ။ နိုင်ငံတော် အကြီး အကဲများက ရံခါ မလပ် ပညာရေး သည်အရေးကြီး သည်ဟု
ုမှာကြား ရသည် ဟူ၏။


-အခြားနိုင်ငံမှ မိမိထံလာပါက "ဂါဝရပြုတွေ့ဆုံ"ရန်လာခြင်းဖြစ်ပြီး
၊မိမိကသွားရသူဖြစ်ပါက "သွားရောက်တွေ့ဆုံ" ဟု သုံးစွဲ ရ သည်။

-သတင်းကြော်ငြာနေစဉ် နောက်မှလူတစ်ယောက်စ နှစ်ယောက်စ
မှအလုပ်ရှုပ်ဟန်ဆောင်ပြရသည်။ (ဥပမာ ကျောပေး၍ တောင် ခြစ်
မြောက်ခြစ်လုပ်နေရန်)

-နိုင်ငံခြား ဇာတ်လမ်းဆို သည်မှာ "တရုတ်" သို့မဟုတ် "ကိုရီးယား"
ဇာတ်လမ်းများကို ကိုဆိုလိုခြင်း ဖြစ်သည်။

-နိုင်ငံတော် အကြီးအကဲ များသည် "လိုအပ် သည်များ ကိုဖြည့်စွက် မှာကြား၍
ပြန်လည်ထွက်ခွာ" သွားသူများ သာဖြစ်ကြသည်။

-ပြည်သူလူထုဆိုသည် မှာ "အဖြူနှင့် အစိမ်း" သို့မဟုတ် "အဝါရောင် ဝမ်းဆက်"
သို့မဟုတ် "အပြာရောင် ဝမ်းဆက်" များသာ ဝတ် ဆင်ကြသည်။

-မြန်မာနိုင်ငံတော်သည် ကြီးမားလွန်းသဖြင့် နေ့မအားညမနား အနှစ်
်နှစ်ဆယ်နီးပါး တည်ဆောက်သော်လည်း "လမ်း၊တံတားများ ဆောက်၍မကုန်နိုင်။

-နိုင်ငံတော်၏အသုံးစရိတ် နှင့်ရသုံးမှန်းခြေငွေစာရင်း
သည်ပြည်သူများအားထုတ်ပြန်ရန်မလိုအပ်ချေ။ (ဝါ) အသိပေးရန်မလိုအပ်။
ယင်းသို့မထုတ်ပြန်သော်လည်း လမ်း၊တံတား၊ဆည်မြောင်းများဆောက်လုပ်ရာတွင်
်နိုင်ငံတော်မှစေတနာဖြင့် အကုန်အကျခံပေး နေရသည်။

-မည်သည့်အခါမှ အစိုးရနှင့်ပြည်သူ သဘောထားကွဲလွဲမှုများမရှိသော်လည်း
"ပြည်ပအားကိုးပုဆိန်ရိုး"ဆိုသည့်လူနည်းစု အတွက် မြန်မာ့အသံမှ
"စစ်မှန်သောမျိုးချစ်စိတ်ဓာတ်" ဆိုသည့်ဖွင့်ဆိုချက်ကို လွှင့်ထုတ်ပေးနေရသည်။

-နိုင်ငံတော်အကြီးအကဲများ ဘုရားကျောင်းကန်တက်ခြင်း သည် သတင်းထူးဖြစ်သည်။
အမြဲကြားရလေ့ရှိသည့်စကားလုံးများ"ဖွံ့ဖြိုးတိုး တက်လာခြင်း နှင့် အချိန်
နှင့်တပြေးညီ ဆောင်ရွက်ခြင်း

"အမြဲ မကြားရသောစကား လုံးများ" စီးပွားရေး ကျဆင်းခြင်း ၊ နှောင့်နှေး
ကြန့်ကြာ သွားခြင်း"

-မေးခွန်းနှင့် အဖြေ မှန်အောင် မဖြေ နိုင်ပါက ပြန်ကြားရေး ဝန်ကြီး
ဖြစ်နိုင်သည်။ (မှတ်ချက်။ ဥပဓိ ကောင်းရန်မလို။)


0 comments:

Post a Comment